22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

လက်ရွေးစင် အသင်းကြီးအား အနိုင် ကစားမည်ဟု ယူ-၂၂ ကစားသမားများ ကတိပြု

ဇွန်လ ၉ရက်နေ့ ညနေ ၃နာရီခွဲတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားမည့် မြန်မာ့ လက်ရွေးစင် ပဏာမ အသင်းနှင့် ပွဲစဉ်တွင် လက်ရွေးစင် အသင်းကြီးအား အနိုင် ကစားမည်ဟု ယူ-၂၂ ကစားသမား များက ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌထံ ကတိပြု ပြောကြား ခဲ့ကြသည်။

ဇွန်လ ၅ရက်နေ့က ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ကစားသမားများ တွေ့ဆုံစဉ်က ဥက္ကဋ္ဌ ဦးဇော်ဇော်က လက်ရွေးစင် အသင်းကြီးအား အနိုင်ရရှိအောင် ကြိုးစား ကစားမည်လောဟု မေးမြန်းခဲ့ရာ ကစားသမား များက အနိုင်ရအောင် ကြိုးပမ်းမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။ ယူ-၂၂ အသင်းတွင် ကျော်ကိုကို၊ ကြည်လင်း၊ ရန်အောင်ဝင်း၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်း အစရှိသည့် လက်ရွေးစင် အဆင့် ကစားသမားများ ပါဝင်နေကာ အတွေ့အကြုံ အတန်အသင့် ရှိထားပြီး ဖြစ်သည့် လူငယ်များဖြင့် စုဖွဲ့ ထားသည့် အသင်းဖြစ်သည်။ ကိုရီးယား နည်းပြ ပတ်ဆောင်ဟွာ ကိုင်တွယ်နေသည့် အသင်းသည် တောင်ကိုရီးယားတွင် ၃ပတ်ကြာခန့် လေ့ကျင့်မှုများနှင့် ခြေစမ်းပွဲများ သွားရောက်ခဲ့ရာ လက်ရွေးစင် အသင်းကြီးနှင့် သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ဖွယ် ရှိနေသည်။

ယူ-၂၂ အသင်းတွင် ကျော်ကိုကို၊ ကြည်လင်း၊ ရန်အောင်ဝင်း၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်း အစရှိသည့် လက်ရွေးစင် အဆင့် ကစားသမားများ ပါဝင်နေကာ အတွေ့အကြုံ အတန်အသင့် ရှိထားပြီး ဖြစ်သည့် လူငယ်များဖြင့် စုဖွဲ့ ထားသည့် အသင်းဖြစ်..."တကယ်လို့ ယူ-၂၂ အသင်းကသာ အနိုင်ရအောင် ကစားပြနိုင် ခဲ့မယ်ဆိုရင် အာရှ ခြေစစ်ပွဲမှာ ပရိသတ်တွေက လူငယ် အသင်းကို ပိုပြီး စိတ်ဝင်တစား အားပေး လာနိုင်ပါတယ်။ လက်ရွေးစင် အသင်းကြီး အတွက်တော့ အန္တရာယ် ရှိမယ့်ပွဲစဉ် တစ်ခုပါပဲ။ သူတို့ သိက္ခာမကျအောင် ကြိုးပမ်း ကြမယ်လို့ မြင်ပါတယ်" ဟု မြန်မာ့ ဘောလုံးနှင့် နီးနီးကပ်ကပ် ရှိသည့် ဘောလုံး ၀ါသနာရှင် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

လက်ရွေးစင် ပဏာမ အသင်းသည် ကမ္ဘောဇ နည်းပြကြီး ဆီဗာဂျီ ယာယီ ကိုင်တွယ်မည့် အသင်းဖြစ်ကာ ရန်ပိုင်၊ ခင်မောင်လွင်၊ မိုးဝင်း၊ ရာဇာဝင်းသိန်း၊ အောင်မြင့်အေး၊ မိုင်းအိုက်နိုင်၊ ဒေးဗစ်ထန်း အစရှိသည့် နာမည်ကြီး ကစားသမား များစွာဖြင့် စုဖွဲ့ထားသည့် အသင်းလည်း ဖြစ်သည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )