22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, June 12, 2012

အယ်လ်ကိုင်ဒါနှင့် ဆက်သွယ်သော ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာ ဖမ်းဆီး

စစ်တွေမြို့လမ်းမကြီး ဆေးရုံးကြီးရှေ့မှ သံချောင်းခေါက်သံ (၃)ချက် ကြားရ၍ လူအချို့ထွက်ကြည့်ကြသည်ကို တွေ့ရ..


ပြီးခဲ့သည့် တစ်နာရီခန့်က အသံကြားရသည့် သံချောင်းခေါက်သံမှာ ဘင်္ဂါလီအချို့ စစ်တွေမြို့တွင်းသို့ ၀င်ရောက်လာသဖြင့် လုံခြုံရေးအချက်ပေး သံချောင်းခေါက်သံဖြစ်သည်။ ယင်းအချက်ပေးသံကြားပြီးနောက် လြုံခုံရေး စောင့်ကြည့်နေကြသည့် ရခိုင်တိုင်းရင်းသားများ၏ လိုက်လံကြည့်ရှုမှုကြောင့် ဘင်္ဂါလီများ ထွက်ပြေးသွားကြသည်ဟု နိုးကြားစွာလုံခြုံရေး ဆောင်ရွက်နေသူများက ဆိုသည်။ လက်ရှိအချိန်တွင် ပြည်သူ့ ရဲတပ်ဖွဲ့ဝင်အချို့လည်း ဆိုင်ကယ်များဖြင့် စစ်တွေမြို့ လမ်းမကြီးများတွင် လုံခြုံရေး လှည့်လည် ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့် အချိန်ပိုင်းက ဘဂါင်္လီအချို့စစ်တွေ မြို့ထဲတွင် တွေ့လိုက်ရသည်ဟု လုံခြုံရေးစောင့်ကြည့်နေသူများက ပြောကြားသည်။ ဓာတ်ပုံ - ယနေ့ည ၁၀ နာရီ ၅၅ မိနစ် စစ်တွေ မိန်းလမ်းမကြီးတစ်နေရာ
Photo: ပြီးခဲ့သည့် အချိန်ပိုင်းက ဘဂါင်္လီအချို့စစ်တွေ မြို့ထဲတွင် တွေ့လိုက်ရသည်ဟု လုံခြုံရေးစောင့်ကြည့်နေသူများက ပြောကြားသည်။ဓာတ်ပုံ - ယနေ့ည ၁၀ နာရီ ၅၅ မိနစ် စစ်တွေ မိန်းလမ်းမကြီးတစ်နေရာ

စစ်တွေမြို့၊ ကြေးပင်ကြီးရပ်ကွက် ၊ မိန်းလမ်းမ ပေါ်တွင် ၁၁ရက်နေ့ ည ၁၀ နာရီ က လုံခြုံရေးကား တစ်စီးကိုတွေ့ရစဉ်
Photo: စစ်တွေမြို့၊ ကြေးပင်ကြီးရပ်ကွက် ၊ မိန်းလမ်းမ ပေါ်တွင် ယနေ့ည ၁၀ နာရီ က လုံခြုံရေးကားတစ်စီးကိုတွေ့ရစဉ်

The Voice Weekly

မသင်္ကာသူ နိုင်ငံတကာ အန်ဂျီအိုဝန်ထမ်းအိမ်မှ လက်နက်များသိမ်းဆည်းရမိ
ည ၉နာရီ ၁၅ ၊ ဇွန် ၁၁၊ ၂၀၂၁၊ 
သတင်း YPI
အယ်ကေးဒါး အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဟု မသင်္ကာသူ AZG (နယ်သာလန် အခြေစိုက် နိုင်ငံတကာ အန်ဂျီအို) အဖွဲ့မှ ၀န်ထမ်းတဦး၏ အိမ်တွင် လက်နက်သေတ္တာ ၂ လုံး ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိသည်ဟု စစ်တွေမြို့ လုံခြုံရေးအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။ ရှာဖွေတွေ့ရှိသည့် အိမ်မှာ AZG ၀န်ထမ်း တဦးဖြစ်သူ ဦးကျော်လှအောင်၏ နေအိမ်ဖြစ်၍ ယင်းနေအိမ်မှာ စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက် ဗလီအနီးတွင် တည်ရှိသည်ဟု စစ်တွေမှ လာသည့် သတင်းများ အရသိရသည်။

ဦးကျော်လှအောင်၏ လုပ်ဖေါ်ကိုင်ဖက် ၀န်ထမ်းနှစ်ဦးမှာလည်း တိမ်းရှောင်လျှက်ရှိပြီး ၎င်းတို့အမည်မှာ ကိုဇော်လင်းထွန်းနှင့် ကိုလှရွှေ တို့ဖြစ်သည်ဟု သိရှိရသည်။ 


ယင်းလက်နက် သေတ္တာ ၂ လုံးတွင် သေနတ်များ၊ ခဲယမ်းမီးကျောက်များ ပါဝင်ကာ အခြားသော စာရွက်စာတမ်းများပါ ပါဝင်သည်ဟု သိရှိရသည်။ စစ်တွေမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်များတွင် အာရ်ပီဂျီ ပခုံးထမ်းလောင်ချာ လက်နက်များလည်း ဘင်္ဂါလီ အကြမ်းဖက်သူများထံမှ တွေ့ရှိရသည်ဟုလည်း မျက်မြင် သက်သေများက ဆိုသည်။
 အယ်လ်ကိုင်ဒါနှင့် ဆက်သွယ်သော ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာ ဖမ်းဆီး
 (The Voice Weekly)

ရန်ကုန်၊ ဇွန် ၁၁

ရခိုင်ပြည်နယ်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားစေရ
န် လှုံ့ဆော်ဦးဆောင်ကြသူများတွင် ပါဝင်သည်ဟု ယူဆရသူ ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာက ယနေ့တွင် ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် ဒေါက်တာထွန်းအောင်ကို မောင်တောမြို့နယ် သုံးမိုင်တွင် သက်သေ အထောက်အထားခိုင်လုံစွ
ာဖြင့် ယနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်တွေမှ ရန်ကုန်သို့ ထွက်ခွာမည့် Air Kanbawza လေယာဉ်၊ ထိုင်ခုံနံပါတ်-၆ တွင် လိုက်ပါစီးနင်းမည်ဟု လက်မှတ် ၀ယ်ယူထားသော ၄င်း၏သမီးဖြစ်သူကိုမူ အယ်လ်ကိုင်ဒါနှင့်ဆက်သွယ်သော စာရွက်စာတမ်းများနှင့်အတူ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာထံမှ သိရှိရသည်။

အထက်ပါ သတင်းအား သမ္မတရုံး အကြီးတန်းအရာရှိ Mhuu Zaw ဖေ့စ်ဘွတ်မှ 
ပြန်လည် ဖြေကြားချက်


စိစစ်ဆဲ Case ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။  အချက်အလက်များ ခိုင်မာပြည့်စုံချိန်တွင် တရားဝင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။ 
(Mhuu Zaw)
 
The Voice Weekly Facebook စာမျက်နှာတွင် ဖော်ပြခဲ့သော သတင်းတစ်ပုဒ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက “စိစစ်ဆဲ Case ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။ အချက်အလက်များ ခိုင်မာပြည့်စုံချိန်တွင် တရားဝင် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ပါသည်” ဟု အကြောင်းပြန်လာသည့် အတွက် လိုအပ်သည့် စိစစ်မှုများ ပြုလုပ်ရန်နှင့် အမျိုးသား လုံခြုံရေးကို ရှေးရှု၍ ဖယ်ရှားထားပါကြောင်း၊ အဆိုပါ သတင်း၏ နောက်ဆက်တွဲ ဖြစ်စဉ်များကို စစ်တွေမြို့သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်များက ခိုင်လုံတိကျသော သတင်းရင်းမြစ်များထံမှ ဆက်လက် စုံစမ်းထားသည်များ ရှိသော်လည်း တရားဝင် သတင်း ထုတ်ပြန်ပြီးမှသာ ပြန်လည် ဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ် ပါသည်။

The Voice Weekly ဂျာနယ်မှ အဆိုပါသတင်းအား အထက်ပါအတိုင်း ပြန်လည် ရေးသားထားပါတယ်..။
 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )