22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 29, 2012

လေယာဉ်ကို ခိုးယူခဲ့သည့် လေယာဉ်မှူး ကိုယ့်ကိုယ်ကို သတ်သေ

 လေယာဉ်ကို ခိုးယူခဲ့သည့် လေယာဉ်မှူး  ကိုယ့်ကိုယ်ကို သတ်သေ
ဇူလိုင်လ ၁၇ ရက်နေ့တွင် လေ ကြောင်းလိုင်း တစ်ခုမှ လေယာဉ်မှူး တစ်ဦး သည် သူ၏ မိန်းကလေး အဖော်ကို သတ် ပြီးနောက် ထွက်ပြေးလွတ်မြောက်ရန် အတွက် ခရီးသည် တင် လေယာဉ် တစ်စင်းကို ခိုးယူကာ ပျံတတ်ခဲ့သော်လည်း ခရီးသည် များနားခိုရာ အဆောက် အအုံတစ်ခုအတွင်းသို့ ပျက်ကျ ခဲ့သည်။ သည် ကိုယ့်ကိုယ် ကိုယ် သတ်သေ သွားခဲ့ ကြောင်း သိရသည်။
ဘရိုင်ယန် ဟက်ဂျ လင်း (၄၀ နှစ်) သည် သူ၏ မိန်းကလေး အဖော်ကို သတ်ခဲ့ပြီးနောက် ထွက်ပြေး လာကာ အမေရိကန်ပြည်ထောင်စု ယူ တက်ပြည်နယ် စိန့်ဂျော့လေဆိပ်မှ ထိုင်ခုံ ၅၀ ပါ ခရီးသည်တင်လေယာဉ်တစ်စင်းကို ခိုးယူမောင်းနှင်ကာ ပျံတက်ခဲ့ခြင်းဖြစ် သည်။ သူသည် ခရီးသည်များ နားခိုရာ အဆောက်အအုံကို ဖြတ်ကျော်ခဲ့ပြီး နောက် ယာဉ်ရပ်နားရာနေရာရှိ ကားများ ပေါ်သို့ ပျက်ကျခဲ့သည်။ ယင်းနောက် သူ သည် လေယာဉ်မောင်းအခန်းအတွင်း သူ၏ ဦးခေါင်းကို သူကိုယ်တိုင် သေနတ် ဖြင့်ပစ်ကာ အဆုံးစီရင်ခဲ့သည်။ လေယာဉ် မှာ ပျက်စီးသွားသောကြောင့် ပြန်လည် ပြင်ဆင်ရန် သယ်ဆောင်သွားရသည်။ ယင်းအတွက်FBI နှင့် လေကြောင်းအာ ဏာပိုင်အဖွဲ့တို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ သူခိုးယူမောင်းနှင် ခဲ့သည့်လေယာဉ်သည် ထိုအချိန်က ပျံသန်းရေးအတွက် ခရီးစဉ်မရှိသော ကြောင့် လေယာဉ်ပေါ်၌ တစ်စုံတစ်ဦးမျှ ရှိနေခဲ့ခြင်း မရှိဟုဆိုသည် ။ ပြီးနောက် လေဆိပ်ကို ပိတ်ထားရပြီး လေကြောင်းခရီးစဉ်များအားလုံးကို ရွှေ့ ဆိုင်းလိုက်ရသည်။
ဟက်ချလင်းကို သူ၏ မိန်းကလေးအဖော် ခရစ္စတီးနား ကွန်နေ ဂျို (၃၉ နှစ်) သေဆုံးမှုနှင့် ပတ် သက်၍ ရဲအဖွဲ့က အလိုရှိနေခြင်းဖြစ်သည်။ ကော် လိုရာဒိုပြည်နယ်မှ ရဲတပ်ဖွဲ့သည် ခရစ္စတီး နား၏အလောင်းကို တွေ့ရှိခဲ့ပြီးနောက် လူသတ်မှုဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ဟက်ချလင်းနှင့် ခရစ္စတီးနားတို့သည် လွန်ခဲ့သည့် လေးနှစ်က စတင်တွေ့ဆုံ ချစ် ကြိုက်ခဲ့ပြီး လွန်ခဲ့သည့်မတ်လတွင် ခရစ္စ တီးနားက ဟက်ချလင်းသည် သူ့အား လိုက်လံနှောင့်ယှက်နေကြောင်း တိုင်ကြား သဖြင့် ဟက်ချလင်းအဖမ်းခံခဲ့ရသေး သည်။ ခရစ္စတီးနားနှင့် ဟက်ချလင်းတို့နှစ် ဦးစလုံးသည် ကော်လိုရာဒိုပြည်နယ် အမျိုးသားလုံခြုံရေးအဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ခရစ္စတီးနားသေဆုံး မှုအတွက် ဟက်ချလင်းကို ဖမ်းဆီးခဲ့သော် လည်း ဒေါ်လာ ၁၀çဝ၀ဝ ဖြင့် အာမခံ ပေးထားစဉ် သူက ယခုကဲ့သို့ ထွက်ပြေး ရန် ကြိုး စားခြင်းဖြစ်သည်ဟုဆိုသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )