Apple ကုမ္ပဏီမှ ထပ်မံ ထုတ်လုပ်မည့် အိုင်ဖုန်း အသစ် သည် အပါးလွှာဆုံး စကရင် မျက်နှာပြင်ဖြင့် ထွက်ပေါ် လာဖွယ် ရှိကြောင်း သိရသည်။ ထိုနောက်ဆုံးပေါ်ဖုန်းတွင် in-cell နည်းပညာ အသုံးပြုထား၍ လက်နှင့်ထိတွေ့မှုကို အာရုံခံနိုင်သော Touch Sensor များကို ဖုန်းထိပ်ပိုင်းတွင် မထားဘဲ စကရင်အောက်တွင် ထားရှိမည်ဟု ဆိုသည်။
ထို့ကြောင့် အိုင်ဖုန်းအသစ်သည် လက်ရှိ နောက်ဆုံးထွက်ထားသော အိုင်ဖုန်းဖိုးအက်စ်ထက် တစ်မီလီမီတာခန့်ပို၍ ပါးလွှာမည် ဖြစ်သော်လည်း ရုပ်ပုံအရည်အသွေး ပိုကောင်းမွန်လာမည်ဟု ဝေါလ်စထရိဂျာနယ်တွင် ဖော်ပြသည်။ ယခုအခါ Apple သည် ဆမ်ဆောင်းနှင့် ဈေးကွက်တွင် ယှဉ်ပြိုင်နေရပြီး ၎င်း၏ အိုင်ဖုန်းဖိုးအက်စ်မှာ အထူ ၉ ဒသမ ၃ မီလီမီတာရှိ၍ ဆမ်ဆောင်း၏ Galaxy SIII ဖုန်းမှာ အထူ ၈ ဒသမ ၆ မီလီမီတာသာ ရှိသည်။ ယခင် Apple မန်နေဂျာဟောင်း လတ်စလီဂရမ်ဒီကလည်း အိုင်ဖုန်းအသစ်သည် ယခင်ဖုန်းများထက် စကရင်ပိုကြီးပြီး မျက်နှာပြင်အရွယ် ၇ လက်မခန့် ရှိပါက ပိုကောင်းကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
8:50 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com