22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 16, 2012

မြီးကောင်ပေါက်စ ဆယ်ကျော် သက်အရွယ်နှင့် ဟော်မုန်း

မြီးကောင်ပေါက်စ ဆယ်ကျော် သက်အရွယ်နှင့် ဟော်မုန်းဆယ်ကျော် သက်အရွယ် ဟာ တစ် ကိုယ် အရေဖွံ့ ဖြိုးမှုနဲ့ စိတ် ခံစားမှု တို့အ ပြောင်းအလဲဖြစ်တဲ့ အချိန်ဖြစ်ပါတယ်။ ခန္ဓာကိုယ်က စတင်ပြောင်းလဲလာသလို ဟော်မုန်းတွေကလည်း စတင် အတက် အကျဖြစ်လာလို့ပါ။ ဒီလို ဟော်မုန်းအ ပြောင်းအလဲကြောင့် စိတ်ဆိုးမာန်ဆိုး ဖြစ်လွယ်ပြီး စိတ်မြန်စိတ်ဆတ်နေတတ် ပါတယ်။ ဒါကြောင့်ဘယ်လိုအခြေအနေ က ပုံမှန်လဲ၊ ဘယ်လိုအချိန်မှာ ဆေးပ ညာအကူအညီလိုအပ်သလဲ ဆိုတာကို သိနားလည်ဖို့ မိဘတွေအတွက် အရေး ကြီးပါတယ်။
ဟော်မုန်းအဆင့် ပုံမှန်ဖြစ်စေရန်
ဟော်မုန်းတွေက စတင်အတက် အကျဖြစ်တာကြောင့် မြီးကောင်ပေါက် စ ဆယ်ကျော်သက်အနေနဲ့ အနည်းငယ် စိတ်ရှုပ်ထွေးမှု ဖြစ်ရတတ်ပါတယ်။ဆယ် ကျော်သက်အများစုအတွက် ဟော်မုန်း အတက်အကျဖြစ်တာကြောင့် စိတ်ရှုပ် ထွေးမှု ဖြစ်ရတာက ပုံမှန်အခြေအနေပါ။ ဒီအချိန်မှာ စိတ်တည်ငြိမ်မှု ရှိရှိ ရင်ဆိုင် ကျော်လွှားနိုင်ဖို့ လိုက်နာသင့်တဲ့ နည်း လမ်းတွေကို ရေးသားလိုက်ရပါတယ်။
အိပ်ရေးဝ၀ အိပ်စက်ပါ
မြီးကောင်ပေါက်စ ဆယ်ကျော် သက်တွေအနေနဲ့ ပျမ်းမျှအားဖြင့် တစ်ည မှာ အိပ်စက်ချိန် ကိုးနာရီနဲ့ ၁၅မိနစ်ခန့် လိုအပ်ပါတယ်။ ဒါပေမဲ့ အိပ်စက်မှုအ လေ့အထကို ကျောင်းဖွင့်ရက်တွေမှာ တစ် မျိုး၊ ကျောင်းပိတ်ရက်တွေမှာ တစ်မျိုး မပြောင်းလဲသင့်ပါဘူး။ ဒီလိုပြောင်းလဲ တာကြောင့် သင်ရဲ့ အိပ်စက်မှုအလေ့အ ထကို အဟန့်အတားဖြစ်စေနိုင်လို့ပါ။
လေ့ကျင့်ခန်း ကောင်းကောင်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာကြောင့် အိပ် ရေးဝ၀ အိပ်မောကျစေပါတယ်။အိပ်စက် အနားယူတာက စိတ်ဖိစီးမှုကို တွန်းလှန် နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။
အာဟာရပြည့်ပြည့်ဝ၀ စားသောက်ပါ
ကဖင်းနဲ့ ဆော်ဒါအချိုရည်ကို တတ် နိုင်သမျှ ရှောင်ပါ။ တစ်နေ့မှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အနည်းဆုံး ငါး- ခြောက်ကြိမ် စားပေးပါ။ နံနက်စာကို ကောင်းကောင်း စားပေးသင့်ပြီး နေ့လယ် စာနဲ့ ညစာကိုလည်း မှန်မှန်စားသင့်ပါ တယ်။ အဆင်သင့်အစာနဲ့ ပေါ်ပင်အစာ တွေကိုလည်း ရှောင်သင့်ပါတယ်။ သ ကြားကို တတ်နိုင်သမျှ ထိန်းချုပ်စားပါ။
ဟော်မုန်းအတက်အကျကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေလျှင်
- ဟော်မုန်းအပြောင်းအလဲကြောင့် အ ကြီးအကျယ် စိတ်ဓာတ်ကျတဲ့ ခံစားချက် ဖြစ်ပေါ်နေရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။ စိတ်ဓာတ်ကျမှုအတွက် ဆေးကုသမှုခံယူ နေချိန်မှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်အ တိုင်း စနစ်တကျ လိုက်နာသင့်ပါတယ်။
- မြီးကောင်ပေါက်စ ဆယ်ကျော်သက် အရွယ်မှာ စိတ်ဓာတ်ကျလိုက်၊ စိတ်ြွက လိုက် အပြောင်းအလဲ ဖြစ်နိုင်ခြေ များ ပါတယ်။ စိတ်အပြောင်းအလဲ ဖြစ်မှုကို မိမိဘာသာ ကိုင်တွယ်ထိန်းချုပ်နိုင်မှု မရှိ ရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါ တယ။်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )