22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

အာဆင်နယ်မှ ထွက်ခွာလျှင်လည်း အင်္ဂလန် အသင်း တစ်ခုခုသို့ ဗန်ပါစီ ပြောင်းရွှေ့မည် မဟုတ်ဟု ဖခင်ပြောကြား

အကယ်၍ အာဆင်နယ် အသင်းမှ ရော်ဘင် ဗန်ပါစီ ထွက်ခွာ ဖြစ်ပါက အခြားသော ပရီးမီးယားလိဂ် ကလပ်အသင်း တစ်ခုခုသို့ ပြောင်းရွှေ့ရန် အစီအစဉ် မရှိဟု ၎င်း၏ ဖခင်ဖြစ်သူက ပြောကြားလိုက်သည်။


ထို့ကြောင့် အာဆင်နယ် အသင်းခေါင်းဆောင် တိုက်စစ် ကစားသမားအား အလွန်အမင်း သဘောကျ နှစ်သက်နေသော မန်ချက်စတာ စီးတီးအတွက် ထိုးနှက်ချက် ဖြစ်လာခဲ့သည်။ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းသည် အာဆင်နယ်နှင့် နယ်သာလန် လက်ရွေးစင် ဂိုးသွင်းစက်တို့ကြား စာချုပ်သစ် ကိစ္စ ဆွေးနွေးမှု အဆင်မပြေပါက ကြားဝင် ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း ပြောဆိုထားပြီး ဖြစ်သည်။ လက်ရှိတွင် ဗန်ပါစီသည် နယ်သာလန် အသင်းနှင့် အတူ ဥရောပ ဖလား ပြိုင်ပွဲအတွက် လုံးပမ်းနေပြီး ၎င်းနှင့် အာဆင်နယ်တို့ကြား စာချုပ်သက် သက်တမ်း (၁)နှစ်သာ ကျန်ရှိတော့သည်။
အာဆင်နယ်တွင် ဆက်ရှိမည့် ဗန်ပါစီ

ဗန်ပါစီ၏ ဖခင်ဖြစ်သူ ဘော့ဗန်ပါစီက ဂျူဗင်းတပ်စ်၊ ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာ အသင်းများက ပစ်မှတ်ထားခြင်း ခံနေရသော သားဖြစ်သူသည် အာဆင်နယ်တွင် ဆက်မနေဖြစ်ပါက အင်္ဂလန် ပရီးမီးယားလိဂ်ကို စွန့်ခွာလိမ့်မည်ဟု အခိုင်အမာ ပြောကြားသွားသည်။ မန်ဒို ဒီပို့တီဗို သတင်းစာနှင့် အင်တာဗျူးတွင် ဘော့က "ကျွန်တော့်သားအတွက် နောက်ထပ် အင်္ဂလိပ် ကလပ်တစ်ခုမှာ ကစားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ သူဟာ အာဆင်နယ်နဲ့ ပြိုင်ဘက်အဖြစ် ဘယ်လိုမှ ပြန်ပြီး မျက်နှာချင်းဆိုင်ချင်မှာ မဟုတ်ပါဘူး"ဟု ပြောဆိုသွားသည်။

ကျွန်တော့်သားအတွက် နောက်ထပ် အင်္ဂလိပ် ကလပ်တစ်ခုမှာ ကစားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ သူဟာ အာဆင်နယ်နဲ့ ပြိုင်ဘက်အဖြစ် ဘယ်လိုမှ ပြန်ပြီး မျက်နှာချင်းဆိုင်ချင်မှာ မဟုတ်ပါဘူး...
၎င်းက ပရီးမီးယားလိဂ်တွင် တစ်ရာသီအတွင်း ဂိုး(၃၀) သွင်းယူခဲ့သော သားဖြစ်သူသည် အောင်မြင်မှု ဆုဖလားများကို မျှော်လင့်နေကြောင်းလည်း ၀န်ခံသွားသည်။ "ရော်ဘင်ဟာ အောင်မြင်မှုတွေ ရယူပိုင်ဆိုင်ဖို့အတွက် လိုအပ်တာ အားလုံးကို လုပ်ဆောင်ပါလိမ့်မယ်။ ဒါပေမဲ့ အောင်မြင်မှု တစ်ခုတည်းပဲ သူ့ရဲ့ ရည်မှန်းချက် မဟုတ်ပါဘူး။ အောင်မြင်မှုတွေကို ရှာဖွေဖို့ ကိုယ်တိုင် အားထုတ် ကစားဖို့ သူ့စိတ်ထဲမှာ အမြဲတမ်း တွေးနေတာပါ" ဟု ဘော့က ပြောကြားသွားသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )