ရီးယဲလ်မက်ဒရစ် အသင်းအတွက် ရယူ ပေးနိုင်ခဲ့သည့် စပိန် လာလီဂါ ချန်ပီယံ ဘွဲ့သည် မိမိ ပိုင်ဆိုင် ဖူးသမျှ အခက်ခဲဆုံး ရုန်းကန် ကြိုးစားရသည့် အောင်မြင်မှုဟု ဟိုဆေး မော်ရင်ဟိုက ဖွင့်ဟခဲ့သည်။
အသက်(၄၉)နှစ်ရှိ ပေါ်တူဂီ နည်းပြသည် ယခုအခါ မတူညီသော နိုင်ငံ(၄)ခု၏ အမှတ်ပေး ချန်ပီယံ ဆုများကို အသင်း(၄)သင်းနှင့် အတူ ရရှိခဲ့ပြီး ဖြစ်သည်။ မော်ရင်ဟိုသည် ပေါ်တိုနှင့် အတူ ပေါ်တူဂီ ချန်ပီယံဘွဲ့၊ ချယ်လ်ဆီးနှင့် အတူ အင်္ဂလန် ချန်ပီယံဘွဲ့၊ အင်တာမီလန်နှင့် အတူ အီတလီ ချန်ပီယံ ဘွဲ့များကို ဆွတ်ခူး နိုင်ခဲ့ဖူးသည်။ သို့သော်လည်း ဘာစီလိုနာ ကဲ့သို့ မဟာ ပြိုင်ဘက်ကြီးကို အားပြိုင်ကာ ရယူခဲ့ရသည့် လာလီဂါ ဆုဖလားသည် မိမိအတွက် အခက်ဆုံး အောင်မြင်မှု အဖြစ် မော်ရင်ဟိုက ၀န်ခံ ပြောကြားလိုက်သည်။ ရီးယဲလ်သည် ဆမ်မာမက်စ်တွင် အက်သလက်တီကို ဘီလ်ဘာအိုအား (၃-၀)ဖြင့် အနိုင်ရပြီးနောက် ရာသီ မကုန်မီ ချန်ပီယံ ဖြစ်လာခဲ့သည်။
အောင်ပွဲခံနေသည့် မော်ရင်ဟိုနှင့် အသင်းသားများ
(၂၀၀၈)ခုနှစ်နောက်ပိုင်း ရီးယဲလ်အတွက် ပထမဆုံး ဖြစ်သော လာလီဂါဆုကို ရယူပေးခဲ့သည့် မော်ရင်ဟိုက “ကျွန်တော် ပေါ်တူဂီ၊ အီတလီနဲ့ အင်္ဂလန်မှာ ချန်ပီယံ ဆုတွေ ရယူခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီတစ်ခါကတော့ အခက်ခဲဆုံးပဲ။ ကျွန်တော်ဟာ အမှတ်ပေး ချန်ပီယံ ဆုတွေကို (၇)ခါ ရယူ ဖူးပါတယ်။ ဒီခံစားချက် ဘာလဲဆိုတာ ကျွန်တော် သိတယ်။ ဘာစီလိုနာဟာ သူတို့ကစားတဲ့ ပွဲတိုင်းကို အနိုင် ယူနိုင်စွမ်း ရှိနေတယ်။ ရလဒ်အနေနဲ့ သူတို့ဟာ ခမ်းနားလွန်းတဲ့ ပြိုင်ဘက်အသင်း ဖြစ်လာတာပါပဲ။ နောက်ဆုံး အချိန်တွေထိ ဘာစီလိုနာဟာ နိုင်ပွဲတွေနဲ့ ယဉ်ပါးနေတဲ့ အသင်းမျိုးပါ။ ကြီးကျယ်တဲ့ အစဉ်အလာ ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဘာစီလိုနာကို ကျော်ပြီး ကျွန်တော်တို့ဟာ ဒီဆုကို ထိုက်ထိုက်တန်တန် ရခဲ့တာ ဖြစ်ပါတယ်” ဟု Real Madrid TV သို့ ပြောကြားခဲ့သည်။
ကျွန်တော် ပေါ်တူဂီ၊ အီတလီနဲ့ အင်္ဂလန်မှာ ချန်ပီယံ ဆုတွေ ရယူခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီတစ်ခါကတော့ အခက်ခဲဆုံးပဲ...
မော်ရင်ဟိုက ဂရန်နာဒါနှင့် ကစားသော ပွဲစဉ်မတိုင်မီ မက်ဒရစ်မြို့တော်ရှိ စီဘီလက်စ် ရေပန်းရှေ့တွင် ရီးယဲလ်အသင်း ချန်ပီယံဆု အတွက် အောင်ပွဲ ခံမည်ဟုလည်း ဆိုသည်။ “ဒီဆုအတွက် ကျွန်တော်တို့ အောင်ပွဲ ခံပါမယ်။ ဒါပေမဲ့ မနက်ဖြန်တွေ အတွက် ကျွန်တော်တို့ ဆက်ပြီး ကြိုးစားနေရဦးမှာပါ။ လာမယ့်ရာသီဟာ ခက်ထန် ကြမ်းတမ်း နေလိမ့်မယ်။ ရီးယဲလ်ဟာ ကိုယ့်ဦးတည်ချက် အတွက် အကောင်းဆုံး ဆက်ကစားသွားရပါမယ်” ဟု မော်ရင်ဟိုက ပြောဆိုသွားသည်။
Ref: Daily Mail
10:36 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com