22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, June 4, 2012

ရှေ့နေ ၂၀၀ ကျော် ဘားကောင်စီ ပြင်ဆင်ရေးဆွေးနွေး

ရန်ကုန်မြို့မှာ ရှေ့နေများကွန်ရက်က ရှေ့နေ ၂၀၀ ကျော်ဟာ တော်ဝင်နှင်းဆီ စားသောက်ဆိုင်ခန်းမ မှာ တွေ့ဆုံပြီး ဘားကောင်စီ အက် ဥပဒေကို ပြန်လည်ပြင်ဆင်ရေး၊ နိုင်ငံရေး အကျဉ်းသားဟောင်းရှေ့နေတွေ ရှေ့နေ လိုင်စင်ပြန်ရရေးနဲ့  တံဆိပ်ခေါင်းခွန် ကိစ္စတွေ ကို ဆွေးနွေးကြ ပါတယ်။ ရှေ့နေအယောက် ၂၀၀ ခန့် စုရုံးဆွေးနွေးမှုဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရှေ့နေအများဆုံး စုဝေးတိုင်ပင်ကြတာဖြစ်ပါတယ်။
နဂိုမူလက အစိုးရက ၅ ဦး၊ ရှေ့နေတွေက ၁၀ ဦးနှုန်းနဲ့ ဖွဲ့ထားတဲ့ ဘားကောင်စီကို ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းတဲ့  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ စစ်ကောင်စီလက်ထက်က အစိုးရက ရွေးချယ်တဲ့ ကောင်စီဝင်တွေနဲ့သာ ထည့်သွင်းပြီး အက်ကို ပြင်ဆင်ခဲ့တယ် လို့ ရှေ့နေဦးကျော်ဟိုးက ပြောဆိုပြီး အဲဒါကို မူလအတိုင်း ပြန်လည်ပြင်ဆင်ပေး ဖို့ ဆွေးနွေးကြတာပါ လို့ ပြောပါတယ်။
“ဘားကောင်စီအက်ဥပဒေအရ ကျနော်တို့ ရှေ့နေတွေကို ထိန်းကြောင်းပေးဖို့ ကျနော်တို့ အဓိက တာဝန်ရှိတာပေါ့လေ။ ဘားကောင်စီ အက်အရဆိုရင် ဘားကောင်စီကို အများစုကတော့ ၁၀ ယောက်ကို ရှေ့နေတွေက လွတ်လွတ်လပ်လပ် ရွေးခွင့်ရှိတယ်။ ကျန်တဲ့ ၅ ယောက်ကတော့ အစိုးရခန့်တဲ့ လူတွေပေါ့။ တရားရုံးချုပ်ကလူတွေပါမယ်၊ ရှေ့နေချုပ်ရုံးကလူတွေ ပါမယ်ပေါ့လေ။ ၅ ယောက်က။ အခု နဝတ အစိုးရ ပြင်လိုက်တဲ့အခါကျတော့ ၁၁ ယောက်ဖြစ်သွားတယ်။ အဲဒီ ၁၁ ယောက်မှာ အကုန်လုံး သူတို့စိတ်ကြိုက် ခန့်တဲ့လူတွေ ဖြစ်ကုန်ရော။ ကျနော်တို့ ရှေ့နေတွေက လွတ်လွတ်လပ်လပ် ရွေးခွင့် တယောက်မှ မရဘူး။”
နိုင်ငံရေးမှုနဲ့ ထောင်ကျတဲ့ ရှေ့နေတွေ၊ နိုင်ငံရေးသမားရှေ့နေတွေအပေါ် စစ်အစိုးရလက်ထက်က လိုင်စင်ပိတ်သိမ်းမှုတွေကို ပြန်စိစစ်ပေးဖို့လည်း ဆွေးနွေးကြတယ်လို့ သူက ပြောပါတယ်။
“နိုင်ငံရေးမှုနဲ့ ထောင်ကျပြီး လိုင်စင်ပြုတ်သွားတဲ့ ရှေ့နေတွေကို ဘားကောင်စီအက်နဲ့ လုပ်ထုံးလုပ်နည်း နဲ့ အညီပေါ့လေ ပြန်လည်စိစစ်ပေးဖို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဖြုတ်တုန်းက ဘာမှ ခုခံချေပခွင့် လည်း မရဘူး။ စစ်ဆေးမေးမြန်းခြင်းလည်း မရှိဘဲနဲ့ ပြဋ္ဌာန်းဥပဒေမှာ ပါတဲ့ လုပ်ရမယ့်အဆင့်တွေ ကို ကျော်ပြီးတော့ လုပ်ခဲ့တာလေးတွေ ပြန်စိစစ်ပေးဖို့ တင်ပြဖို့ ဆွေးနွေးကြတာပါ။”
ရုံးခွန်တံဆိပ်ခေါင်းခွန်တွေကို ပြည်ထောင်စုလွှတ်တော်က အဆ ၁၀၀ ခန့် ဈေးမြှင့်တင်လိုက်တဲ့အတွက် အများပြည်သူဝန်ပိစေသလို လုပ်ငန်းလုပ်ကိုင်ရာမှာ လည်း နှောင့်နှေးစေတာကြောင့် ပြန်လည် သုံးသပ်ပေးရေး ဆွေးနွေးကြပါတယ်။
ရှေ့နေများကွန်ရက်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး ကွန်ရက်လှုပ်ရှားမှု စတင်ရာမှာ ပေါ်ပေါက်လာတဲ့အဖွဲ့ဖြစ်ပြီး လူ့အခွင့်အရေး နစ်နာဆုံးရှုံးသူတွေဘက်က အခကြေးငွေ မယူဘဲ လိုက်ပါဆောင်ရွက်နေပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )