22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

အမျိုးသမီး ကျန်းမာရေး အတွက် သိသင့်တဲ့ အချက်

အမျိုးသမီးသင့်အနေနှင့် သွေးဆုံး ပြီး အမျိုး သမီး များမှာ ဖြစ်တတ် တဲ့ ကိုယ်သား ကိုယ်ရေ ပူခြင်း (Hot Flashes) ဖြစ် တတ်တယ်ဆိုရင် ယင်းအခြေအနေ ဖြစ်အောင် ဖန်တီးပေးတဲ့အရာများ (Triggers) ကို ရှောင်ပါ။ ယင်းတို့ ကတော့ လက်ဖက်ရည်၊ ကော်ဖီနှင့် ကိုလာများ၊ ချောကလက်၊ အရက်နှင့် ဟင်းခတ်အမွှေးအကြိုင်၊ ဆား သို့ မဟုတ် သကြားလွန်ကဲစွာပါတဲ့ အစား အစာများပါဝင်တယ်။ စွပ်ပြုတ်ရည် ပူပူနှင့် သောက်စရာများ၊ ဒါမှ မဟုတ် ထမင်းများများစားခြင်းက ထိုဝေဒနာ ကို ဖြစ်စေတယ်လို့ တချို့အမျိုး သမီးတွေက ပြောဆိုကြပါတယ်။
ရာသီလာစဉ်ကြွက်တက်ခြင်းကို သက်သာစေနည်း
ရာသီလာစဉ်ြွကက်တက်ခြင်း (Menstrual Cramping) ကြောင့် မအီမသာဖြစ်မှုကို သက်သာရာရစေဖို့ Liver 3 လို့ခေါ်တဲ့ ဓာတ်အပ်စိုက် နေရာကို ဖိပေးပါ။ Liver 3 ဆိုတဲ့ နေရာကတော့ ခြေမနှင့် ခြေမဘေးရ ခြေချောင်းကြား အပေါ်ဘက်နေရာ ဖြစ်တယ်။ ခြေနှစ်ဖက်စလုံးရဲ့ ယင်း နေရာကို လက်ညှိုးနှင့် ဖိထောက် ထားပြီး နှိပ်ပေးပါ။
ဒီအစားအစာတွေကိုရှောင်
သင့်မှာ မီးယပ်သွေးမပေါ်မီ လက္ခဏာစု (Premenstrual Syndrome, PMS) ခံစားရပါက ကဖင်း၊ သကြား၊ ဆား၊ နို့နှင့် နို့ ထွက်ပစ္စည်းများနှင့် ဂျုံဖြူတို့ စားသုံးခြင်းကို လျှော့ပါ။ ယင်းအစား အစာတို့က ဏြှ ကို ရံဖန်ရံခါ ပိုဆိုးသွားစေကြောင်း လေ့လာမှုများ က ပြသထားတာရှိတယ်။ တစ်နေ့ ထမင်း ၃ ကြိမ်စားခြင်းအစား ၆ ကြိမ် လောက် နည်းနည်းချင်း ခွဲစားတာက PMS ကို ပိုသက်သာစေပါတယ်။ အင်ဆူလင် ပမာဏ အပြောင်းအလဲ သိပ်မဖြစ်စေဘဲ တည်တံ့စေခြင်း ကြောင့် လို့ယူဆရပါတယ်။
ဦးလှမြင့် (ဂန္ဓမာ) Ref : Do-it Yourself Health (Time Life Books)
Print Friendly and PDFPrintPrint Friendly and PDFPDF

1 comments:

Aung Lu Lu said...

ကျေးဇူးပါ

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )