22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 29, 2012

နိုင်ငံခြား ငွေစာရင်းများကို ဖွင့်ရုံသာ ဖွင့်နိုင်ပြီး စီးပွားရေး လုပ်ငန်းများ လည်ပတ်နိုင် ရန်စောင့် ဆိုင်းနေရဆဲ

 

၉-၇-၂၀၁၂ ရက်မှ စကာ နိုင်ငံခြားငွေစာရင်း စတင် ဖွင့်လှစ်နိုင်ပြီဖြစ်သည့် ပုဂ္ဂလိက ဘဏ်များ တွင် နိုင်ငံခြား ငွေစာရင်း ဖွင့်သူများ အနေဖြင့် ငွေစာရင်းများကို ဖွင့်ရုံသာ ဖွင့်ထားပြီး ပြည်သူများ အမှန်တကယ် လက်တွေ့ အသုံးချနိုင်မည့် လုပ်ငန်း ဝန်ဆောင်မှုများ ပေးနိုင်ရန်မူ စောင့်ဆိုင်းနေရသည့် အခြေအနေတွင် ရှိနေကြောင်း ၁၉-၇-၂၀၁၂ ရက်က သိရသည်။
လက်ရှိ ယင်းလုပ်ငန်း လည်ပတ်နေသော ပုဂ္ဂလိက ဘဏ်လေးခု ဖြစ်သည့် CB ဘဏ်၊ AGD ၊ ယူနိုက်တက် အမရာဘဏ်နှင့် ဧရာဝတီ ဘဏ်တို့တွင် နေ့ စဉ် နိုင်ငံခြား ငွေစာရင်း ဖွင့်သူဦးရေ ၁၀၀ ကျော်ခန့် ရှိကြောင်း ယင်းဘဏ်လုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။ “ခုလောလောဆယ်တော့ ငွေစာရင်းက ဖွင့်ရုံပဲ ဖွင့်လို့ရသေး တယ်။ လူအများ စိတ်ဝင်စားတဲ့ ဝန်ဆောင်မှုတွေ ဥပမာ သွင်းကုန်၊ ထုတ်ကုန်အတွက် LC ဖွင့်တာမျိုးပေါ့။ အဲဒါမျိုးတွေ မလုပ်ပေးနိုင်သေးတဲ့အတွက် ငွေစာရင်း ဖွင့်ထားပြီးတော့ ဘာမှလုပ်လို့ မရသေးဘူး။ ဒါပေမဲ့ မကြာခင် ဒါတွေ အကုန်ရတော့မှာပါ။ တချို့စီးပွားရေး လုပ်ငန်းရှင်တွေကတော့ အဲဒီအချိန်စောင့်ရင်း ကြိုပြင်တဲ့အနေနဲ့ အခုကတည်းက စာရင်းကြိုဖွင့်ထားကြတယ်” ဟု CB ဘဏ်မှ အထွေထွေမန်နေဂျာ ဒေါ်သိင်္ဂီနွယ်က ပြောသည်။
နိုင်ငံခြား ငွေစာရင်း ဖွင့်ရာတွင် ဗဟိုဘဏ်မှ ခွင့်ပြုထားသော ငွေကြေးလေးမျိုးဖြစ်သည့် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုနှင့် FEC တို့အနက် အမေရိ ကန်ဒေါ်လာ ငွေစာရင်း ဖွင့်မှုမှာ အများဆုံးဖြစ်ပြီး FEC ငွေစာရင်းဖွင့်မှုမှာ အနည်းဆုံးဖြစ်ကြောင်း သိရသည်။ ငွေစာရင်း ဖွင့်ရာတွင် အနည်းဆုံး ၁၀၀ ယူနစ် (ဥပမာ- US 100, FEC 100) မှစ၍ အများဆုံး ငွေကြေး အကန့်အသတ်မရှိ ဖွင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။ “အများဆုံး ဘယ်လောက်ပဲ စာရင်းဖွင့်ရမယ်။ စာရင်း ထဲမှာ ငွေဘယ်လောက်ထက် ပိုမစုရဘူး စတဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး။ အခုဆို သောင်းဂဏန်းအထိ လာဖွင့်တဲ့သူတွေ ရှိတယ်။ လောလောဆယ်တော့ စာရင်းထဲကို ငွေသွင်းတာပဲ ရှိတယ်။ အထုတ်တော့ မရှိသေးဘူး” ဟု ယင်းက ဆက်လက်ပြောသည်။
နိုင်ငံခြား ငွေစာရင်း ဖွင့်ခွင့်၊ နိုင်ငံခြား ငွေလဲလှယ်ခွင့်ကို ယခင်က အစိုးရဘဏ် သုံးခုကသာ လက်ခံဆောင်ရွက် ပေးနေရခြင်းကြောင့် ပြည်သူများအကြား အခက်အခဲ မျိုးစုံဖြင့် ကြုံတွေ့ခဲ့ရခြင်းကို ပြေလည်စေရန်နှင့် ဘဏ်လုပ်ငန်း ဖွံ့ဖြိုးလာစေရန် တရားဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ရှိသူများအား အစိုးရဘဏ် သုံးခုတွင်သာမက ပုဂ္ဂလိက ဘဏ်များတွင်ပါ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ကို ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက် နေ့စွဲဖြင့် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )