22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 23, 2012

မိုရာအား မန်ယူတွင် လာကစားရန် ဖိတ်ခေါ်လိုက်သည့် ရာဖေးလ်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ရာဖေးလ် ဒါဆေးလ်ဗားက ၎င်း၏ ဘရာဇီးလ် အိုလံပစ် အသင်း ကစားဖော် လူးကက်စ် မိုရာအား မန်ယူတွင် လာကစားရန် တိုက်တွန်း ဖိတ်ခေါ်လိုက်သည်။

မန်ယူ အသင်းသည် ဆော်ပေါ်လို အသင်းမှ ကွင်းလယ် တိုက်စစ် ကစားသမားလေး မိုရာကို ချိတ်ဆက် နေသော်လည်း အောင်မြင်မှု မရသေးဘဲ ဖြစ်နေသည်။ ထိုအချိန်တွင် ရာဖေးလ်က မိုရာအား အိုးလ်ထရက်ဖို့ဒ်တွင် မိမိနှင့် လာရောက် ပူးပေါင်းသင့်ကြောင်း အကြံ ပြုခဲ့သည်။ မိုရာသည် ကမ္ဘာပေါ်တွင် ပါရမီ အရင့်သန်ဆုံး လူငယ် သွေးသစ် ကစားသမားလေး တစ်ဦးအဖြစ် သတ်မှတ် ခံထားရသည်။ အသက်(၁၉)နှစ်ရှိ မိုရာအတွက် ယူရို (၃၅)သန်းတန် ကမ်းလှမ်းမှု တစ်ခုကို မိမိတို့ ငြင်းဆိုထားကြောင်း ဆော်ပေါ်လိုက ကြေညာခဲ့သည်။
မန်ယူမှ ချိတ်ဆက်နေသည့် လူးကက်စ်မိုရာ

ရာဖေးလ်က မိုရာ အနေဖြင့် မန်ယူကို ရွေးချယ်ခြင်းသည် အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု ဆိုသည်။ Daily Starနှင့် အင်တာဗျူးတွင် ရာဖေးလ်က "ကျွန်တော် လူးကက်စ်ကို ပြောခဲ့ပါတယ်။ မန်ယူအတွက် သူကစား ပေးသင့်တယ် ဆိုတာကိုပါ။ သူမန်ယူကို လာနိုင်ဖို့ ကျွန်တော် မျှော်လင့် ထားပါတယ်" ဟု ပြောကြားသွားသည်။ ဘရာဇီးလ် အိုလံပစ် အသင်းမှ အခြားလူငယ် တစ်ဦးဖြစ်သော အော်စကာသည် ချယ်လ်ဆီးသို့ ပြောင်းရွှေ့ရန် သဘော တူညီမှု ရရှိထားပြီး ဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ ရာဖေးလ်က "အော်စကာ ချယ်လ်ဆီးကို ရောက်လာမယ်လို့ သတင်း ကြားပါတယ်။ သူက ကစားသမားကောင်း တစ်ယောက်ပါ။ ဘရာဇီးလ် အတွက်လည်း အရေး ပါတဲ့သူ ဖြစ်ပါတယ်။ သူက အရည်အချင်း ပြည့်ဝတဲ့ ကစားသမား တစ်ယောက် ဖြစ်တာကြောင့် ပရီးမီးယား လိဂ်မှာ အံဝင်မှာပါ" ဟု မှတ်ချက်ပြုသွားသည်။
ကျွန်တော် လူးကက်စ်ကို ပြောခဲ့ပါတယ်။ မန်ယူအတွက် သူကစား ပေးသင့်တယ် ဆိုတာကိုပါ။ သူမန်ယူကို လာနိုင်ဖို့ ကျွန်တော် မျှော်လင့် ထားပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )