22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပ

DSC_2046
၂၀၁၂ ဇူလိုင်၁၉ ရက်နေ့ တွင် ကျရောက်သော ၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။ 
DSC_4101
ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ခေါင်းဆောင်များကို ဂါရဝပြုနေစဉ်
အဆိုပါ အခမ်းအနားကို နံနက် ၈နာရီတွင်ကျင်းပခဲ့ရာ အခမ်း အနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခဲ့ပြီး လွမ်းသူပန်းခွေချ အလေးပြုခြင်း ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော် အလံကိုတိုင်ဝက်သို့လျှော့ချ လွှင့်ထူကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ က သေနက်မြှောက် အလေးပြုခြင်း စစ်ခရာအဖွဲ့က အလေးပြု ခရာမှုတ်ခြင်း ပြုလုပ်ခဲ့သည်။ တက်ရောက်လာသူများက အာဇာနည်ခေါင်း ဆောင်ကြီးများအား မေတ္တာပို့အမျှ ဝေရန် နှစ်မိနစ်ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။
ထို့နောက် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက ဂူဗိမာန်အသီးသီးတွင် လွမ်းသူပန်းခွေချ ကန်တော့ခဲ့ကြပါသည်။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ် သူ ဒေါ်အောင်ဆန်းစုကြည်က ပန်းခြင်းသုံးခြင်းဖြင့် ကန်တော့ခဲ့ပြီး သားကြီးဖြစ်သူ ဦးအောင်ဆန်းဦး ကိုယ်စားမိသားစုဝင်တစ်ဦးက လွမ်းသူပန်းခွေချ ကန်တော့ခဲ့သည်။
ဆက်လက်၍ သခင်မြ၊ ဦဘချို၊ဦးဘ၀င်း၊ဦးမန်းဘခိုင်၊ မိုင်းပွန်စောဘွားစ၀်စံထွန်း၊ ဦးရာဇာတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့၏ မိသားစုဝင်များက အသီးသီးလွမ်းသူ ပန်းခွေချ ကန်တော့ခဲ့ကြသည်။       အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းဒေသကြီး လွှတ်တော်၊ပါတီ၂၀ကျော်နှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီ၊မီးသတ်၊ သဘင်အစည်းအရုံး ၊ ဂီတအစည်းအရုံး၊ ရုပ်ရှင်အစည်းအရုံးနှင့် စာပေစာနယ်ဇင်းအဖွဲ့၊ ရိုးရာပန်းပညာရှင်များအသင်း စသည်တို့မှ တာဝန်ရှိသူများက လွမ်းသူပန်းခွေချ အလေးပြု ခဲ့ကြသည်။
DSC_3976
ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဂါရဝပြုစဉ်
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အပါအ၀င် သံရုံးအသီးသီးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများမှ အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းသူပန်းခွေများဖြင့် လာရောက် ဂါရ၀ ပြုခဲ့ကြသည်။
ယင်းနောက် အာဇာနည် ဗိတ်မာန်အား နံနက် ၁၀နာရီခွဲ နောက်ပိုင်း မှစ၍ သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း အများပြည်သူများကို ၀င်ရောက်ခွင့်ပြုခဲ့ပြီး ပြည်သူများက အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွှတ် အလေးပြုခဲ့ကြသည်။
 ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသော အာဇာနည် ခေါင်းဆောင်ကြီးများ
စဉ်     အမည် ရာထူး
ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅-၁၉၄၇)             ၀န်ကြီးချုပ်
သခင်မြ(၁၈၉၇-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
ဦးဘချို(၁၈၉၄-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
ဦးရာဇာတ်(၁၈၉၈-၁၉၄၇) ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန၀န်ကြီး
ဦးဘ၀င်း(၁၉၀၁-၁၉၄၇) ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
မန်းဘခိုင်(၁၉၀၃-၁၉၄၇) စက်မှုလက်မှုနှင့် အလုပ်သမား ၀န်ကြီးဌာန၀န်ကြီး
မိုင်းပွန်စော်ဘွား စ၀်စံထွန်း(၁၉၀၇-၁၉၄၇) အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီး
ဦးအုန်းမောင်(၁၉၁၃-၁၉၄၇) လမ်းပန်းဆက်သွယ်ရေး ဌာနအတွင်းဝန်
ရဲဘော်ကိုထွေး(၁၉၂၉-၁၉၄၇)                    ပညာရေးဝန်ကြီး၏ သက်တော်စောင့်
ကိုးကား။         ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ အတ္ထုပ္ပတ္တိ စာစောင် (၁၉၇၁)၊၂၀ ရာစု မြန်မာ့သမိုင်းကို ပြောပြနေသောနေ့စွဲများ စာအုပ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )