22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, May 10, 2012

မူးယစ်ရာဇာ နော်ခမ်းအဖွဲ့နှင့် အဆက်အသွယ် မရှိဟု ဗိုလ်နှုတ်ခမ်းမွေးဆို

မြဝတီ ၊ မေ ၁၀

ထိုင်း- မြန်မာ- လာအို နယ်စပ်တွင် ထိုင်းအစိုးရက မူးယစ်ရာဇာအဖွဲ့အဖြစ် သတ်မှတ်ပြီး ဖမ်းဝရမ်း ထုတ်ထားသော နော်ခမ်းအဖွဲ့နှင့် ကလို့ထူးဘော တပ်ဖွဲ့ (ယခင် ဒီကေဘီအေ) မှာ အဆက်အသွယ် လုံးဝ မရှိကြောင်း ဗိုလ်ချုပ် စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေးက ပြောကြားသည်။

ထိုင်းနိုင်ငံ အစိုးရမှ မူးယစ်ရာဇာအဖြစ် အလိုရှိနေသော ၂၅ ယောက်တွင် မြန်မာနိုင်ငံသား နော်ခမ်း (ရွှေတြိဂံ ဒေသ)၊ ဗိုလ်ချုပ် စောလားပွယ် (ကလို့ထူးဘောတပ်) နှင့် ယီဆေး (တာချီလိတ် နမ့်ပုံ ပြည်သူ့စစ် ခေါင်းဆောင်) တို့ ပါဝင်နေခြင်း အတွက် မတ်လ ၁၀ နေ့တွင် မြဝတီ မြို့နယ် ဆုံဆည်းမြိုင် ကျေးရွာ၊ ကော်သူးမွဲခီး စခန်း၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် The Voice Weekly ၏ မေးမြန်းမှုကို ဗိုလ်ချုပ် စောလားပွယ်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကလို့ထူးဘော တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စန်းအောင်ကလည်း “နော်ခမ်းကို မြင်တောင် မမြင်ဖူးဘူး။ ထိုင်းရုပ်သံမှာ ပါလာမှပဲ တွေ့ဖူးတာ” ဟု The Voice Weekly သို့ ပြောကြားသည်။

နာမည်ကျော် မူးယစ်ရာဇာအဖြစ် ထိုင်းအစိုးရက သတ်မှတ်ကာ နာမည်ကျော်ကြား နေသော နော်ခမ်းမှာ ရွှေတြိဂံ နယ်မြေတွင် ဖမ်းဆီးခံရသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးချေ။

ဗိုလ်ချုပ် စောလားပွယ် ကိုလည်း ထိုင်းနိုင်ငံသို့ လာရောက် အစစ်ဆေးခံရန် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ချလိမ့်ယူဘမ်းရုန်း က တရားဝင် သတင်းထုတ်ပြန် ခဲ့သည်။

ဗိုလ်ချုပ် စောလားပွယ် ကမူ “ကျွန်တော်ဟာ မြန်မာနိုင်ငံသား ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲကို သွားပြီး အစစ်ဆေးခံဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့နဲ့ ပတ်သက်တဲ့အဖွဲ့ (DEA) ရှိပါတယ်။ ထိုင်းနိုင်ငံက DEA နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ နိုင်ငံမှာ တွေ့ဆုံ မေးမြန်းမယ် ဆိုရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်” ဟု ပြောကြားသည်။

ကလို့ထူးဘော အဖွဲ့အစည်း အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ခဲ့သည်ကို စစ်ဆေး တွေ့ရှိပါက မည်သည့် တရားခုံရုံး မဆို ရဲရဲကြီး တက်ရောက် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာတွင် လက်နက် ဝယ်ယူမှုများအတွက် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် ဆက်နွယ် ပတ်သက်မှုများ ရှိနေသည့် အတွက် ကလို့ထူးဘော တပ်ဖွဲ့အနေဖြင့် ထိုင်းနိုင်ငံမှ လက်နက်ဝယ်မှုများ ရှိနေခြင်း ကြောင့်လားဟု The Voice Weekly က မေးမြန်းရာတွင် “ ဒီမေးခွန်းနဲ့ ပတ်သက်လို့ ကတော့ မဖြေနိုင်ပါဘူး” ဟု ဗိုလ်ချုပ် စောလားပွယ် ကိုယ်စား ဗိုလ်မှူးကြီး စန်းအောင်က ကြားဝင် ဖြေကြားခဲ့သည်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ် အနေဖြင့် ဗိုလ်ချုပ် စောလားပွယ် အပေါ် မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက် နစ်နာမှုများ အတွက် တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ကြောင်း ကလို့ထူးဘော ဗဟိုဌာနချုပ်က သတင်းထုတ်ပြန် လိုက်သည်။

The Voice Weekly
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )