22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 23, 2012

အင်တာနက်ပေါ်က ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု တရားစွဲမည်

အင်တာနက် Youtube မှာ ကိုယ့်ကိုကိုယ် ဗီဒီယိုရိုက်ပြီး အမြင်သဘောထားမတူတဲ့ အခြားသူတွေကို ပုဂ္ဂိုလ်ရေးအရ အသရေပျက်အောင် တိုက်ခိုက်တာတွေ ဖြစ်လာတာကြောင့် လန်ဒန် စီးပွားရေး တက္ကသိုလ်ရဲ့ ဧည့်ပညာရှင် ဒေါက်တာဇာနည်က ဥပဒေအရ တရားစွဲဖို့ ပြင်ဆင်နေကြောင်း RFA ကို ဒီကနေ့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို အခြေခံပြီး အင်တာနက်ပေါ်မှာ  လူမျိုးရေးအရ မုန်းတီးမှုကို အခြေခံတဲ့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာတွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
"နောက်ဆုံးပေါ့နော်။ Youtube ပေါ်မှာ ကိုယ့်ကိုယ်ကို ဗီဒီယို ရိုက်ပြီးတော့ တင်ပေးလိုက်တယ်။ တင်ပေးလိုက်တဲ့ ပုဂ္ဂိုလ်ရဲ့ နာမယ်က ကိုငြိမ်းချမ်း။ သူ့အဖေက မြန်မာ့ တပ်မတော်က ရေတပ်က အရာရှိဟောင်း အငြိမ်း တစ်ယောက်ပေါ့နော်။ တပ်က အရာရှိဟောင်း သားသမီးတစ်ယောက်က အင်္ဂလန်နိုင်ငံမှာ ပညာသင်ပြီးတော့ အင်္ဂလန်နိုင်ငံမှာရှိတဲ့ လွတ်လပ်မှု အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပြီးတော့ ကိုယ့် ဗမာအချင်းချင်း သွားပုပ်လေလွင့် ပြောမယ်။ မတရား တိုက်ခိုက်တာတွေ လုပ်မယ်ဆိုရင်တော့ ရှေ့နေရှေ့ရပ် အသင်းအဖွဲ့တွေနဲ့ ဒီကိစ္စကို ဘယ်လို အရေးယူရမလဲဆိုတာကို ကျနော်တို့ စကားပြောနေပါတယ်။"

ဒေါက်တာဇာနည်ကို ပုဂ္ဂိုလ်ရေးအရ အသရေဖျက်တဲ့ အနေနဲ့ ပြောဆိုထားတဲ့ Youtube ဗီဒီယိုဟာ ခြောက်မိနစ်စာ ရှိပါတယ်။ အင်တာနက်ပေါ်က ပုဂ္ဂိုလ်ရေး အသရေ လိုက်လံဖျက်ဆီးနေသူလို့ သံသယရှိဖွယ်  ဒေါက်တာငြိမ်းချမ်း ဆိုသူဟာ ဒေါက်တာဇာနည် အပါအ၀င် အင်္ဂလန်နိုင်ငံမှာ ရှိတဲ့  မြန်မာပညာရှင် အချို့ကို သူဟာ မည်သူမည်ဝါ ဖြစ်ကြောင်း ဖေါ်ပြထားတဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ် http://www.ucl.ac.uk/~ucahmnc/  ကိုလည်း အီးမေးလ်တွေက တဆင့် ဖြန့်ဖြူး ပေးပို့ခဲ့ကြောင်း ဒေါက်တာဇာနည်က ပြောပါတယ်။

သူ့ရဲ့ကိုယ်ပိုင်အင်တာနက်စာမျက်နှာမှာ University College London ကနေ သင်္ချာဘာသာရပ်နဲ့ မကြာသေးခင်ကမှ Ph.D ဒေါက်တာဘွဲ့ ရရှိထားတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါကြောင့် အင်္ဂလန် ဥပဒေနဲ့အညီ  ဒေါက်တာငြိမ်းချမ်း ဆိုသူကို တရားစွဲနိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာဇာနည်က ဆိုပါတယ်။

အလားတူပဲ အင်္ဂလန် အခြေစိုက် ဘားမားကမ်ပိန်း  (ယူကေ) ကိုလည်း ရိုဟင်ဂျာ ထောက်ခံသူတွေ ဆိုပြီး အင်တာနက်ကနေ တဆင့် ခြိမ်းခြောက် တိုက်ခိုက်တဲ့ စာတွေ ဆက်တိုက် ပေးပို့နေတဲ့ အခြေအနေဟာ စိုးရိမ်စရာ ဖြစ်လာနေပြီလို့ အဖွဲ့ရဲ့ ညွန်ကြားရေးမှုး Mark Farmaner က ပြောပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )