22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 22, 2012

ကျွန်တော်က ပါဖောမင့် အစစ် ကနေလာမှာပါ အဒမ်လင်(မ)ဘတ်

 

 တေးရေး အဆိုတော် ဇာတ်စင် သရုပ်ဆောင် အဒမ်လင်(မ)ဘတ် ကို အမေရိကန် ပြည်ထောင် စု အိန္ဒိ ယားနား ပိုလစ်မြို့မှာ ၁၉၈၂ ခု ဇန်နဝါရီ ၂၉ ရက်နေ့ကမွေးဖွားခဲ့ပြီး ဆန်ဒီရာဂိုမြို့မှာ ကြီးပြင်းခဲ့ပါတယ်။ ဖခင်က နော်ဝေနိုင်ငံသားဖြစ်ပြီး မိခင်က ဂျူးသွေးစပ်ပါတယ်။ မိခင်ရဲ့ ဂျူးဘာသာနဲ့ကြီးပြင်းလာခဲ့ပြီး ဘာ သာရေးပွဲတွေမှာ ဓမ္မသီချင်းတွေသီ ဆိုခဲ့ဖူးသလို အထက်တန်းကျောင်း တက်နေစဉ်မှာ ပြဇာတ်နဲ့သီချင်းဆို တာကိုဝါသနာကြီးလွန်းတာကြောင့် ကျောင်းက MC Jazz ဂျက်(ဇ်)ဂီတ ဝိုင်းမှာ သီဆိုခဲ့ပြီး အဆိုတော်ရွေးပွဲ တွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ဖူးပါတယ်။ သူအဆိုတော်သိပ်ဖြစ် ချင်တဲ့အကြောင်းကိုတော့..
"ကျွန် တော်က အဆိုတော်ဖြစ်ဖို့ ကြိုးစား နေတာပါ။ လူ့ဘောင်အဖွဲ့အစည်း မှာ အခွင့်အရေးတွေအတွက် တောင်းဆိုနေတဲ့ခေါင်းဆောင်မဟုတ် ပါဘူး}။ အသက် ၁၉နှစ်အရွယ်မှာ ခရီးသည်တင်ဇိမ်ခံသင်္ဘောပေါ်မှာ အလုပ်ရခဲ့ပြီးနောက်ပိုင်းမှာ သီချင်း ဆိုပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာကနေ အသက် ၂၁နှစ်အရွယ် မှာ Hair အမည်ရှိ ဥရောပနယ်လှည့် ဖျော်ဖြေရေးအဖွဲ့နဲ့အတူ ခြောက် လ လိုက်ပါသီဆိုခဲ့ပါတယ်။ ဒီအ ကြောင်းနဲ့ပတ်သက်ပြီး.."ကျွန်တော့် ဘဝမှာ ကြီးမားတဲ့အပြောင်းအလဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘာသာရပ်တည်ဆုံးဖြတ်ခွင့်ရ ခဲ့လို့ပါပဲ။ လိင်ကိစ္စ၊ မူးယစ်ဆေးဝါး ကိစ္စ၊ ရော့ခ်အင်ရိုး အစုံပါပဲ"။ သူက သီချင်းတွေရေးတာနဲ့စပ်လျဉ်းပြီး.. " ပွင့်ပွင့်လင်းလင်းပြောရရင် ဒီသီချင်း တွေအားလုံးက ကျွန်တော့်ရဲ့ဘဝ မှာ အမှန်တကယ်အောင်မြင်ခဲ့တာ တွေ၊ ကျရှုံးခဲ့တာတွေကို ရေးခဲ့တာ ပါ" လို့ပြောပါတယ်။
ရှစ်ရာသီ မြောက် American Idol သူ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ဒုတိယ နေရာသာရောက်ခဲ့ရပေမယ့် ဂီတ လောကထဲကို ခြေလှမ်းစတင်နိုင်ဖို့ အခွင့်အလမ်းရခဲ့ပြီး ၂၀ဝ၉ ခုနှစ်မှာ For Your Entertainment ကို ပွဲ ဦးထွက်အယ်လ်ဘမ်အဖြစ်ထုတ်နိုင် ခဲ့ပြီး အောင်မြင်မှုတွေရခဲ့ပါတယ်။ ဂရမ်မီဆုအတွက် အမည်စာရင်း တင်သွင်းခြင်းခံရသလို တခြားဆု တွေအတွက် အမည်စာရင်းတင် သွင်းခြင်းခံရတာတွေအများအပြား ရှိခဲ့ပြီး ဆုတွေလည်းရထားသူပါ။ ဒုတိယအယ်လ်ဘမ်ဖြစ်တဲ့ Tresparssing ကို ၂၀၁၂ မေလ ၁၅ ရက်နေ့မှာ ထုတ်ခဲ့ရာ ဘီလ် ဘုတ်အကောင်းဆုံးဇယားရဲ့ထိပ်ဆုံး နေရာမှာ ချိတ်နိုင်ခဲ့ပါတယ်။ ဘီလ ဘုတ်ဒစ်ဂျစ်တယ်အယ်လ်ဘမ်ဇယား နဲ့ ကနေဒါဒစ်ဂျစ်တယ်အယ်လ်ဘမ် ဇယားမှာလည်း ထိပ်ဆုံးနေရာကို ရောက်နိုင်ခဲ့ပါတယ်။ ဒီလိုအောင် မြင်မှုရရှိခြင်းဟာ ဂီတသမိုင်းမှာ သူ့ ကိုယ်သူဂေးတစ်ယောက်ပါလို့ ပထမဆုံးဗြောင်ဖွင့်ပြောသူတစ်ဦးရဲ့ အောင်မြင်မှုဖြစ်ပါတယ်။ "ကျွန် တော်ဂေးတစ်ယောက်ဖြစ်တယ်လို့ ပြောလိုက်တဲ့အတွက် ဘယ်သူကမှ အံ့အားသင့်လိမ့်မယ်လို့မထင်မိပါ ဘူး။
ကျွန်တော်ကဂေးပါ။ ဒီလိုဖြစ်ရ တဲ့အတွက် ကျေနပ်မှုရှိပါတယ်"။ သီ ချင်းရေးတဲ့အခါနဲ့ အသံသွင်းတဲ့အ ခါ စင်ပေါ်မှာ အမြင်အားဖြင့်ပါ တင်ဆက်ဖို့ သူ့ရဲ့ကြိုးစားမှုကိုတော့ .."ကျွန်တော်က ပါဖောမင့်အစစ် ကနေလာသူပါ။ စင်ပေါ်မှာ တင် ဆက်တဲ့အခါ အနုပညာဈာန်ဝင်စား တာတွေဖြစ်လာသလို သီချင်းတွေ ရေးတဲ့အခါမှာလည်း ခေါင်းထဲမှာ အမြင်နဲ့ ဘယ်လိုတင်ဆက်မလဲဆို တာစဉ်းစားတယ်။ ဒါကို စင်ပေါ်မှာ ဘယ်လိုတင်ဆက်မလဲ၊ ဂီတဗီဒီယို က ဘယ်လိုဖြစ်မလဲ၊ ဘာဝတ်ရမလဲ ..ဆိုတာမျိုးတွေပေါ့။ တချို့က သီ ချင်းကို ခေါင်းထဲမှာဖန်တီးတယ်။ ကျွန်တော်က သီချင်းအတွက် စင် ပေါ်မှာအမြင်တင်ဆက်မှုကိုခေါင်း ထဲမှာဖန်တီးတယ်"
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )