22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

iPad ကို စိန်ခေါ်မယ့် Surface တက်ဘလက်



မိုက်ခရိုဆော့ဖ်ရဲ့ ပထမဦးဆုံးထုတ် ကွန်ပြူတာ ကိုင်ထားတဲ့ အမှုဆောင် အရာရှိချုပ် စတိဗ် ဘောမာ

မိုက်ခရိုဆော့ဖ် ကုမ္ပဏီကနေ Surface တက်ဘလက် လက်ကိုင် ကွန်ပြူတာ ထွက်လာမယ်လို့ ဇွန်လ ၁၈ ရက်နေ့က ကယ်လီဖိုးနီးယား ပြည်နယ် လော့စ် အိန်ဂျလိစ်မှာ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Touch screen အသုံးပြုထားတဲ့ ဒီတက်ဘလက်မှာ မိုက်ခရိုဆော့ဖ်ရဲ့ ထွက်လာတော့မယ့် windows 8 OS ကို ထည့်သွင်း အသုံးပြုထားမှာ ဖြစ်ပြီး၊ ကွန်ပြူတာ ဦးနှောက်လို့ ခေါ်တဲ့ Processor အပိုင်းမှာတော့ intel ဒါမှမဟုတ် ARM processors တို့ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။

ဒီအတွက် အက်ပဲလ် ရဲ့ လက်ရှိ အရောင်းရဆုံး iPad လက်ကိုင် ကွန်ပြူတာကို အတိအကျ စိန်ခေါ်တော့မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Surface တက်ဘလက်တွေမှာ မိုက်ကရိုဆော့ဖ်ရဲ့ ကိုယ်ပိုင်ထုတ် office ပရိုဂရမ်တွေနဲ့ photoshop တို့ကိုပါ အသုံးပြုနိုင်မှာကြောင့် ဖြစ်ပါတယ်။

ဒါပေမယ်လို့ windows 8 ကို အသုံးပြုပြီး တက်ဘလက် ထုတ်လုပ်မယ့် တခြား ကုမ္ပဏီတွေနဲ့တော့ မိုက်ကရိုဆော့ဖ်ဟာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

မိုက်ကရိုဆော့ဖ် အမှုဆောင် အရာရှိချုပ် စတိဗ် ဘောမာကတော့ ဒီ တက်ဘလက် ကွန်ပြူတာနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ဆော့ဖ်ဝဲကို တခါတည်း ထည့်သွင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆားဖေ့စ် တက်ဘလက်ဟာ ဒေါင့်ဖြတ် မျက်နှာပြင်အကျယ် ၁၀.၆ လက်မ ရှိမှာ ဖြစ်ပြီး၊ မဂနီဆီယမ်အိမ်ထဲ ထည့်သွင်း ပြုလုပ်ထားမှာ ဖြစ်ပါတယ်။

နောက်ဘက်မှာလည်း ထောင်ထားလို့ ရအောင် ထောက်တခု တပ်ဆင် ပေးထားမှာ ဖြစ်ပါတယ်။

အထူအားဖြင့် ၉.၃ မီလီမီတာ ရှိမှာဖြစ်တဲ့အတွက် iPad ထက်စာရင် အနည်းငယ် ပို ပါးမှာလည်း ဖြစ်ပါတယ်။

Intel processor အတွက်တော့ ဝင်းဒိုးစ် ၈ ကို ထည့်သွင်းထားမှာ ဖြစ်ပြီး၊ ၁၃.၅ မီလီမီတာ အထူရှိမှာ ဖြစ်ပါတယ်။

အဲဒီမှာတော့ အရင် windows အတွက် ထုတ်လုပ်ထားတဲ့ ဆော့ဖ်ဝဲ တွေကိုလည်း ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

တချို့ပရိုဂရမ်တွေ ကတော့ surface နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ update လုပ်ပြီးမှ သုံးလို့ရမှာဖြစ်ပါတယ်။

Intel processor အသုံးပြုထားတာ ဖြစ်တဲ့အတွက် iPad ထက် အနည်းငယ် ပိုလေးမှာ ဖြစ်ပြီး၊ မျက်နှာပြင်ကတော့ iPad ထက် ပိုကျယ်မှာပါ။

အချက်အလက် သိမ်းဆည်းနိုင်မယ့် ပမာဏကတော့ ARM အတွက် ၃၂ ဒါမှမဟုတ် ၆၄ gigabytes ရှိမှာဖြစ်ပါတယ်။

Intel သုံးထားတဲ့ တက်ဘလက် အတွက် ကတော့ ပမာဏ ၆၄ နဲ့ ၁၂၈ gigabytes တို့ ရှိကြမှာ ဖြစ်ပါတယ်။

ဈေးနှုန်းနဲ့ ဈေးကွက်

မိုခရိုဆော့ဖ် ဟာ သူ့တို့ထုတ်လုပ်တဲ့ windows 8 ကို ထည့်သွင်း အသုံးပြုမှာ ဖြစ်တဲ့အတွက် OS အတွက် လိုင်စင်ကြေး ကုန်ကျမှု မရှိတာကြောင့် ဈေးကွက်မှာ သူများနဲ့ ယှဉ်ပြိုင် ရောင်းချနိုင်မှာ ဖြစ်တယ် လို့ Gartner နည်းပညာ အတိုင်ပင်ခံ ဒုတိယ ဥက္ကဋ္ဌ Carolina Milanesi ကပြောပါတယ်။

ဒီအတွက် တခြား တက်ဘလက် ထုတ်လုပ်သူတွေအတွက် စိတ်ပျက်စရာ ဖြစ်စေ လိမ့်မယ်လို့လည်း သူကပြောပါတယ်။


iPad ထက် ပိုမို စွမ်းအားမြင့်တဲ့ ပစ္စည်းတွေကို အလိုရှိမယ့် ဈေးကွက်ကို မိုခရိုဆော့ဖ် က အဓိကထား ရောင်းချမယ့် ပုံပေါ်တယ်လို့ ဆိုပါတယ်။

AMR processor သုံးထားတဲ့ Surface တက်ဘလက်တွေ ကိုတော့ အများပြည်သူ သုံးနိုင်ဖို့ အဓိကထား ရောင်းချ မှာ ဖြစ်ပြီး၊ intel processor သုံး တက်ဘလက်တွေကိုတော့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် အဓိက ထားဖို့ ရှိပါတယ်။



Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )