22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

အိုဝင်အား ခေါ်ယူရန် စတုတ်ခ်အသင်း မန်နေဂျာ စိတ်ဝင်စားနေ

 
မန်ချက်စတာ ယူနိုက်တက် အသင်းမှ အလွတ် ထွက်ခွာခွင့် ရရှိထားသည့် မိုက်ကယ် အိုဝင်အား ခေါ်ယူရန် အလိုရှိကြောင်း စတုတ်ခ်စီးတီး မန်နေဂျာ တိုနီပူးလစ်က အတည်ပြု ၀န်ခံလိုက်သည်။

အသက်(၃၂)နှစ် ရှိပြီဖြစ်သော အင်္ဂလန် လက်ရွေးစင်ဟောင်းသည် မန်ယူတွင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သော်လည်း အိုးလ်ထရက်ဖို့ဒ်၏ သူရဲကောင်း တစ်ဦး ဘ၀မျိုးကို မည်သည့်အခါကမျှ မပိုင်ဆိုင်နိုင်ခဲ့ချေ။ မန်ယူအသင်း၏ ကျောနံပါတ်(၇)၀တ် တိုက်စစ် ကစားသမားသည် ဒဏ်ရာများနှင့် တောက်လျှောက် ရုန်းကန်နေရပြီး ၎င်း၏ မန်ယူ ကစားသမား ဘ၀ အချိန် အများစုကို ဒဏ်ရာ ကုသရင်း ကုန်လွန်ခဲ့ရသည်။ ယခုအခါ မန်ယူ အသင်းသည် အိုဝင်အား စာချုပ် သက်တမ်း မတိုးတော့ဘဲ အသင်းမှ ထွက်ခွာရန် ခွင့်ပြုခဲ့ပြီ ဖြစ်သည်။

ပူးလစ်ကမူ မန်ယူအပြင် လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်နှင့် နယူးကာဆယ်လ် ယူနိုက်တက် အသင်းများတွင်ပါ ကစားခဲ့ဖူးသော တိုက်စစ်သမားသည် မိမိတို့ အသင်းအတွက် အတွေ့အကြုံကောင်းများဖြင့် ပံ့ပိုး ထောက်ပံ့ပေးနိုင်မည်ဟု ယုံကြည်ထားကြောင်း ပြောဆိုခဲ့သည်။ "လွန်ခဲ့တဲ့ (၂)နှစ်လောက်ကတည်းက အိုဝင်ကို ကျွန်တော်တို့ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်တွေ့တော့ မဖြစ်လာခဲ့ဘူး။ အိုဝင်ဟာ ထူးချွန်တဲ့ ကစားသမား တစ်ယောက်ဆိုတာ အားလုံး အသိပါ။ သူဟာ နိုင်ငံရော၊ ကလပ်အသင်းတွေ အတွက်ပါ အမြင့်ဆုံး အဆင့်က ကစားပေးခဲ့သူ ဖြစ်ပါတယ်။ သူ့ကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ဘာတွေ ဖြစ်လာမယ် ဆိုတာကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း တိတိကျကျ မပြောနိုင်သေးပါဘူး" ဟု ပူးလစ်က ပြောကြားသွားသည်။
ပူးလစ်ကမူ မန်ယူအပြင် လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်နှင့် နယူးကာဆယ်လ် ယူနိုက်တက် အသင်းများတွင်ပါ ကစားခဲ့ဖူးသော တိုက်စစ်သမားသည် မိမိတို့ အသင်းအတွက် အတွေ့အကြုံကောင်းများဖြင့် ပံ့ပိုး ထောက်ပံ့ပေးနိုင်မည်ဟု ယုံကြည်ထား...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )