22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

ဘာစီလိုနာ လူငယ် ကွင်းလယ် ကစားသမား ရောဘတ်တိုကို ချယ်လ်ဆီး ချိန်ရွယ်

ချယ်လ်ဆီး အသင်းသည် ဘာစီလိုနာ လူငယ် အလယ်တန်း ကစားသမားလေး ဆာဂျီ ရောဘတ်တိုအား ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။


အသက်(၂၁)နှစ်အောက် စပိန် လက်ရွေးစင် ကစားသမားလေးသည် ဘာစီလိုနာ၏ လာမာဆီယာ လူငယ် အကယ်ဒမီမှ တောက်ပ ထွက်ပေါ်လာသူ တစ်ဦးဖြစ်သည်။ ဥရောပ ချန်ပီယံ ချယ်လ်ဆီးသည် ပြီးခဲ့သည့် နွေရာသီက ဘာစီလိုနာ အကယ်ဒမီထွက် တစ်ဦးဖြစ်သော အော်ရီရော်လ် ရိုမီယူကို ခေါ်ယူခဲ့သည့်နည်းတူ ယခုတစ်ကြိမ်တွင်လည်း ရောဘတ်တိုအား ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရှိရသည်။ လက်ရှိတွင် ရောဘတ်တိုသည် ဘာစီလိုနာ (B)အသင်းအတွက် ကစားပေးနေသည်။
ဘာစီလိုနာ လူငယ် အလယ်တန်း ကစားသမားလေး ဆာဂျီ ရောဘတ်တို

လန်ဒန် အခြေစိုက် ကလပ်အသင်းသည် ရောဘတ်တိုအား ပေါင်စတာလင် (၆.၅)သန်းဖြင့် စတင်ကမ်းလှမ်းလာဖွယ် ရှိနေသည်။ အသက်(၂၀)သာ ရှိသေးသော ရောဘတ်တိုသည် ဘာစီလိုနာတွင် ပုံမှန်ပွဲထွက်ခွင့် ရရှိရန် ခက်ခဲနေသော်လည်း ဘာစီလိုနာ နည်းပြသစ် တီတို ဗီလာနိုဗာက ဆီဒေါကီတာအား ရောင်းထုတ်ကာ ၎င်းကို နေရာပေးလာရန် စီစဉ်ဖွယ် ရှိနေသည်။ သို့သော်လည်း မာလီ လက်ရွေးစင် ကီတာသာ နူးကမ့်တွင် ဆက်ရှိနေပါကမူ ဗီလာနိုဗာသည် ရောဘတ်တိုအား အလိုရှိပါက ပြန်လည်ဝယ်ယူခွင့် သဘောတူညီချက် တစ်ခုခုဖြင့် ထွက်ခွာခွင့် ပေးနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

လန်ဒန် အခြေစိုက် ကလပ်အသင်းသည် ရောဘတ်တိုအား ပေါင်စတာလင် (၆.၅)သန်းဖြင့် စတင်ကမ်းလှမ်းလာဖွယ် ရှိနေ...
ဘာစီလိုနာသည် ရိုမီယူကိုလည်း အလားတူ သဘောတူညီမှုမျိုးဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး စပိန်လူငယ် ကွင်းလယ် အဖျက် ကစားသမားလေးအား (၂)နှစ်အတွင်း ကြိုတင် သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ဘာစီလိုနာက ပြန်လည် ခေါ်ယူခွင့် ရှိနေကြောင်း သိရှိရသည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )