ဥရောပတွင် တစ်ခေတ် ဆန်းခဲ့သည့် ဂိုးသွင်း ဘုရင်တစ်ဦး ၎င်း၏ ဘောလုံးသမား ဘ၀ကို ကျောခိုင်း စွန့်ခွာရန် ဆုံးဖြတ်သွားပြီ ဖြစ်သည်။
အသက်(၃၅)နှစ် အရွယ်တွင် ဘောလုံး ကစားခြင်းကို စွန့်ခွာပြီဟု မာလာဂါ တိုက်စစ်မှူးကြီး ရုဒ်ဗန်နစ္စတယ်ရွိုင်းက ကြေညာသည်။ ဒတ်ခ်ျ လက်ရွေးစင်ဟောင်း ဂိုးသွင်းစက်သည် ဂျာမန်ကလပ် ဟမ်းဘာ့ဂ်မှ စပိန်တောင်ပိုင်း ဒေသရှိ မာလာဂါသို့ ပြီးခဲ့သည့် နွေရာသီက ပြောင်းရွှေ့ လာခဲ့သည်။ နစ္စတယ်ရွိုင်းသည် မာလာဂါအတွက် (၁)ရာသီသာ ကစားပေးပြီးနောက် ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘ၀ကို စွန့်ခွာရန် ရွေးချယ်ခဲ့သည်။ ၎င်းသည် မာလာဂါတွင် ထင်သလောက် ခြေစွမ်း မပြနိုင်ခဲ့ဘဲ (၃၂)ပွဲကစားကာ (၅)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ဘောလုံးသမားဘ၀ကို ကျောခိုင်းလိုက်သည့် နစ္စတယ်ရွိုင်း
နစ္စတယ်ရွိုင်းသည် တနင်္လာနေ့က သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ပြီးနောက် "တနင်္ဂနွေနေ့က ကျွန်တော် ကစားတဲ့ ပွဲဟာ ကျွန်တော့် ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ နောက်ဆုံး ပွဲစဉ်ပါပဲ။ ကျွန်တော် ချန်ပီယံ လိဂ်မှာ ကစားချင်တယ်။ ဒါပေမဲ့ ခုအချိန်အခါက ဘောလုံးကို ကျောခိုင်းဖို့ ရွေးချယ်စရာ ဖြစ်လာပါပြီ။ ကျွန်တော့် ရုပ်ပိုင်းက လိုက်နိုင်စွမ်း ရှိသမျှ ကျွန်တော် ကစားပြီးပြီ။ ခုတော့ ကန့်သတ်ချက်က ကုန်လွန် သွားပါပြီ။ ကျွန်တော် ဒီဆုံးဖြတ်ချက်ကို ပျော်ပျော်ရွှင်ရွှင်ပဲ ချမှတ်ခဲ့ပါတယ်။ မာလာဂါ အသင်းကိုလည်း ကျေးဇူး တင်ပါတယ်" ဟု ပြောကြားသွားသည်။
နစ္စတယ်ရွိုင်းသည် မာလာဂါနှင့် အတူ ချန်ပီယံလိဂ် ၀င်ခွင့်အတွက် ကြိုးပမ်းမှု အောင်မြင်ခဲ့သော်လည်း စာချုပ်သက်တမ်း လက်ကျန် နောက်တစ်နှစ်ကို ဆက်မကစားရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းသည် PSVအင်ဒိုဗန်၊ မန်ချက်စတာ ယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ် အသင်းများတွင် အကောင်းဆုံး ခြေစွမ်းများကို ပြသကာ ဥရောပ၏ အန္တရာယ် အပေးနိုင်ဆုံး တိုက်စစ်မှူး တစ်ဦးအဖြစ် ရပ်တည်ပြခဲ့ဖူးသည်။
Ref: Daily Mail
ကျွန်တော့် ရုပ်ပိုင်းက လိုက်နိုင်စွမ်း ရှိသမျှ ကျွန်တော် ကစားပြီးပြီ။ ခုတော့ ကန့်သတ်ချက်က ကုန်လွန် သွားပါပြီ...
6:15 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com