22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 12, 2012

စကားတော်အတိုင်း အသက်ရှင်ခြင်း - ဆရာဦးကျော်ဝင်း

ဟာလေလုယ .. ကျွန်တော်ကတော့ ဟာလေလုယ ကိုတောင် အသံကျယ်ကျယ် မပြောနိုင်တော့ဘူး။ ကျွန်တော့အမေ မနေ့က ခရစ်တော်၌ အိပ်ပျော်သွားတယ် .. ဆိုတဲ့အကြောင်း ကြားသိရတဲ့အခါ ဒီနေ့ ကျွန်တော် ဘာတွေ ပြောရမလဲ၊ ဘာတွေဟောရမလဲဆိုတာ မသိတော့ဘူး။ ကျွန်တော့အမေက မိုင်းယင်းမှာ၊ သား .. ဘယ်နိုင်ငံပဲ ရောက်ရောက်၊ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်၊ စီးပွားရေး ဘယ်လောက်ပဲ လုပ်ငန်းများများ၊ ငွေဆိုတာ ရှာလို့မကုန်ပါဘူး။ မေမေက ခရစ်တော်၌ အိပ်ပျော်သော နေ့တစ်နေ့မှာ သား .. ရှိတဲ့နေရာက ပြန်လာရမယ်။ ... ပြောခဲ့တဲ့နောက်ပိုင်းမှာ တစ်ခု ထပ်ပြောတယ်။
  .. ဒါပေမဲ့... အကယ်၍ ဘုရားရဲ့အလုပ်နဲ့ ပတ်သက်ပြီးတော့ မည်သည့်နေရာပဲရောက်ရောက် ဘုရားအလုပ် အဲဒီမှာ အရေးကြီးနေတယ်။ အဲဒီမှာ တရားဟောဖို့ရန်အတွက် ရှိနေတယ် ဆိုလို့ရှိရင် ... ဧ၀ံဂေလိအတွက် သွားဖို့ရှိတယ်ဆိုလို့ ရှိရင် ... မေမေက ခရစ်တော်၌ အိပ်ပျော်နေပြီ၊ လုံးဝ ပြန်မလာရဘူး၊ အကယ်၍ ပြန်လာရင်တော့ မေမေ့ကို မချစ်ဘူး၊ မေမေက ခရစ်တော်၌ အိပ်ပျော်တယ်ဆိုတာ ကောင်းကင်နိုင်ငံရောက်ပြီ။ ထိုနေရာ ထိုဒေသမှာရှိတဲ့သူတွေက ခရစ်တော်ဘုရားရဲ့ ကယ်တင်ခြင်းကို အကြောင်း ကြားဖို့လိုအပ်ပါတယ်။ အဲဒီမှာ နေရစ်ခဲ့ပါ ပြောဖူးတယ်။ ကျွန်တော့်အမေ ၆၅နှစ်တုံးက တစ်ခါ ဖြစ်တယ်။ အခု ၉၄နှစ်မှာ ခရစ်တော်၌ အိပ်ပျော်တယ်။

    ၆၅နှစ် ကြီးကြီးကျယ်ကျယ်ဖျားတဲ့အခါ အလားတူပဲ ဆရာတင်မောင်ကြည်၊ ဆရာမောင်မောင်ဟန် လုပ်ဖေါ်ကိုင်ဖက် အနှစ်၃၀ ကတည်းက စပြီးတော့မှ ကျောပိုးအိပ်နဲ့လွယ်ပြီးမှ တစ်မြို့ဝင် တစ်မြို့ထွက်၊ တစ်ရွာဝင် တရွာထွက် ဧ၀ံဂေလိတရား ဟောကြားခဲ့တယ်။ ကွတ်ခိုင်ရောက်သွားတဲ့အခါ ကျွန်တော့အမေ ဖျားပြီးတော့  ဆရာဝန်ပြောတယ်။ ကုလို့မရတော့ဘူး..တဲ့။ ဒါပေမဲ့ ကျွန်တော်တို့က ကွမ်းလုံမြို့မှာ လေဟာပြင်ဟောပြောပွဲ ပြုလုပ်ဖို့ရာအတွက် ကြိုတင်ပြီးတော့ ၃လ ကတည်းက ပြင်ဆင်ပြီးသား။ မေမေက အသက်ထွက်တော့မယ် .. ဒါပေမဲ့ မနက်ဖန်ကျတော့ ကွမ်လုံဟောပြောပွဲအတွက် ပြင်ဆင်ထားပြီးသား။ ကျွန်တော့အမေ ဘာပြောသလဲဆိုတော့ သွား .. . ဒီမှာ မနေရစ်ခဲ့နဲ့။ အဲဒီမှာ လူတွေ ဒါလောက် အများကြီးစောင့်နေတယ်။ ကယ်တင်ခြင်းအတွက် စောင့်နေကြတယ်။ ဒီမှာ မေမေသေရင် ကျန်တဲ့လူတွေက မြုတ်လိမ့်မယ်။

    မျက်ရည်ကျပြီးတော့ ကားနောက်လိုက်ခဲ့တယ်။  အဲဒီညမှာ ကွမ်းလုံကိုရောက်ခဲ့တယ်။ ဟာလေလုယ ....။
 


Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )