22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, June 9, 2012

ဂျက်ကိုအား ခေါ်ယူရန် ကြိုးပမ်းမည့် ဘိုင်ယန်

ဘိုင်ယန်မြူးနစ် အသင်းသည် မန်ချက်စတာ စီးတီး တိုက်စစ်မှူး အီဒင်ဂျက်ကိုအား ခေါ်ယူရန် စတင် လုပ်ဆောင်နေကြောင်း သိရှိရသည်။


ဂျာမန်ထိပ်တန်း ကလပ် အသင်းကြီးသည် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းတွင် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေသော ဘော့စ်နီးယား လက်ရွေးစင် တိုက်စစ်မှူးကို ကာလအတန်ကြာ ချိတ်ဆက်နေခဲ့သည်။ ယခုအခါတွင်မူ သောမတ်စ်မူလာအား ဆုံးရှုံးဖွယ် ရှိနေခြင်းနှင့် အတူ ဘိုင်ယန်သည် ဂျက်ကိုအား နွေရာသီတွင် ကမ်းလှမ်းရန် စတင် စဉ်းစားလာခြင်း ဖြစ်သည်။ ဂျက်ကိုသည် လွန်ခဲ့သည့် (၁၈)လက ဂျာမန်ကလပ် ၀ုလ်ဗ်ဘာ့ဂ်မှ အစ်တီဟတ်သို့ ပေါင်စတာလင် (၂၇)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။
ဘိုင်ယန်မှ စိတ်ဝင်စားနေသည့် ဂျက်ကို

The Sun သတင်းစာက ဘိုင်ယန်သည် အသက်(၂၂)နှစ်အရွယ် ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး မူလာကို ဆုံးရှုံးရမည့် အနေအထား ရှိနေကြောင်းလည်း သုံးသပ်ရေးသားခဲ့သည်။ (၂၀၁၀)၊ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုရှင်သည် ဘိုင်ယန်တွင် ပုံမှန်နေရာ ပျောက်ဆုံးနေခြင်းအပေါ် စိတ်ပျက်နေကြောင်း သိရသည်။ မန်စီးတီးသည်လည်း မူလာအား စိတ်ဝင်စားလျှက် ရှိနေရာ ဘိုင်ယန်သည် ဂျက်ကိုအတွက် မူလာအပြင် ပေါင်စတာလင် (၅)သန်း အလိုက်ပေးသည့် ကမ်းလှမ်းမှုမျိုး ပြုလုပ်လာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြထားသည်။
သောမတ်စ်မူလာအား ဆုံးရှုံးဖွယ် ရှိနေခြင်းနှင့်အတူ ဘိုင်ယန်သည် ဂျက်ကိုအား နွေရာသီတွင် ကမ်းလှမ်းရန် စတင် စဉ်းစားလာခြင်း ဖြစ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )