22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, May 20, 2012

တာကာ သန်း ၉၀ ဖိုးရှိ မြန်မာမှ တင်သွင်းသော ယာဘားဆေးပြားများ ဘင်္ဂလာ၌ ဖမ်းဆီးမိ

အရေအတွက် အားဖြင့် ပမာဏ အများဆုံး ဖြစ်သော တာကာ သန်း ၉၀ ဖိုးရှိ ယာဘာဆေးပြားများကို ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များက နိုင်ငံ၏ ဒုတိယ မြို့တော် စစ်တကောင်းတွင် သောကြာနေ့က ဖမ်းဆီးလိုက်သည်။
ဘင်္ဂလာဒေခ်ျ့မှ RAB ခေါ် အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့
ဘင်္ဂလာဒေခ်ျ့မှ RAB ခေါ် အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့

" ဒီ ယာဘားဆေးပြားတွေကို မြန်မာနိုင်ငံက တင်သွင်းလာတဲ့ ဇီးတော်ဖီအိတ်တွေထဲမှာ သိုဝှက်ယူလာ ပါတယ်။ ကျွန်တော်တို့က စစ်တကောင်း ဆိပ်ကမ်းကနေ တင်ယူလာတဲ့ ကားကို ရပ်တန့် စစ်ဆေးတဲ့ အခါ ယာဘားဆေးပြား ၂၇၀၀၀၀ ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်" ဟု အထူး မူခင်း နှိမ်နှင်းရေး တပ်ဖွဲ့ ( Rapid Action Battalion) သတင်းထုတ်ပြန်ရေး တာဝန်ခံ မေဂျာ အမ်းဆောဟေ ပြောသည်။

ဖမ်းဆီးမိသော ယာဘားဆေးပြားမှာ ဘင်္ဂလာဒေခ်ျ့ သမိုင်းတွင် အရေအတွက်အများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ပြီး တန်ဖိုးအားဖြင့် တာကာ သန်း ၉၀ ဖိုး (မြန်မာကျပ်ငွေနှင့် ဆိုလျှင် သန်း ၉၀၀ ဖိုးခန့်) ရှိသည်ဟု သူက ပြောသည်။

ဆေးပြားများနှင့် အတူ ဘင်္ဂလာဒေခ်ျ့မှ မူးယစ်ရာဇာ တစ်ဦး အပါအ၀င် တခြား လူ ၃ ဦးကို ဖမ်းဆီးရမိ ကြောင်း သူကဆက်ပြောသည်။

" ကျွန်တော်တို့ အလိုရှိနေတဲ့ မူးယစ် ရာဇာ တစ်ဦးနဲ့ အတူ လူသုံးဦးကို ဖမ်းမိပါတယ်။ သူတို့က ဒီဆေးပြားတွေကို မော်တော်ဘုတ်တွေနဲ့ အတူ ကြာသပတေး ညနေကတည်းက စစ်တကောင်း ဆိပ်ကမ်းက တင်ယူလာပါတယ်။ ကျွန်တော်တို့ သူတို့ တင်ယူလာတဲ့ ဇီးတော်ဖီ အိတ်တွေကို ညလုံးပေါက် ရှာဖွေရာမှာ ခုလို ရှာဖွေ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

၎င်းယာဘားဆေးပြားကို စစ်တကောင်း အခြေစိုက် အထူးမူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ အမှတ် (၇) နှင့် အမှတ် (၁) ပူးပေါင်း ဖမ်းဆီးမိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ တင်သွင်းသော ယာဘားများကို နည်းမျိုးစုံဖြင့် ဘင်္ဂလာဒေခ်ျ့သို့ တင်သွင်းနေကြရာ ယခုကဲ့သို့ တရားဝင် တင်သွင်းခွင့်ရထားသည့် ဇီးတော်ဖီအိတ်များထဲတွင် သိုဝှက် ယူဆောင်လာသည်ကို ဖမ်းမိသည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။

ယခုကဲ့သို့ ဖမ်းဆီးရမိသဖြင့် မြန်မာနိုင်ငံမှ တရားဝင် တင်သွင်းလာသော ကုန်ပစ္စည်းများ အပေါ် ယခင်ကထက် ရှာဖွေမူများနှင့် ကန့်သတ်ချက်များ တိုးများလာနိုင်ကြောင်း နယ်စပ်နေ ကုန်သည်များက ပြောသည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )