22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

ဟာဇက်၏ ပြောင်းရွှေ့ကြေး အတိုင်း ဝီလျံအတွက် အလိုရှိကြောင်း ချယ်လ်ဆီးကို ရှက်တာဒိုးနက်ခ် တောင်းဆို

ချယ်လ်ဆီး အသင်း၏ ဝီလျံအတွက် ချဉ်းကပ် ကမ်းလှမ်းလာမှု တစ်ရပ်ကို ရှက်တာဒိုးနက်ခ် အသင်းက ပယ်ချလိုက်ကြောင်း သိရှိရသည်။

ဥရောပ ချန်ပီယံ အသင်းသည် ယူကရိန်း ကလပ်၏ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ် ကစားသမားအား ပေါင်စတာလင် (၂၇)သန်း ဈေးပေး ခဲ့သော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရကြောင်း သတင်းများက ဆိုသည်။ ကွင်းလယ် တိုက်စစ် ကစားသမား ဝီလျံအတွက် ရှက်တာ အသင်းက ပေါင်စတာလင် (၃၂)သန်းထိ အလို ရှိနေသဖြင့် ချယ်လ်ဆီးထံမှ ကမ်းလှမ်းချက်ကို လက်မ ခံခဲ့ဟုလည်း သိရသည်။ အီဒင်ဟာဇက် အတွက် ချယ်လ်ဆီး ပေးချေခဲ့သည့် ပေါင်စတာလင် (၃၂)သန်းအောက် လျော့နည်းသည့် မည်သည့် ကမ်းလှမ်းမှုကိုမျှ လက်ခံမည် မဟုတ်ဟု ရှက်တာအသင်း နည်းပြ မာစီယာ လူဆက်စ်ကူက ပြောကြားခဲ့သည်။
ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်သမား ၀ီလျံ

"ချယ်လ်ဆီးရဲ့ စိတ်ဝင်စားမှု အတွက် ဝီလျံရယ်၊ ကလပ်အသင်း ဥက္ကဋ္ဌရယ်နဲ့ ကျွန်တော် စကားပြောပြီးပါပြီ"ဟု ရိုမေးနီးယားသား နည်းပြကြီးက ဆိုသည်။ ၎င်းက "ကျွန်တော်တို့ ဘက်က ရှင်းပါတယ်။ ဝီလျံကို အသင်းကနေ ထွက်ခွာနိုင်ကြောင်း ကျွန်တော် ပြောပြီးသားပါ။ ဒါပေမဲ့ မှန်ကန် သင့်တော်တဲ့ ကမ်းလှမ်းမှုကတော့ လိုအပ်ပါတယ်။ သူဟာ ကစားသမားကောင်း တစ်ယောက်ပါ။ ချယ်လ်ဆီးဟာ ဟာဇက်အတွက် ငွေကြေး အများကြီး ပေးဖို့ တစ်ချက်ကလေးမှ မတွန့်ဆုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဝီလျံကိုကျတော့ ဒီလို ဆန္ဒမျိုး မရှိဘူး ဖြစ်နေတယ်။ ကျွန်တော့်အမြင်မှာတော့ ဝီလျံအတွက် တန်ဖိုး သတ်မှတ်ချက်ဟာ ဟာဇက်နဲ့ တန်းတူပါပဲ" ဟု ပြောဆိုသွားခဲ့သည်။

ဝီလျံသည် ကိုရင်သီယန်မှ (၂၀၀၇)ခုနှစ်တွင် ပြောင်းရွှေ့ လာပြီးနောက် ယူကရိန်း ဘောလုံး ပြိုင်ပွဲများတွင် အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်လာခဲ့သည်။ ၎င်းသည် ရှက်တာနှင့် အတူ ယူကရိန်း ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ (၃)ကြိမ်၊ UEFAဖလား တစ်ကြိမ် ရရှိထားပြီး ဖြစ်သည်။
ချယ်လ်ဆီးဟာ ဟာဇက်အတွက် ငွေကြေး အများကြီး ပေးဖို့ တစ်ချက်ကလေးမှ မတွန့်ဆုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဝီလျံကိုကျတော့ ဒီလို ဆန္ဒမျိုး မရှိဘူး ဖြစ်နေတယ်။ ကျွန်တော့်အမြင်မှာတော့ ဝီလျံအတွက် တန်ဖိုး သတ်မှတ်ချက်ဟာ ဟာဇက်နဲ့ တန်းတူပါပဲ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )