22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

မိမိတို့အား မန်ယူ ရှုံးရခြင်းသည် သရေသာ မျှော်လင့်ခဲ့သည့် နည်းဗျူဟာကြောင့်ဟု မန်စီနီ ဝေဖန်

မန်ချက်စတာ စီးတီး အသင်း၏ မန်နေဂျာ ရောဘတ်တို မန်စီနီက ဒါဘီပွဲတွင် မန်ချက်စတာ ယူနိုက်တက် အသင်း အရေး နိမ့်ခဲ့ခြင်းသည် ၎င်းတို့၏ နည်းစနစ်ပိုင်းကြောင့်သာ ဖြစ်ကြောင်း ဝေဖန်လိုက်သည်။

အီတလီသား မန်နေဂျာကြီးက မန်ယူသည် ပွဲကို အနိုင်ထက် သရေ ရလဒ်ကို ဦးတည်သော နည်းဗျူဟာမျိုးဖြင့် ချဉ်းကပ်ခဲ့ကြောင်း စွပ်စွဲသွားသည်။ မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ကွင်းလယ်ကို အားပြုကာ မန်စီးတီးအား အစ်တီဟတ်တွင် တုံ့ပြန်ခဲ့သော်လည်း ပထမပိုင်း နာကျင်အပို ဆောင်းချိန်၌ ဗင်းဆင့် ကွမ်ပနီ သွင်းယူသော ဂိုးကြောင့် အရေး နိမ့်ခဲ့ရသည်။ မန်ယူသည် ထိုပွဲတွင် မန်စီးတီး ဂိုးပေါက်ကို ထိထိရောက်ရောက် တစ်ကြိမ်မှ မခြိမ်းခြောက် နိုင်ခဲ့ချေ။ ယခုပွဲ အနိုင်ကြောင့် မန်စီးတီးသည် အမှတ်ပေး ဇယားကို ဂိုးကွာခြားချက် အသာဖြင့် ဦးဆောင် လာနိုင်ခဲ့သည်။
မန်ယူရဲ့ နည်းဗျူဟာကို ဝေဖန်လိုက်သည့် မန်စီနီ

မန်စီနီက “ဒီပွဲမှာ အဓိက ကွာခြားတာ တစ်ချက်ရှိတယ်။ ကျွန်တော်တို့က နိုင်ပွဲအတွက် ကစားခဲ့တယ်။ မန်ယူက သရေအတွက် ကစားတာပါ။ ဒါက လုံးဝ ခြားနားပါတယ်။ ကျွန်တော်တို့ အနိုင် ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အသင်းဟာ တိုက်စစ်မဆင်ဘဲ တစ်ချိန်လုံး ဘောလုံးနောက်မှာ ပိတ်ကာ ထားတာကြောင့် တော်တော်တော့ ကစားရခက်တယ်။ ဘယ်မန်နေဂျာ မဆို ခုလို အနေအထားမှာတော့ ပိတ်ဆို့ပြီး သရေခံ ကစားမှာကိုတော့ နားလည်ပါတယ်။ သရေရရင် ချန်ပီယံလုပွဲက ပြီးသွားပြီမှန်း သူတို့ သိတာကိုး” ဟု ပြောဆို သွားခဲ့သည်။
Ref: The Sun
ဒီပွဲမှာ အဓိက ကွာခြားတာ တစ်ချက်ရှိတယ်။ ကျွန်တော်တို့က နိုင်ပွဲအတွက် ကစားခဲ့တယ်။ မန်ယူက သရေအတွက် ကစားတာပါ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )