22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, May 2, 2012

မန်စီးတီး အတွက် ရပ်တည်မှု အသာစီး ပြန်ရစေသည့် မန်ချက်စတာ ဒါဘီ ~ မန်ချက်စတာ စီးတီး ၁ - ၀ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ဒါဘီ ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်မှုတွင် အိမ်ရှင် မန်ချက်စတာ စီးတီးက မန်ချက်စတာ ယူနိုက်တက်အား (၁-၀)ဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည် ရယူနိုင်ခဲ့သည်။

မန်စီးတီးတွင် ဆာဂျီယို အဂူရို၊ ကားလို့စ် တီဗက်ဇ်၊ ဆမ်မီနာဆရီ၊ ဒေးဗစ်ဆေးလ်ဗား၊ ယာယာတိုရေး၊ ဂါရတ်သ်ဘယ်ရီ၊ ဗင်းဆင့်ကွမ်ပနီ၊ ဂျိုလီယန် လက်စ်ကော့တ်၊ ဂေးလ်ကလစ်ချီ၊ ပက်ဘလို ဇာဘလက်တာ၊ ဂျိုးဟတ်တို့ ပွဲထွက် ခဲ့ကြသည်။ မန်ယူအသင်းမှာမူ ကစားကွက်ကို (၄-၅-၁)ပုံစံသို့ ပြောင်းလဲ ခင်းကျင်းခဲ့ပြီး ၀ိန်းရွန်နီ၊ ပါ့ခ်ဂျီဆန်၊ ရိုင်ယန်ဂစ်၊ လူးဝစ်နာနီ၊ ပေါလ်စခိုးလ်၊ မိုက်ကယ်ကာရစ်၊ ရီယိုဖာဒီနန်၊ ခရစ်စမောလင်း၊ ဖီးလ်ဂျုံးစ်၊ ပက်ထရစ် အီဗရာနှင့် ဒေးဗစ်ဒီဂီယာတို့ ပါဝင် ကစားသွားကြသည်။

ပွဲအစပိုင်း (၁၀)မိနစ်ခန့်ထိ မန်ယူအနေဖြင့် မန်စီးတီးအား တိုက်စစ်ဆင် ကစားခဲ့သော်လည်း နောက်ပိုင်းတွင် အိမ်ရှင်အသင်းက ခြေစွမ်း ပိုမို အသာစီး ရလာသည်။ (၂)မိနစ်တွင် မန်ယူကွင်းလယ်လူ ကာရစ်၏ ဂိုးရရန် အားထုတ်မှု မန်စီးတီး အသင်းခေါင်းဆောင် ကွမ်ပနီ၏ လက်မောင်းကို ထိခဲ့သော်လည်း ဒိုင်လူကြီး အန်ဒရီ မာရီနာက ပွဲကို ဆက်ကစားစေရန် ဆုံးဖြတ်ခဲ့သည်။ (၁၆)မိနစ်တွင် နာဆရီ ပေးပို့သည်ကို တီဗက်ဇ် ခေါင်းတိုက် ချပေးသည့် ဘောလုံးအား အဂူရို ကန်သွင်းသော်လည်း ဂျုံးစ်က ပိတ်ဆို့ ကာကွယ် နိုင်ခဲ့သည်။ (၂၅)မိနစ်တွင် မန်ယူအသင်း ရှင်းထုတ်နိုင်ခြင်း မရှိသည့် ဘောလုံးအား အဂူရို Volley လှမ်းကန်သော်လည်း ဂိုးပေါက် လွဲခဲ့သည်။ မိနစ်(၄၀)တွင် မန်ယူထံမှ ဆုံးရှုံးခဲ့သည့် ဘောလုံးကို အဂူရို ဆွဲယူလာပြီး ပြိုင်ဘက် နောက်တန်းကို ကျော်ဖြတ်ကာ လှမ်းကန်သော်လည်း မန်ယူ ခံစစ်သမားများ ပိတ်ဆို့နိုင်ခဲ့သည်။ (၄၂)မိနစ်တွင် နာနီလှိမ့်ပေးသော ဘောလုံးကို Marking လွတ်နေသည့် မန်ယူ ကွင်းလယ်လူ ပါ့ခ်က ပြေးကန်သော်လည်း ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ ပထမပိုင်း ပြီးဆုံးခါနီး နာကျင်အချိန်ပို (၁)မိနစ်တွင် မန်စီးတီးတို့ ဂိုးရသွားသည်။ ဆေးလ်ဗား ကန်တင်ပေးလိုက်သော ထောင့်ကန်ဘောက စမောလင်းကိုကျော်ကာ ကျလာစဉ် ကွမ်ပနီက ခေါင်းတိုက် သွင်းယူ သွားခြင်းဖြစ်ကာ ပထမပိုင်း အပြီးတွင် အိမ်ရှင်တို့ (၁)ဂိုးအသာဖြင့် ဦးဆောင်ခဲ့သည်။
ဂိုးသွင်းအပြီး အောင်ပွဲခံနေသည့် ကွမ်ပနီ

ဒုတိယပိုင်း တွင်လည်း မန်စီးတီးက ကစားကွက် အသာရမှုကို ထိန်းသိမ်းကာ မန်ယူကို ဖိအားပေး နိုင်ခဲ့သည်။ (၅၈)မိနစ်တွင် ဆေးလ်ဗား ဖြတ်တင်သည့် ဘောလုံးကို အီဗရာ ခေါင်းတိုက် ရှင်းထုတ်သော်လည်း နာဆရီထံ ရောက်သွားပြီး ၎င်းလှမ်းကန်ရာ ဂိုးပေါက် ကပ်လွဲခဲ့သည်။ (၇၇)မိနစ်တွင် လူစားဝင် ကစားသမား နှစ်ဦးဖြစ်သည့် နီဂယ်လ် ဒီဂျောင်နှင့် ဒန်နီဝဲလ်ဘက်ခ်တို့ ရင်ဆိုင်တွေ့ရာ မန်စီးတီး ကွင်းလယ်လူ ဒီဂျောင်၏ ကြမ်းတမ်းသော ဖျက်ထုတ်မှုကြောင့် နှစ်ဖက်အသင်း မန်နေဂျာများ စကားများ ခဲ့သည်ကို တွေ့ရသည်။ (၈၁)မိနစ်တွင် တိုရေး ဘောလုံး ဆွဲယူလာပြီး ကိုက်(၂၀)မျှ အကွာမှ ကန်သွင်းရန် အားထုတ်မှု ဂိုးပေါက် လွဲပြန်သည်။ (၈၈)မိနစ်တွင် ဇာဘလက်တာ ဖြတ်ပို့သည့် ဘောလုံးကို အဂူရို လွဲချော် သွားသော်လည်း ကလစ်ချီထံ ရောက်သွားပြီး ၎င်းလှမ်းကန်ရာ ဂိုးသမား ဒီဂီယာ ပုတ်ထုတ် ခဲ့ရသည်။ ပွဲပြီးခါနီးတွင် တက်ဖိနေသည့် မန်ယူထံမှ ဆုံးရှုံးသော ဘောလုံးကို အဂူရို ဆွဲယူလာပြီး ဂိုးသွင်းရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ဘဲ ပွဲအပြီးတွင် မန်စီးတီးက (၁-၀)ဖြင့်သာ အနိုင်ရခဲ့သည်။

ထိုရလဒ်ကြောင့် မန်ချက်စတာ စီးတီး အသင်းသည် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေး ဇယား ထိပ်ဆုံးသို့ ပြန်လည် တက်ရောက်နိုင်ခဲ့သည်။ ၎င်းတို့ နှစ်သင်းသည် ဘောလုံးရာသီ မကုန်ဆုံးမီတွင် ပွဲစဉ် (၂)ပွဲစီသာ ကစားရန် ကျန်ရှိတော့ပြီး မန်ချက်စတာ စီးတီး အသင်းက နယူးကာဆယ်နှင့် အဝေးကွင်း၊ ကျူပီအာနှင့် အိမ်ကွင်းတို့တွင် ဆက်ကစားရမည် ဖြစ်သည်။ မန်ချက်စတာ ယူနိုက်ကတ် အသင်းမှာမူ ဆွမ်ဆီးနှင့် အိမ်ကွင်း၊ ဆန်ဒါးလန်းနှင့် အဝေးကွင်းတို့တွင် ကစားရန် ကျန်ရှိနေကြောင်း တွေ့ရသည်။

ထိုရလဒ်ကြောင့် မန်ချက်စတာ စီးတီး အသင်းသည် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေး ဇယား ထိပ်ဆုံးသို့ ပြန်လည် တက်ရောက်နိုင်ခဲ့...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )