ရန်ကုန်မြို့ တောင်ဒဂုံ စက်မှုဇုန် အမှတ် (၁) မှာရှိတဲ့ မလေးရှား နိုင်ငံသားပိုင် (tefel) တဖယ်လ် ပီနန်အိတ်စက်ရုံက အလုပ်သမား (၄၀၀) ကျော်ဟာ လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဒီကနေ့ မနက်ပိုင်းက အလုပ်မလုပ်ဘဲ စက်ရုံတွင်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
မနက် (၁၀) နာရီခွဲက စတင် ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး တောင်းဆိုချက်တွေ မရမချင်း ညလုံးပေါက် ဆက်လက် တောင်းဆို ဆန္ဒပြသွားမယ်လို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။
ဝန်ထမ်းတွေကို လစာတိုးပေးတဲ့နေရာမှာ မျှတစွာ တပြေးညီ ဆောင်ရွက်ပေးဖို့ အဓိက တောင်းဆိုခဲ့ကြတာလို့ ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။ ဆန္ဒပြပွဲကို မြို့နယ်နဲ့ တိုင်းအဆင့် အလုပ်သမား ၀န်ကြီးဌာန အရာရှိတချို့လာရောက်ပြီး အလုပ်ရှင်၊ အလုပ်သမားတွေနဲ့ ညှိနှိုင်းနေပေမယ့် အလုပ်ရှင်ဘက်က လစာတိုးပေးဖို့ ငြင်းဆန်နေဆဲ ဖြစ်တဲ့အတွက် ညနေ (၆) နာရီအထိ ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။
အဲဒီ တဖယ်လ် ပီနန်အိတ်စက်ရုံဟာ လွန်ခဲ့တဲ့ (၁၅)နှစ်က စတင် တည်ထောင်တာ ဖြစ်ပြီး လက်ရှိမှာ အလုပ်သမား (၅၀၀) နီးပါး ရှိတယ်လို့ သိရပါတယ်။
9:09 PM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com