ဇာတ်ကားတွေ သိပ်မရိုက် ဖြစ်တော့ဘဲ မိသားစု စီးပွားရေး ရတနာ လုပ်ငန်းကို ပိုပြီး လုပ်ဖြစ်နေတဲ့ ပပဝင်းခင်က နောက်ပိုင်းမှာ ပရိသတ်တွေအတွက် ဇာတ်ကားတွေ ပြန်ရိုက် မယ်လို့ ပြောပြပါတယ်။ ဇာတ်ကား ရိုက်ကူးဖို့ ကမ်းလှမ်းထားတာတွေ ရှိပြီး ဂျာနယ်၊ မဂ္ဂဇင်း ကာဗာတွေ ရိုက်ကူးဖြစ်နေတယ်လို့ဆိုတဲ့ ပပဝင်းခင်က...
“ပပလည်း နောက်ပိုင်းမှာ ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ဘူး။ ပရိသတ်တွေက ဇာတ်ကားတွေ ရိုက်စေချင်ကြတယ်။ အားမရကြဘူး။ ပပကလည်း အိမ်က မိသားစု စီးပွားရေးလုပ်ငန်းတွေ ပိုလုပ်ဖြစ်နေတော့ ဒီဘက်ကို သိပ်မလုပ်ဖြစ်ဘူး။ ဒါပေမဲ့ ပပ အခုနောက်ပိုင်း ပုံမှန်လေး ပြန်လုပ်ပါမယ်။ ကိုယ်လုပ်တဲ့ အလုပ်တွေကလည်း ပရိသတ်အတွက် အကောင်းဆုံး လုပ်သွားမှာပါ။ တချို့တွေက ပပကို မရိုက်တော့ဘူးလားလို့ ပြောကြတယ်။ ပပကိုယ်တိုင်က အနေအေးတာလည်း ပါတယ်။ ခရီးသွားနေတာတွေလည်း ရှိတော့လေ။ ပရိသတ်က အမြဲမြင်စေချင်ကြတယ်ဆိုတော့ ဇာတ်ကားတွေ ပြန်ရိုက်မှာပါ။
ဇာတ်ကား ရိုက်ကူးရေးတွေ စိစစ်ပြီး လုပ်လာတဲ့အချိန်မှာ ကိုယ့်အိုက်တင်တွေရော အကုန်ပြန်ပြီး လေ့လာဖြစ်တယ်။ ဒီတစ်ခါ ပြန်ရိုက်ရင်တော့ ပရိသတ်အတွက် အကောင်းဆုံးတွေ ဖြစ်မယ်လို့ ထင်ပါတယ်။ စိတ်ကူးတွေလည်း အများကြီး ရှိတယ်” လို့ ဇာတ်ကားတွေအကြောင်း ပြောပြပါတယ်။ ပရိသတ်တွေက အိမ်ထောင်ပြုသွားပြီလားလို့ မေးနေကြတာတွေလည်း ရှိတာကြောင့် အစီအစဉ်ရှိရင် ပရိသတ်တွေကို ပြောပြမယ်။ အခုတော့ အစီအစဉ် မရှိသေးသလို ဖူးစာပါတဲ့ အချိန်ပေါ့” လို့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပပဝင်းခင်က ပြောပြပါသေးတယ်။
မေမွန်မောင်
8:52 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com