22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 22, 2012

AGD ဘဏ်မှ အပြည့်စုံဆုံး အွန်လိုင်းရှော့ပင်း ဝန်ဆောင်မှု ပေးတော့မည်

 

မြန်မာနိုင်ငံ၏ ပထမဆုံးသော အွန်လိုင်းမှဈေးဝယ် ယူခြင်းကို အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ် (AGD Bank) တွင် ငွေစာရင်း ဖွင့်လှစ်ထားသူ များအား မကြာမီ ဝန်ဆောင် မှုပေး တော့မည်ဖြစ်ကြောင်း သိရသည်။
အကောင်အထည်ဖော် စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယခုအခါ တည်ဆောက်ရေးဆွဲ မှုများ ပြီးစီးခဲ့ပြီဖြစ်သည့်အပြင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှလည်း ခွင့်ပြု ချက်ရရှိပြီဖြစ်သောကြောင့် အများ ပြည်သူများ သုံးစွဲနိုင်ရန် မကြာမီအချိန် အတွင်း စတင်တော့မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာ ပြည်တွင်းမှ ပစ္စည်းများဖြင့်သာ စတင် နိုင်ဦးမည်ဖြစ်ပြီး စီးပွားရေးပိတ်ဆို့မှုများ လုံးဝရုပ်သိမ်းသွားသည့်အချိန်တွင်မူ နိုင်ငံခြားသို့ ငွေပေးချေမှုများကိုပါ ဆောင် ရွက်သွားနိုင်မည်ဟု သိရသည်။
စမ်းသပ်သုံးစွဲလိုသူများအနေ ဖြင့် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ထားရန်လိုအပ်ပြီး ပြည်တွင်းမှ ပစ္စည်းရောင်းချသူများ၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ရွေးချယ်ဝယ် ယူနိုင်မည်ဖြစ်ကာ ၄င်းရောင်းချသူအ နေဖြင့်လည်း AGD Bank နှင့် ချိတ် ဆက်ထားမှုရှိရမည် ဖြစ်ကြောင်းသိ ရသည်။ အမေရိကန်နိုင်ငံမှ စီးပွား ရေးပိတ်ဆို့မှုရုပ်သိမ်းခြင်းနှင့် ပတ်သက် ပြီး တိကျရှင်းလင်းသော နည်းဥပဒေ များ ထွက်လာသည်နှင့်တပြိုင်နက် ပြည်ပငွေပေးချေမှုများအား စတင် နိုင်မည်ဖြစ်ပြီး ပြည်ပအွန်လိုင်း စတိုး ဆိုင်များမှပါ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ကိုနေ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )