
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က အာဖရိကတိုက်ရှိ ဆာဟာရ ဒေသမှာ ပျက်ကျသွားခဲ့တဲ့ ဗြိတိသျှ တိုက်လေယာဉ် တစင်းကို ပြန်တွေ့ပါပြီ။

၁၉၄၂ ခုနှစ်၊ ဇွန်လက အသက် ၂၄ နှစ်ရှိ ဒင်းနစ်ကော်ပင်မောင်နှင်လာတဲ့ Kitty Hawk P-40 အမျိုးအစား တိုက်လေ ၏ယာဉ် ပစ်ချခံခဲ့ရတာပါ တဲ့။
ပိုလန်ရေနံရှာဖွေရေး လုပ်သားက မမျှော်လင့်ဘဲ တွေ့တာဖြစ်ပြီး ထူးခြားစွာပဲ လေယာဉ် အစိတ်အပိုင်းအားလုံးနီးပါး မပျောက်မပျက် ပြန်လည်တွေ့ရှိလိုက်တာပါ တဲ့။

အထောက် အထားများအရ လေယာဉ်မှူးဟာ ထိုစဉ်က အသက်မသေဘဲ လေထီးကို အမိုးအကာအဖြစ် အသုံးပြုသွားတာတွေ ရှိပြီး တနေရာကို ထွက်သွားရင်း သေဆုံးသွားဖွယ်ရှိတယ်လို့ ယူဆရပါတယ် တဲ့။ လေယာဉ်မှူးကို ရှာဖွေဖို့အတွက်လည်း စီမံဆောင်ရွက်နေကြပါပြီလို့ ဆိုပါတယ်။

ဒီလေယာဉ်ကို အခုအခါ လန်ဒန်မြောက်ပိုင်းက တော်ဝင်လေတပ် ပြတိုက်မှာ ပြသထားလိုက်ပါပြီ။
မကြာသေးခင်ကပဲ ဗြိတိန် ၀န်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာလည်း ဒုတိယ ကမ္ဘာစစ်က ၀ှက်ထားခဲ့တဲ့ ဗြိတိန်တိုက် လေယာဉ် အစင်း ၂၀ ကိစ္စ ပြန်လည်ရှာဖွေ ဖော်ထုတ်ရေး သဘောတူခဲ့ပါသေးတယ်။ လေယာဉ်ရှာဖွေရေး နောက်ဆက်တွဲသတင်းတွေတော့ ထွက်ပေါ်မလာသေးပါဘူး။






7:23 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com