22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, July 31, 2012

ဆန္ဒပြလယ်သမားကို အာဏာပိုင်က အကြမ်းဖက်ဖြိုခွဲ

ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတဲ့ လယ်သမား အယောက် (၂၀၀) နီးပါးကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့ပြီး လယ်သမား (၅) ဦးကို ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
လယ်သမားတွေက ဆန္ဒပြဖို့ ဇူလိုင်လ (၂၄) ရက်နေ့က ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေဘက်က တစုံတရာ အကြောင်းမပြန်ခဲ့ဘူးလို့ သိရပါတယ်။ လယ်သမား အများစုဟာ ခွင့်ပြုချက် ရရှိထားပြီးပြီလို့ ယူဆပြီး မြို့နယ်ခန်းမကို စုရုံးသွားရောက်ရာမှာ အခုလို အကြမ်းဖက် ဖမ်းဆီးခံရတာလို့ လယ်သမားတဦးက RFA ကို ပြောပါတယ်။
အဲဒီလို ဆန္ဒပြ လယ်သမားတွေကို သဲကုန်းမြို့အဝင် မြို့တော်ခန်းမနားမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးဦးစီးတဲ့ အာဏာပိုင်အဖွဲ့က နံပါတ်တုတ်တွေနဲ့ ရိုက်ပြီး လမ်းတွေပေါ် ဒရွတ်တိုက် ဆွဲခေါ်ဖမ်းဆီးသွားပုံကို မိမိကိုယ်တိုင် မြင်ခဲ့ရပါတယ်လို့ သဲကုန်းမြို့ခံ ကိုမင်းလွင်ကလည်း RFA ကို ပြောပါတယ်။
"တန်းစီပြီး လာတဲ့အချိန်မှာ ရဲတွေက ဝင်ပြီးဖမ်းပေါ့။ ရိုက်တဲ့လူက ရိုက်ပေါ့။ အဲဒီလို လုပ်တာ။ လုပ်ရင်းနဲ့တချို့ ဆိုလို့ရှိရင် ကျွန်တော် မြင်တာကတော့ဗျာ ရဲတစ်ယောက်က လယ်သမား တစ်ယောက်ကို သူ့လက်ထဲမှာရှိတဲ့ နံပါတ်တုတ်နဲ့ လည်ပင်းကို ညစ်ပြီး တရွတ်တိုက် ခေါ်လာတာ။ အဲဒီ ရဲမှူးတစ်ယောက်က ဆိုလို့ရှိရင် ဆဲဆိုပြီး ရိုက်ကွာ အဲဒီလိုပြောတာ။ အဲဒီသုံးပွင့်နဲ့ "
ဆန္ဒပြမယ့် လယ်သမားအများစုဟာ သဲကုန်းမြို့ အနီးတ၀ိုက် ကျေးရွာတွေက ဖြစ်ပြီး ခလရ (၈၀)၊ ခမရ (၄)၊ ခမရ (၅) စတဲ့ တပ်မ (၆၆) လက်အောက်ခံ တပ်တွေနဲ့ အမှတ်-၃ ကုမ္ပဏီ လီမိတက်က သိမ်းယူထားတဲ့ လယ်မြေဧက (၁၆၀၀) ကျော်ကို ပြန်လည်ရရှိရေးအတွက် တောင်းဆိုဖို့ ရည်ရွယ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်းမ တမံကြောင့် လယ်မြေတွေ ရေနစ်မြှုပ်တာကို ကူညီဆောင်ရွက်ပေးဖို့နဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေ ရရှိရေး စတာတွေကို တောင်းဆိုဖို့လည်း စီစဉ်ထားခဲ့ကြတယ်လို့ဆိုပါတယ်။ အဖမ်းခံရသူတွေကို နောက်ပိုင်းမှာ ခံဝန်ချက် လက်မှတ်တွေထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )