22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 22, 2012

စင်ကာပူက ကုန်သွယ်မှုမြှင့်တင်ရန် IE အဖွဲ့၏ ရုံးခန်းကို မြန်မာတွင် ဖွင့်လှစ်မည်

 

စင်ကာပူနိုင်ငံမှ စီးပွားရေး ရင်းနှီးမြှုပ်မှုဆိုင်ရာအဖွဲ့ တစ်ခုဖြစ်သော IE စင်ကာပူ သည် မြန်မာနိုင်ငံတွင် ၎င်းတို့ စင်ကာပူ အခြေစိုက် လုပ်ငန်းများ ထပ်မံ တိုးချဲ့နိုင်ရန် ရုံးခန်းတစ်ခု လာရောက် ဖွင့်လှစ်တော့မည်ဖြစ်ပြီး ၎င်းတို့နည်းတူ မလေးရှားကလည်း လာရောက်မည်ဟု ၁၁-၇-၂၀၁၂ ရက်က သိရသည်။ IE (International Enterprises) စင်ကာပူ အနေဖြင့် ၎င်းတို့၏ ရုံးခန်းကို ရန်ကုန်မြို့မှာပင် ယခုနှစ် ဒုတိယခြောက်လတာ ကာလအတွင်း ဖွင့်လှစ်သွားရန် ရှိနေပြီး ၎င်းတို့၏ စင်ကာပူနိုင်ငံမှ လုပ်ငန်းစုများအတွက် ထောက်ပံ့မှုများ ပေးနိုင်စေမည်ဟု သိရသည်။
“စင်ကာပူ IE က ရုံးခန်း လာဖွင့်မယ်ဆိုတာလည်း သိထားတယ်။ IE အပြင် မလေးရှားက MATRADE ကလည်း ရုံးခန်းဖွင့်မှာပဲ။ တခြားသော နိုင်ငံက လုပ်ငန်းစုတွေကလည်း လာဖွင့်မှာပဲကလည်း ရုံးခန်းဖွင့်မှာပဲ။ တခြားသောနိုင်ငံက လုပ်ငန်းစုတွေကလည်း လာဖွင့်မှာပဲ” ဟု ကုန်သည်/စက်မှု အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။ ၂၀၁၁-၁၂ ခုနှစ်က မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ခဲ့သော စင်ကာပူနိုင်ငံ အနေဖြင့် ၂၀၁၂-၁၃ တွင် အဆင့်ခြောက်သို့ ကျဆင်းသွားခဲ့ရပြီးနောက် ပြန်လည် မြှင့်တင်လိုမှုများ ဖြစ်ပေါ်လာခြင်းကြောင့် ယင်းကဲ့သို့ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
“ဒီမှာလာပြီး ရုံးခွဲ တစ်ခုဖွင့်တာတွေက အများကြီး ရှိလာမှာ ဖြစ်သလို ဒီလိုလာရောက်ခြင်းက သူတို့နိုင်ငံတွေဆီကို မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ အခြေအနေကောင်းတွေ ရရှိစေဖို့ ရည်ရွယ်နေကြတာပါ” ဟု ဒေါက်တာ မောင်မောင်လေးက သုံးသပ်ပြောကြားသည်။ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် အဆင့် ၆ နေရာတွင် ဖြစ်နေသော်လည်း ဟိုတယ်လုပ်ငန်းတွင် စင်ကာပူက အများဆုံး ရင်းနှီးမြှုပ်နှံထားသည်ဟု သိရပြီး ဒေါ်လာ ၅၉၃ ဒသမ ၅၃၁ သန်းအထိ ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

အေဝိုင်အီး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )