22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, May 4, 2012

CNF ငြိမ်းအဖွဲ့ ချင်းပြည်သူတွေနဲ့တွေ့ဆုံဆွေးနွေး

ချင်းပြည်နယ်အစိုးရ နဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် အရ ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ ဆက်ဆံရေးရုံးထားရှိမယ့် ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ ဘုံတလာ ခန်းမဆောင်မှာ ဒေသခံ လူထု သုံးထောင်လောက် နဲ့ ပထမဦးဆုံးအကြိမ်
တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်းဆောင်
ဒေါက်တာရွှေခါး က တက်ရောက် လာကြတဲ့ ပြည်သူတွေ ကို အစိုးရ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့
ပါတယ်။

ဒီလို အစိုးရ နှင့် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာလည်း ချင်းအမျိုးသား
တပ်ဦးရဲ့ ရပ်တည်ချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု
တည်ဆောက်ရေး နဲ့ ဒီမိုကရေစီထွန်းကားရေး ဆိုတဲ့ အချက် (၃) ချက်ကို ကိုင်စွဲပြီး ဆွေးနွေးနေတာ ဖြစ်တယ်လို့လည်း ဒေါက်တာရွှေခါး က ပြည်သူလူထု ကို ပြောဆိုပါတယ်။

မတူပီမြို့နယ်ဟာ CNF ဆက်ဆံရေးရုံးတွေထားရှိမယ့် မြို့နယ် (၃) ခုထဲက တစ်နေရာဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင် (၁၇) ဦးတို့ဟာ မေလ (၇) ရက် နဲ့ (၈) ရက် နေ့ မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။
RFA Burmese
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )