22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 16, 2012

ရန်ကုန် တွင် ပထမဦးဆုံး Barcamp X ပြုလုပ်မည်

ရန်ကုန် တွင် ပထမဦးဆုံး Barcamp X ပြုလုပ်မည်ရန်ကုန်တွင် ပထမဦးဆုံး အကြိမ် Barcamp X ပွဲကိုလာမည့် ဩဂုတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိမြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ ပါဝင်ပြီး MICT Park တွင်ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း Organizer တစ်ဦးဖြစ်သည့် မထိုက်ထိုက်အောင် ကပြောသည်။ အဆိုပါ Barcamp X ပွဲကို ထူးခြားသည့် အစီအစဉ်သုံးမျိုးဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး ၄င်းအစီအစဉ် သုံးမျိုးမှာ Education Camp,Data Camp,Health Camp ဆိုသည့် Camp သုံးမျိုးဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ် ကြောင်းသိရသည်။
Organizer တစ်ဦးဖြစ်သည့် မထိုက်ထိုက်အောင်က "ဒီပွဲမှာက Camp တစ်ခုစီကို Topic 28 ခုနဲ့ပြုလုပ်သွား ဖို့ရှိတယ်။ Topic ၁၄ ခုကိုပွဲလာတဲ့လူတွေထဲကပြောရမှာ Camp ၃ ခုလုံးမှာ Topic ၂၈ ခုရှိတယ်"ဟုပြောသည်။
၃ ရက်နေ့တွင် Datacamp ၊ ၄ ရက်နေ့တွင် Education Camp၊ ၅ ရက်နေ့တွင် Health Camp ကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။ ယခုကျင်းပမည့် Barcamp X တွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် အဓိကကျသည့် ကျန်းမာရေးနှင့် ပညာရေးကို အဓိကထားဆွေးနွေးပြီး ကျန်းမာရေးနှင့် ICT ကဏ္ဍ တို့ ပူး ပေါင်းပြီး Mobile Health Care အစီအစဉ်များအပြင် ICT နှင့် Egannaring တို့ ပူးပေါင်း၍လည်း ကွန်ပျူတာ ဆော့ဖ်ဝဲလ်၊ ဟာ့ဒ်ဝဲနှင့်ပတ် သက်သည့် အကြောင်းအရာများအပြင်အခြားသောအိုင်တီများ ဒီဇိုင်းနှင့် ပတ်သက်သည်များကိုပါ ဆွေးနွေးသွားမည်ဟု" ဦးသောင်းစုငြိမ်းကပြော သည်။
ဦးသောင်းစုငြိမ်းက ဆက်လက်၍ "အခုလုပ်မယ့် Barcamp X ပွဲကတော့ ၂၀၁၂ ဖေဖော်ဝါရီလမှာကျင်းပခဲ့တဲ့ Barcamp Yangon ရဲ့နောက် ဆက်တွဲ လို့တော့ ပြောလို့ရပါတယ်။ Barcamp ဆိုတာတော့ အားလုံးသိတဲ့ အတိုင်း ကိုယ့်ဆီမှာရှိတဲ့ Knowledge တွေကို Sharing လုပ်တာပါ။ ဒါပေမဲ့ ဒီ Barcamp Xက အရင် Barcamp  တွေလောက်တော့ အကြီးစားမဟုတ်ပါဘူး " ဟုသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )