22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 22, 2012

ကားဟောင်း အပ်စလစ်ဈေး ကျပ်သိန်း ခြောက်ဆယ်နား အထိ ပြန်မြင့် တက်လာ

 ကားဟောင်း အပ်စလစ်ဈေး ကျပ်သိန်း ခြောက်ဆယ်နား အထိ ပြန်မြင့် တက်လာ
ယာဉ်အို၊ ယာဉ်ဟောင်းအပ် စလစ်ဈေးနှုန်း များမှာ ကျပ် ၅၂သိန်းဝန်း ကျင်တွင် သာရှိနေ ခဲ့ရာမှ ယခုရက်များ အတွင်း ကျပ်သိန်းခြောက်ဆယ်နား အထိ ပြန်လည်မြင့်တက် လာကြောင်း ဟံသာဝတီ ကားရောင်းဝယ်ရေး စခန်းမှ သိရသည်။ ယင်းကဲ့သို့ မြင့်တက်လာ ရခြင်းမှာ ယာဉ်အို၊ ယာဉ်ဟောင်းအပ်စီ မံချက် ပထမအဆင့်ဖြစ်သော 'ပ' အက္ခရာ အထိ ယာဉ်အို၊ယာဉ်ဟောင်း များအပ်နှံ လာမှု လျော့နည်းလာခြင်း ကြောင့် ဈေးကွက်အတွင်းအပ်ကား များရှားပါးလာပြီး ဒုတိယစီမံချက်ဖြစ် သော 'ဗ'အက္ခရာအထက် ယာဉ်အို၊ ယာဉ်ဟောင်းများ အပ်နှံခွင့်မပြုသေး သောကြောင့်ဟု သိရသည်။
"ဒီရက်ပိုင်းအတွင်း 'ပ'အထိ အပ်ကားတွေကလည်းရှားသွား တယ်။ သံရည်ကျိုကားတွေကလည်း နည်းလာပြီ။ " ဗ" ကားတွေကလည်း အပ်ခွင့်မပေးသေးတော့ ဝိုင်း ထဲမှာ ရော၊ အပြင်မှာပါ ကားဟောင်းတွေက နည်းသွားတယ်။ အပ်ကားနည်းတော့ စလစ်လည်း နည်းလာတဲ့ သဘောပါ ပဲ။ ဒါကြောင့်ဈေးနည်း နည်းတက် သွားတာပါ။ ဒီထက်တော့ ထပ်တက် ဖို့မမြင်ပါဘူး။ ၂၀ဝ၇ အထက်ကား တွေကလည်း ရန်ကုန်ကို စဝင်လာပြီ။ ကားကုမ္ပဏီတွေကလည်း ၁၃၀ဝ စီစီ ကားတွေကို ပိုသွင်းလာတာကြောင့် စလစ်ဈေးကတော့ ဒီလောက်နဲ့ပဲ တန့် နေဖို့ရှိပါတယ်" ဟု ကားပွဲစားတစ်ဦး ကဆိုသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )