22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 4, 2012

နိုင်ငံတကာနဲ့ ချိတ်ဆက်မယ့် ငွေကြေးဈေးကွက် ဖွင့်လှစ်မယ်

မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ များလာအောင် ကြိုးပမ်းဖို့အတွက် လာမယ့် ၂ဝ၁၅ ခုနှစ်မှာ နိုင်ငံတကာနဲ့ ချိတ်ဆက်မယ့် ငွေကြေးဈေးကွက် ဖွင့်လှစ်မယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံက တိုကျို စတော့ဈေးကွက် နဲ့ ဒိုင်ဝါး ကုမ္ပဏီရဲ့ အဆိုအရ မြန်မာအစိုးရ ဗဟိုဘဏ်နဲ့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးဖို့ သဘောတူညီချက် ရထားပြီးပြီလို့ ဆိုပါတယ်။

ADB အာရှ ဖွံ့ဖြိုးရေးဘဏ်ကလည်း မြန်မာနိုင်ငံက အပြောင်းအလဲတွေရဲ့
နောက်ဆက်တွဲ အနေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေ လာရောက် လည်ပတ်တာ ပိုများလာသလို၊ စီးပွားရေးအရ မြန်မာနိုင်ငံဟာ အနာဂတ် အလားအလာ ကောင်းတာမို့ တိုးတက်မှုနှုန်း မြန်လာဖွယ် ရှိတယ်လို့ ပြောထားပါတယ်။

၂ဝ၁၅ ခုနှစ်မှာ စတင် ဖွင့်လှစ်မယ့် စတော့ရှယ်ယာ ဈေးကွက်ဟာ
မြန်မာနိုင်ငံ သမိုင်းမှာ ပထမဆုံးအကြိမ်လို့ ဆိုနိုင်ပါတယ်။ ၁၉၉၆ ခုနှစ်က ဒိုင်ဝါး စတော့ရှယ်ယာ ကုမ္ပဏီဟာ ရန်ကုန်မြို့မှာ စတော့ဈေးကွက် အသေးစားတခုကို စမ်းသပ် ဖွင့်လှစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်တွေ့ လုပ်ငန်း ဆောင်ရွက်ရာမှာ အကန့်အသတ်တွေ များတာကြောင့် ရပ်နားခဲ့တာ ဖြစ်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )