22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 21, 2012

ဒီဂီယာအား ပွဲထွက်နေရာ အတွက် ယှဉ်ပြိုင် သွားမည်ဟု လင်ဒီဂါ့ဒ်ဆို

မန်ချက်စတာ ယူနိုက်တက် အသင်း၏ ပွဲထွက် ဂိုးသမား နေရာအတွက် ဒေးဗစ်ဒီဂီယာကို ဖိအားပေး ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အန်းဒါးစ် လင်ဒီဂါ့ဒ်က ပြောကြားလိုက်သည်။


ဒိန်းမတ် လက်ရွေးစင် လင်ဒီဂါ့ဒ်သည် အိုးလ်ထရက်ဖို့ဒ်တွင် စပိန်လူငယ် ဒီဂီယာ၏ အရန်အဖြစ် ကစားနေရသူ ဖြစ်သည်။ ရာသီကြို ခြေစမ်းပွဲတွင် မန်ယူနှင့်အတူ လိုက်ပါခဲ့ပြီး ဦးစားပေး ဂိုးသမား အနေဖြင့် ပါဝင်ခွင့် ရနေသူ လင်ဒီဂါ့ဒ်က မိမိသည် ကစားဖော်နှင့် ပရော်ဖက်ရှင်နယ် ပီသသော ယှဉ်ပြိုင်မှုကို ပြုလုပ် သွားမည်ဟု ပြောကြားခဲ့သည်။ လင်ဒီဂါ့ဒ်သည် မန်ယူ အသင်းတွင် အရန် အဖြစ်သာ နေရာ ရခြင်းနှင့် အတူ ဒိန်းမတ်၏ ဥရောပ ဖလား ဘောလုံးပြိုင်ပွဲ လူစာရင်းတွင် အရန် အဖြစ်သာ နေရာ ရခဲ့သည်။
ပွဲထွက်နေရာအတွက် ကြိုးစားမည့် လီဒီဂါ့ဒ်

အသက်(၂၈)နှစ်ရှိ လင်ဒီဂါ့ဒ်က "ကျွန်တော် ပွဲထွက်ကစားသမား နေရာကို မျှော်လင့်ပါတယ်။ ကျွန်တော်ဟာ အကောင်းဆုံး ဂိုးသမား တစ်ယောက်လို့လည်း ယုံကြည်တယ်။ ဒါပေမဲ့ ဒီဂီယာ ဒဏ်ရာ ရသွားလို့ ပွဲထွက်ရတာမျိုးတော့ မလိုချင်ပါဘူး။ လောလောဆယ် သူဟာ ကျွန်တော့်ရှေ့မှာ နေရာရနေသလို ပြီးခဲ့တဲ့ ရာသီကလည်း လက်စွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီဂီယာနဲ့ ပြိုင်ဖို့ဆိုရင် အခွင့်အရေး ရသမျှ ကျွန်တော် ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော် ဒဏ်ရာ ရခဲ့တာကတော့ စိတ်ပျက်စရာပါ။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာ ကျွန်တော် အကောင်းမြင် ရှုထောင့်နဲ့ပဲ ချဉ်းကပ်ပြီး ရှေ့ဆက် ကြိုးစား သွားမှာပါ" ဟု ပြောကြားသွားသည်။
ကျွန်တော် ပွဲထွက်ကစားသမား နေရာကို မျှော်လင့်ပါတယ်။ ကျွန်တော်ဟာ အကောင်းဆုံး ဂိုးသမား တစ်ယောက်လို့လည်း ယုံကြည်တယ်။ ဒါပေမဲ့ ဒီဂီယာ ဒဏ်ရာရသွားလို့ ပွဲထွက်ရတာမျိုးတော့ မလိုချင်ပါဘူး ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )