22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 12, 2012

ကမ္ဘာကျော်သူတို့ရဲ့ ရေမွှေးများ


ကမ္ဘာကြီးဟာ တစ်နေ့တခြား မွှေးသထက်မွှေးလာနေပါပြီ။ဘာလို့ဆို ဟောလိဝုဒ်က နာမည်ကြီးတွေ ကိုယ်တိုင်ရေမွှေးတွေထုတ်လုပ်ပေးနေကြလို့ဖြစ်ပါတယ်။ ဘရစ်တနေစပဲက စလိုက်တာ၊ခုတော့ ကေတီပယ်ရီ၊ ရီဟန်းနား၊ ဂျတ်စတင်ဘီဘာနဲ့ကင်မ်ကာဒက်ရှီယန်တို့လည်း ရေမွှေးတွေ ထုတ်လုပ်ကုန်ကြပါပြီ။အဲဒီကျော်ကြားသူတို့ရဲ့ ရေမွှေးတွေထဲကအထင်ရှားဆုံးသူတွေရဲ့ ရေမွှေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။




Love perfume
ကင်မ်ကာဒက်ရှီယန်ရဲ့“Love”ရေမွှေး
ကင်မ်ကာဒက်ရှီယန်ရဲ့““အချစ်””လို့ နာမည်ပေးထားတဲ့ရေမွှေးပါ။ တစ်ပုလင်းကို ဒေါ်လာ ၁ဝဝ ပါတဲ့။ သူ့ ရေမွှေးဟာ အိမ်ထောင်သက်အတိုဆုံး စံချိန်မချိုးခင်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ရေမွှေးပုလင်းပေါင်း ၁ဝဝဝ တိတိထုတ်လုပ်ခဲ့ပြီး၊ ပုလင်း ၂ဝဝ ကိုသူမရဲ့ မင်္ဂလာပွဲအတွက် သုံးဖို့ဖြစ်ပြီး ကျန်၇၉၉ ပုလင်းကိုတော့သူမရဲ့ ပရိသတ်တွေအတွက်ရည်စူးခဲ့တယ် လို့ဆိုပါတယ်။ တစ်ပုလင်းကတော့ဘာအတွက် ဘယ်သူ့ကို သုံးမလဲဆိုတာမပါပါဘူး။

ရေမွှေးရနံ့ကတော့ စပျစ်သီးအနီ အခြောက်ရယ်၊ စံပယ်ပန်းပွင့်လေးတွေရယ်၊ အိုင်းရစ်မျိုးဝင် အာဖရိကပန်းပွင့်ပန်းရောင်ရယ်၊အီဂျစ်က နှင်းဆီတစ်မျိုးရယ်၊ ကတိုးနံ့ရယ်တို့ကို ရောသမမွှေထားတဲ့ရနံ့ပါ။ ရွှေဖြူနဲ့ သလင်းကျောက်တို့ကို မွမ်းမံထားပြီး အိတ်ကကတ္တီပါ အနက်ရောင်နဲ့ ချုပ်ထားတဲ့ဘူးအတောင့်ပါ။





Purr perfume
ကေတီပယ်ရီရဲ့ ‘Purr’ ရေမွှေး
သုံး၊လေးအောင်စဝင် ရေမွှေးတစ်ပုလင်းကို ၆၅ဒေါ်လာနဲ့ ရောင်းချတဲ့ ကေတီ ပယ်ရီရဲ့ Purr ရေမွှေးပါ။သူမလည်း လက်ထပ်ပြီးတဲ့နောက် ရေမွှေးထုတ်ခဲ့သူပါ။Purr ဆိုတာ အမွှေးနံ့သာတို့ကို လှုံ့ဆော်နှိုးဆွစေတဲ့ သူမရဲ့ကိုယ်ပိုင်နာမည်တစ်ခုပါ။ မက်မွန်သီး ဝတ်ဆံရဲ့ရနံ့နဲ့ပန်းသီးရဲ့ ရနံ့တို့နဲ့ရောသ မမွှေထားပြီး စံပယ်ရနံ့လေးပါ ဖြည့်စွက်ထားတယ်လို့ ဆိုပါတယ်။ ကေတီပယ်ရီရဲ့ အဆိုအရတော့သူမ ရေမွှေးဟာ သူမလိုပဲ ခေတ်မီ ဆန်းကြယ် ရနံ့ကြယ်ဆိုဘဲ။




Reb’l Flem
ရီဟားနားရဲ့ ‘Reb’l Flem’ရေမွှေး

ရီဘဲလ်ဖလား (Reb’l Flem) ဆိုတဲ့ ၅၉ ဒေါ်လာတန် ၁ဝဝ မီလီလီတာဆံ့ ရေမွှေး တစ်မျိုးထုတ်လုပ်ခဲ့တယ်ဆိုပါတယ်။ သူမရဲ့ ရေမွှေးဟာ ဝံ့ဝံ့စားစားရှိတယ်။ ညှို့ယူဖမ်းစားနိုင်စွမ်းရှိတယ်။ တကယ့်ကို အမှတ်တရ ဖြစ်စေတယ်လို့ ညွှန်းဆို ထားပါတယ်။ ဒီနှစ် (၂ဝ၁၂ ခုနှစ်)နှစ်ဆန်း ဇန်နဝါရီလကမှ စထုတ်လုပ်ခဲ့တာပါ။

သူမရေမွှေးရနံ့ဟာ နိုင်ငံတစ်ဝန်းကို သင်းပျံ့ ထုံလွှမ်းစေမယ်လို့လည်း ကြော်ငြာထားပါတယ်။ အရသာရှိတဲ့အသီးတွေဖြစ်တဲ့ အနီရောင် ဘယ်ရီသီးရယ်၊ ခရမ်းရောင် ဆီးသီးရယ်၊ အရည်ရွှမ်းတဲ့ မက်မွန်သီးအမှည့်တို့ရဲ့ ရနံ့တွေနဲ့ ပေါင်းစပ်ထားတယ် ဆိုပါတယ်။

(သီးစုံဖျော်ရည်န့တောင်မှားနိုင်လောက်တယ်) ပြီးတော့ရေမွှေးရနံ့ဟာ ဟာဝိုင်ယီ ကျွန်းက ခေါင်ရန်းပန်းရနံ့သင်းနေဆိုပဲ။




Love & Light
ဂျနီဖာလိုပက်စ်ရဲ့ ‘Love & Light’ ရေမွှေး
မင်းသမီးလှလှလေးတွေဆိုတော့ သူတို့ထုတ်တဲ့ရေမွှေးတွေကိုနာမည်လှ လှလေးတွေပေးပြီပေါ့လေ။ ဂျနီဖာလိုပက်စ်ကတော့ ၇၅ မီလီလီတာဆံ့တဲ့ ပုလင်း လေးတွေနဲ့ ၅၈ ဒေါ်လာတန်ရေမွှေးတစ်မျိုး ထုတ်လုပ်ခဲ့ပါတယ်။

သူမနဲ့ခေတ်ပြိုင်ဂျင်နီဖာအန်နစ်စတင်နဲ့အပြိုင် ရေမွှေးထုတ်ခဲ့တဲ့ ဂျနီဖာ လိုပက်စ်ဟာ သူ့ရေမွှေးကို ““ချစ်ခြင်းနဲ့အလင်း”” (Love & Light) လို့ ပေးထား ပါတယ်။ စပျစ်သီးခြောက်အနီရောင်ရဲ့ ရနံ့ရယ်၊ သလဲသီးရနံ့ရယ်၊ မက်မွန်သီးနဲ့ဆင်တဲ့ တရုတ်ဆီးသီးအနံ့ရယ်၊ စံပယ်ပန်းရနံ့ရယ်၊ သနပ်ပင်က အမွှေးဆီရယ်၊ ကတိုးနံ့ ရယ်တို့နဲ့ ထုတ်လုပ်ထားတဲ့ရေမွှေးပါတဲ့။




Someday perfume
ဂျတ်စတင်ဘီဘာရဲ့ ‘Someday’ ရေ မွှေး

အသက်၁၇ နှစ်ကျော်သာရှိသေးတဲ့ အဆိုတော် ကောင်ချော လေး ဂျတ်စတင်ဘီဘာကလည်း ငယ်ရွယ်တဲ့ မိန်းမချောလေးတွေ အတွက် ရေမွှေးထုတ်ပြန်ပါတယ်။ ရေမွှေးပုလင်းပုံကိုက ဆယ်ကျော် သက်တို့အကြိုက် အသည်းပုံကြားက နှင်းဆီပွင့်ဖတ်လေး ငွားစွင့် ထွက်နေပုံပါပဲ။

သူကလည်း အနောက်တိုင်းတို့ ထုံးစံအတိုင်းသစ်သီးမျိုးစုံရနံ့ တွေကြယ်နေတဲ့ သူ့ရေမွှေးကို မိန်းကလေးတွေ ကြိုက်မှာပဲလို့ ဆိုပါ တယ်။ ရေမွှေးက ဘာနဲ့ဖြစ်ဖြစ် ဂျတ်စတင်ဘီဘာထုတ်တဲ့ ရေမွှေး ဆိုတဲ့အစွဲနဲ့ ဆယ်ကျော်သက်တွေ စွဲကြမှာ မြင်ယောင်ပါသေးတယ်။




Wonderstuck perfume
တေလာဆွစ်ရဲ့ ‘Wonderstuck’ရေမွှေး

ရေမွှေး ပုလင်းပေါ်မှာကို သူ့လက်မှတ်တံဆိပ် ခတ်နှိပ်ထားတဲ့ ရေမွှေးတစ်မျိုးထုတ်ခဲ့ပါတယ်။ အလှအပပစ္စည်းထုတ်တဲ့ အယ်လီ ဇဘက် အာဒင်ကုမ္ပဏီနဲ့ ပူးတွဲထုတ်လုပ်ခဲ့တာပါ။ မနှစ်က အောက်တို ဘာလက ဈေးကွက်ထဲ စဖြန့်ပါတယ်။ ရေမွှေးပုလင်းတန်ဖိုးရေး မထားပါဘူး။သူမရဲ့ ဟစ်ဖြစ်တဲ့ သီချင်း ““အန်ချော့န်တက်”” (Enchanted) နဲ့ အပြိုင်ထွက်လာတာပါ။ အဓိပ္ပာယ်က စိတ်နှလုံးကို ညှို့ယူဆွဲဆောင် ပြီး နှစ်သက်ကြည်နူးစေသတဲ့။





Shine perfume
ဟေဒီကလမ်းရဲ့ “Shine” ရေမွှေး

ထင်ရှားတဲ့ မော်ဒယ်လ်မလေး ““ဟေဒီကလမ်း””က သူမရဲ့ အလှကြောင့် ကျော်ကြားပါတယ်။ အခုသူမလိုပဲ ကျော်ကြားမယ့် ရေမွှေးတစ်မျိုးကို Shine လို့ နာမည်ပေးပြီး ထုတ်လိုက်ပါပြီ။

ရေမွှေးဆွတ်သူမိန်းကလေးတွေက ရေမွှေးနံ့ရသူ ယောက်ျားလေး တွေကို ညှို့ယူဖမ်းစားနိုင်စွမ်းရှိမယ်လို့ ဆိုပါတယ်။ သူမရဲ့ Shine ရေမွှေးထဲမှာ သစ်တော်သီးရနံ့၊ ငရုတ်ကောင်းစေ့ရနံ့။ နေကြာ ပန်းရနံ့၊ သစ်ခွရနံ့၊ ကတိုးရနံ့တွေ ရောသမမွှေထားတယ် ဆိုပါ တယ်။

ရေမွှေးကိုလှပတဲ့ ရွှေရောင်ပုလင်းလေးတွေနဲ့ ထည့်သွင်းပြီး ၁၇ ဒေါ်လာ ကနေ ၃၅ ဒေါ်လာထိရောင်းချတယ်ဆိုပါတယ်။




Jennife Aniston
ဂျင်နီဖာအင်နစ်စတင်ရဲ့ ‘Jennife Aniston’ ရေမွှေး

ကိုယ့်ရေမွှေးကို ကိုယ့်နာမည်ပေးပြီး ထုတ်တာ သူ တစ်ယောက်ပဲရှိသေးတယ်ထင်ပါရဲ့။ ဒီရေမွှေးမှာ သူမကလေး ဘဝကတည်းက စွဲနေခဲ့တဲ့ရနံ့တစ်မျိုးကို ထည့်သွင်း ဖော်စပ် ထားတယ်ဆိုပါတယ်။ အဲဒီရနံ့ကတော့ အနောက်ဘက်ကမ်းခြေ က ရှောက်သံပရာရနံ့ပါတဲ့။ ကိုယ်တို့ဆီက မက်လင်ချင်လျက် ဆားနံ့များ ပေါက်နေမလားမသိ။ထွင်လည်းထွင်ပါ့မင်းသမီးရယ်။ ပြီးတော့ စန္ဒကူးနံ့သာ ရနံ့ပါပါတယ်ဆိုပဲ။ အနောက်ဘက်ကမ်းခြေက ပန်းရိုင်းတစ်မျိုး ရဲ့ ရနံ့လေးထည့်သွင်းထားဆိုပဲ။ သူကလည်း တန်ဖိုးရေးမထား ဆိုပါတယ်။



Signature perfume
စီလိုင်းဒီယွန်းရဲ့’Signature’ ရေမွှေး

သူမကတော့ရေမွှေးသုံးမျိုး ထုတ်ပါတယ်။ တစ် မျိုးက ၁၆ ဒေါ်လာတန်ပါ။ နောက်တစ်မျိုးက ၂၇ ဒေါ်လာတန်ပါ။ နောက်တစ်မျိုးက ၃၄ ဒေါ်လာတန်ပါ။ ကမ္ဘာတစ်ဝန်းရေမွှေးပုလင်းပေါင်း ငါးသောင်းထုတ်တယ် ဆိုပါတယ်။ တစ်မျိုးစီလား၊ သုံးမျိုးပေါင်းလားတော့ မသိပါဘူး။ ဒါပေမဲ့ သူမရဲ့ အရင်ရေမွှေးတွေတုန်းက တော့ ဒေါ်လာသန်း ၄ဝ ဖိုး ရောင်းရတယ်ဆိုပဲ။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )