22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 21, 2012

ရွာသာကြီးမှာ လယ်သမားသုံးရာကျော် ဆန္ဒပြ

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ရွာသာကြီးမှာ လယ်သမား ၃ဝဝ ကျော် ဒီကနေ့ စုဝေးဆန္ဒပြခဲ့ ကြပါတယ်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်က ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ရွာသာကြီးတွင် ရှေ့နေ ကိုဖိုးဖြူ ဦးဆောင်ပြီး လယ်သမား ၃ဝဝ ကျော် စုဝေးဆန္ဒပြနေစဉ်။

သူတို့ အသိမ်းခံထားရတဲ့ လယ်မြေတွေမှာ ပြန်လည် လုပ်ကိုင်ခွင့် ရရှိရေး အပါအ၀င် နိုင်ငံတ၀ှမ်းမှာ အဓမ္မသိမ်းယူ ခံထားရတဲ့ လယ်ယာမြေတွေကို လယ်သမားတွေ လက်ထဲ ပြန်လည် ခွဲဝေ ပေးအပ်ရေး၊ လယ်သမားတွေအတွက် အာမခံချက်ရှိတဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ရေးတို့အတွက် အခုလို တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။
ဒီဆန္ဒပြပွဲကို လယ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ကိုဖိုးဖြူက ဦးဆောင်ခဲ့တာ ဖြစ်ပြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်က တောင်သူတွေ စုပေါင်းပြီး ရွာသာကြီးက ပင်လယ်ကိုးသွယ် ကုမ္ပဏီရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲကို လုံခြုံရေးအင်အား (၄၀) လောက် အနီးကပ် စောင့်ကြည့်ခဲ့ပြီး ဓာတ်ပုံမှတ်တမ်း ရယူခဲ့ကြပေမယ့် နှောင့်ယှက် တားဆီးမှုတော့ မရှိခဲ့ပါဘူး။
ဒီအတောအတွင်း ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာ လယ်ယာမြေဧက ၅၆၀ ကျော် သိမ်းယူခံထားရတဲ့ လယ်သမားတွေက ဆန္ဒပြဖို့ ဇူလိုင်လ (၁၇) ရက်နေ့က ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် အခုအချိန်အထိ ခွင့်ပြုချက် မရရှိသေးဘူးလို့ သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )