22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 22, 2012

ဂီတ အစည်းအရုံး၏ ဒုဥက္ကဋ္ဌ ပလေးဘွိုင်း သန်းနိုင် ရာထူးမှ နုတ်ထွက်

 

''ကျွန်တော်တို့ လတ်တလောဖြစ်နေတဲ့ မြန်မာနိုင်ငံ ဂီတ အစည်း အရုံးရဲ့ ဖွဲ့စည်းပုံ လုပ်တဲ့ အခါမှာ ကြီးကြပ်ရေးအဖွဲ့က ပေါ်လာ တယ်။ အဲဒီကြီးကြပ်ရေး အဖွဲ့မှာ သူတို့တွေက ကိုယ်ဖိရင်ဖိနဲ့ လုပ်ခဲ့ကြပေမယ့် နောက်ဆုံးမှာ သူတို့လုပ်သလောက်က အကျိုးမရှိဘဲနဲ့ အပြစ်ပြောခံရ ပြီးတော့ သူတို့ရဲ့နာမည်တွေ ထိခိုက်မယ့်အခြေ အနေလေးတွေဖြစ်လာတယ်။ ဖြစ်လည်းဖြစ်သွားတယ်။ အဲဒါနဲ့ပတ်သက် ပြီး တော့ ကျွန်တော်တို့က စိတ်မကောင်းဖြစ်တဲ့ အခါမှာ ကျွန်တော် ဘယ်လိုမှလည်း လုပ်လို့ မရတော့ဘူး။ နောက်ဆုံးကျတော့ ကျွန်တော် လည်း တော်တော်လေး စိတ်ပျက်ပြီးတော့ ၁၈ရက်နေ့ အစည်းအဝေးမှာပဲ ကျွန်တော် နှုတ်ထွက်ပါတယ်လို့ ကျွန်တော်ပြောပြီးတော့ ထထွက်လာတဲ့ အခြေအနေကိုရောက်သွား ပြီးတော့ ကျွန်တော် တော်တော်လေး စိတ် မကောင်းစွာနဲ့ ခံစားရတယ်။''ဟု မြန်မာ နိုင်ငံ ဂီတအစည်းအရုံး လက်ရှိ အမှုဆောင် အဖွဲ့မှ ဒုဥက္ကဋ္ဌဖြစ်သော ပလေးဘွိုင်း သန်းနိုင်သည် ရာထူးမှနှုတ်ထွက်လိုက်ရခြင်း ကိုပြောပြသည်။
 ခေတ်သစ် ဂီတ အလွှာအကြောင်း 
ဆက်လက်၍ပလေးဘွိုင်သန်းနိုင်က ''အစည်း အရုံး ဖွဲ့ဖို့ကြီးကြပ်ရေးကော် မရှင်ဖွဲ့ တဲ့ အချိန်မှာ လူငယ်တွေက တညီတညွတ် တည်း ဘာပြောလဲ ဆိုရင် ကျွန်တော်တို့ကို အလွှာတစ်ခုပေးပါ။ ကျွန်တော်တို့ အလွှာ တစ်ခု လိုချင်ပါတယ်။ ကျွန်တော်ကတော့ ချက်ချင်းတွေးလိုက်တဲ့အခါမှာ မှန် တာပေါ့။ သူတို့လေးတွေရဲ့ထုထည်တွေက အများကြီး ရှိတယ်။ ငါ့ညီတို့မှန်တာပေါ့။ ငါ့ညီတို့ ရရမှာ ပေါ့။ ကြိုးစားကြရအောင်၊ ဖြစ်လာမှာပါ ဆိုပြီး ကျွန်တော်ပြောတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ပြန် သွားတယ်။ ပြီးသွားကြပြီးတဲ့အခါမှာ ကြီးကြပ် ဖွဲ့လိုက်တယ်။ အဲဒီမှာ လူငယ်တွေက အလွှာ ကိုဆက်တောင်းတော့ ကြီးကြပ်မှာ ပြဿနာ လေးတွေက ညှိနှိုင်းလို့မရ အမြဲဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်က ဒုဥက္ကဋ္ဌဆိုတော့ ဘာမှ သိပ်ပြောလို့မရဘူး။ ကျွန်တော့်အတွေးအခေါ် ခံစားမှုတွေက ဖြစ်မလာဘူး။ အလွှာက အခု ပေးပေး၊ နောက်မှပေးပေး ဒီလောက်တောင်း နေရင်လည်း စဉ်းစားကြရအောင်ဆိုပြီးလုပ် တော့ လူငယ်တွေကို မင်းတို့ဝင်ပြိုင်ပြီး နေရာ ရမှတောင်းဆိုပါလို့ ပြောတယ်။ အဲဒီမှာ ဂီတအစည်းအရုံးမှာ ဘာဖြစ်လဲ ဆိုတော့ ကြီးကြပ်အဖွဲ့ကလုပ်ပိုင် ခွင့်တွေထက်ကျော် ပြီး လုပ်နေတယ် လို့ ဖြစ်လာတယ်။ အဲဒီမှာ ကျွန်တော်ကဘာကို စိတ်မကောင်းဖြစ်လဲ ဆိုတော့ အဲဒါကို ဂီတအစည်းအရုံးက ဘာလို့ ဘာမှမပြောခဲ့လဲဆို တာ တွေဝေနေမိတယ်။ ငါတို့နဲ့မဆိုင်ဘူးဆိုပြီး လက်ပိုက်ကြည့်နေ သလိုဖြစ်နေတယ်။အဲဒါကြောင့် ဒီပြဿနာ တွေပေါ်လာတာ။ ကြီးကြပ်ရေးအဖွဲ့ကလည်း သတ်မှတ်ထားတဲ့ အလွှာအတိုင်းပဲလုပ်မှာပဲ။ ကြီးကြပ် ဆိုပြီးဖွဲ့ပေးထားပြီး ဂီတအစည်း အရုံးနဲ့အဆက် အသွယ်ပြတ်နေတော့ ဒီလို တွေဖြစ်လာတာ။ကလေးတွေကဆက်တောင်း တယ်။ အဲဒီအချိန်မှာ ဂီတအစည်းအရုံးက ဘာမှဝင်ညှိနှိုင်း မပေးကြဘူး။ အစည်းအရုံးမှာ အစည်းအဝေးလုပ်တဲ့အခါလည်း ကလေး တွေကို အလွှာမပေးဘူးလုပ်တယ်။ အဲဒီတော့ ကလေးတွေက နိုင်ငံတော် အဆင့်ထိထက် တယ်။ ပေးလိုက်ရတယ်။ အဲဒီတော့ ကလေး တွေအလွှာကို ဖွင့်ပေးလိုက်တယ်။''

ဆက်လက်ဖော်ပြပါမည်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )