22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 4, 2012

ဇိုမီးတိုင်းရင်းသားကို ရွေးကောက်ပွဲကော်မရှင်က လက်ခံလိုက်ပြီ

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ တခုဖြစ်တဲ့  ဇိုမီးပါတီရဲ့ ပါတီ ပြန်လည် ထူထောင်ခွင့်လျှောက်ထား တာကို ပယ်ချထားတဲ့ ဆုံးဖြတ်ချက် ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ပြန်လည် ပြင်ဆင် လိုက်ပါတယ်။
ပူကျင့်ရှင်းထန်
ဇိုမီးဆိုတဲ့ တိုင်းရင်းသားဆိုတာ မရှိတာကြောင့် ဇိုမီးအမျိုးသား ကွန်ဂရက် ပါတီ (Zomi National Congress Party) ပြန်လည် မှတ်ပုံတင် ဖို့ လျှောက်ထားတာကို ပယ်ချထားရာကနေ ကော်မရှင် က ပြန်လည်ြ ပင်ဆင်လိုက်တာပါ။
ဒါပေမယ့် ၁၉၉၀ တုန်းက အနိုင်ရခဲ့တဲ့ နဂိုနာမည်ဖြစ်တဲ့ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ (Zomi National Congress Party) အစား ဇိုမီး နာမည်ပါတဲ့ တခြား နာမည်တခုယူပြီး  ၁ ပတ် အတွင်း ပြန်လျှောက်ဖို့ အကြောင်းကြားလာတယ် လို့ ပါတီခေါင်းဆောင်ဖြစ်တဲ့ ပူကျင့်ရှင်းထန်က ပြောပါတယ်။
“ဇိုမီးကို မရှိဘူး၊ ဇိုမီးဆိုတဲ့ လူမျိုး မရှိဘူးဆိုတာ. ကျနော်တို့ အကိုးအကားတွေနဲ့ ပြတော့ ဒီလိုဆိုလို့ရှိရင် ကျနော်တို့ လျှောက်ပြီးသားကို ဟိုတုန်းက အဟောင်းကို လက်မခံတဲ့ သဘောပေါ့ဗျာ။ ဒါပေမယ့် ဇိုမီးပါတဲ့ ပါတီတခုခု ၇ ရက်အတွင်းမှာ ပြန်တင်ဖို့ ဇိုမီးနေရှင်နယ်ကွန်ဂရက်ဆိုတာ ကြီးကျယ်လွန်းလို့လား မသိဘူးလေ။ မနေ့က. နောက်ဆုံးရက် သူတို့ပေးထားတာ ၃၁ ရက် မေလ ဆိုတော့ အဲဒီမှာ ၁၂ နာရီကျော် ၁ နာရီ ၁၅ မိနစ်မှာ သူတို့ဖုန်းနဲ့ ဦးတင်အေး ကော်မရှင်ဥက္ကဋ္ဌ သူကိုယ်တိုင်အပါအဝင် အားလုံး စုံစုံလင်လင် ဆွေးနွေးပြီးတော့မှ အဲဒီလိုလုပ်တဲ့အခါမှာ ခင်ဗျားတို့ပြောတာ ခင်ဗျားတို့ တင်ပြတာတွေ လက်ခံသွားတယ်။ ချင်းဆိုတာ ဇိုမီး၊ ဇိုးမီးဆိုတာ ချင်း ဆိုတော့ ခင်ဗျားတို့ စကားမို့လို့ အဲဒါနဲ့ အပါအဝင် တခုခု ထပ်တင်ပါ ဆိုတာပါပဲ။ ကျနော်တို့လည်း အများနဲ့ဆိုင်တဲ့ဟာတွေတော့ လုပ်မှာပါ။”
ပါတီအနေနဲ့ အစည်းအဝေးလုပ်ပြီးရင် အများသဘောတူတဲ့ အမည်နဲ့ မှတ်ပုံတင်ဖို့ လုပ်မယ်လို့ ပူကျင့်ရှင်းထန်က ပြောပါတယ်။
ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ (Zomi National Congress Party) ဟာ  ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တခြား တိုင်းရင်းသားပါတီတွေလိုပဲ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်လို့ ဖျက်သိမ်းခံထားရာ ကနေ အခုတော့ တရားဝင် ပါတီအဖြစ် ရပ်တည်ဖို့ ပြန်လည် ကြိုးပမ်းလာတဲ့ နောက်ဆုံး ပါတီဖြစ်ပါ တယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )