22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

အဂ္ဂါကို ဘာစီလိုနာ အသင်း စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာ

လီဗာပူးလ် အသင်း အနေဖြင့် နောက်ခံလူ ဒန်နီရယ်လ် အဂ္ဂါကို ဘာစီလိုနာက စိတ်ဝင်စားလာသည်ဆိုသော သတင်းကြောင့် စိုးရိမ်စရာ ဖြစ်လာခဲ့ရသည်။

ဘာစီလိုနာတွင် နည်းပြရာထူးကို တာဝန်ယူ ဆက်ခံခဲ့သော တီတို ဗီလာနိုဗာသည် ဥရောပအဆင့် ဗဟို ခံစစ်မှူး တစ်ဦးကို အလေးအနက် ရှာဖွေလျှက် ရှိသည်။ ဗီလာနိုဗာသည် သီယာဂို ဆေးလ်ဗား၊ သောမတ်စ် ဗာမေလန်တို့ကို ခေါ်ယူရန် အဆင်မပြေ ဖြစ်ခဲ့သည့်နောက် လီဗာပူးလ်၏ ဒိန်းမတ် လက်ရွေးစင်ထံ မြားဦး လှည့်လာခြင်း ဖြစ်သည်။ ဘာစီလိုနာ အသင်းခေါင်းဆောင် ကားလက်စ် ပူယိုးလ်သည် အသက်အရွယ်အရ အကျပိုင်း ရောက်လာသည့်နောက် ၎င်းနေရာကို အစားထိုးရန် အသင်းက စီစဉ်လာခဲ့သည်။



ဘာစီလိုနာသည် မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ထံမှ လာလီဂါ ချန်ပီယံဆုကို လက်လွှဲယူရန်အတွက် ကျစ်လစ် တောင့်တင်းသော ခံစစ်ဇုန် တစ်ခုကို တည်ဆောက်နိုင်ရေး စီစဉ်ထားပြီး ဂျရတ်ပီကေးနှင့် တွဲဖက်ကစားရန် အဂ္ဂါကို စိတ်ဝင်စားလာခြင်း ဖြစ်သည်။ ရာသီသစ်အတွက် ပြင်ဆင်နေသော လီဗာပူးလ်အတွက် အဆိုပါ သတင်းသည် စိတ်ပျက်စရာ အခြေအနေလည်း ဖြစ်လာသည်။ Daily Mail သတင်းစာက ဗီလာနိုဗာသည် အက်သလက်တီကို ဘီလ်ဘာအိုမှ ဟာဗီမာတီနက်ဇ်ကို ချိတ်ခဲ့သော်လည်း ဈေးနှုန်း ကြီးမြင့်လွန်းသဖြင့် အဂ္ဂါထံ ဦးတည် လာခြင်းဟု ဖော်ပြသွားသည်။

ဖြစ်လာသည်။ Daily Mail သတင်းစာက ဗီလာနိုဗာသည် အက်သလက်တီကို ဘီလ်ဘာအိုမှ ဟာဗီမာတီနက်ဇ်ကို ချိတ်ခဲ့သော်လည်း ဈေးနှုန်း ကြီးမြင့်လွန်းသဖြင့် အဂ္ဂါထံ ဦးတည်လာခြင်းဟု ဖော်ပြသွား...
လီဗာပူးလ် မန်နေဂျာသစ် ဘရန်ဒန် ရော့ဂျာသည် အသင်းကို လူအပြောင်းအလဲများဖြင့် ပြင်ဆင် ဖွဲ့စည်းရန် ကြိုးပမ်းနေသော်လည်း အဂ္ဂါကိုမူ အန်းဖီးလ်တွင် ဆက်လက် ထိန်းသိမ်းထားရေး ကြိုးပမ်းနိုင်ကြောင်းလည်း သိရှိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )