22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

အီဗရာကို လက်ဆွဲ နှုတ်ဆက်ရန် ပျက်ကွက် ခဲ့မှုကို ပြန်အစ ဖော်ကာ မန်ယူကို ဝေဖန်ခဲ့သည့် ဆွာရက်ဇ်

လီဗာပူးလ် တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ပက်ထရစ် အီဗရာနှင့် ဖြစ်ပျက်ခဲ့သည့် လူမျိုးရေး ခွဲခြားမှု အရှုပ်အထွေးကို အစပြန်ဖော်ကာ မန်ချက်စတာ ယူနိုက်တက်ကို ဦးတည် တိုက်ခိုက်မှု ပြုလုပ်လိုက်သည်။

ဥရုဂွေး လက်ရွေးစင် ဆွာရက်ဇ်သည် အီဗရာကို လူမျိုးရေး ခွဲခြားမှုအတွက် (၈)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံရပြီးနောက် ပထမဆုံး မန်ယူနှင့် ပြန်လည် ရင်ဆိုင်သည့် ပွဲစဉ်တွင် အီဗရာက လက်ဆွဲ နှုတ်ဆက်သည်ကို ရုန်းကန်ငြင်းပယ် ခဲ့သည့်အတွက် ဝေဖန်မှု များစွာ ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း အိုးလ်ထရက်ဖို့ဒ်တွင် ဖြစ်ပွားခဲ့သည့် ယင်းကိစ္စမှာ အီဗရာနှင့် မန်ယူ အသင်းတို့၏ အကွက်ချ စီစဉ်ထားသည့် လုပ်ကြံမှု တစ်ခုဟု ဆွာရက်ဇ်က ဥရုဂွေး ရုပ်မြင်သံကြား ဌာန RR Golသို့ ဖွင့်ဟ ပြောကြားသွားခဲ့သည်။ ဖေဖော်ဝါရီလ (၄)ရက်နေ့က ပွဲစဉ်တွင် ဆွာရက်ဇ်သည် အီဗရာလက်ကို ပုတ်ထုတ် လွှဲဖယ်သွားသည်ကို ရုပ်မြင်သံကြား မှတ်တမ်းများက ရိုက်ကူး ပြသခဲ့သော်လည်း ယင်းသည် အီဗရာ၏ လှည့်စားမှုဟု ဆွာရက်ဇ်က ဆိုသည်။



"လူတွေက နားလည်မှု လွဲနေတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ အီဗရာနဲ့ ကျွန်တော်ကြား လက်ဆွဲ နှုတ်ဆက်ခါနီး ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာကို သေချာ မသိကြပါဘူး။ တကယ်တော့ ဒီအခြေအနေ အားလုံးဟာ ကျွန်တော့်ကို နောက်တစ်ခါ ထိုးနှက်ဖို့ အကွက်ချ စီစဉ်ထားတာ ထင်ပါတယ်။ ကျွန်တော့်ဇနီး၊ မန်နေဂျာနဲ့ ဒါရိုက်တာ အဖွဲ့တွေ အားလုံးဆီမှာ ကျွန်တော် အီဗရာကို လက်ဆွဲ နှုတ်ဆက်မယ်လို့ ကတိပေးပြီးသားပါ။ ဘာမလုပ်နိုင်စရာ ရှိမှာလဲ။ သူ့ကြောင့် ကျွန်တော် အပြစ်ပေး ခံထားရတယ်။ ဒါပေမဲ့ သူနဲ့ လက်ဆွဲ နှုတ်ဆက်ဖို့ ကျွန်တော့်ဘက်က ဘာပြဿနာမှ ရှိမနေပါဘူး" ဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ "အင်္ဂလိပ် မီဒီယာတွေက ကျွန်တော် အီဗရာရှေ့က ဖြတ်သွားတဲ့ အခိုက်အတန့်လေးကို တောက်လျှောက် ပြန်ပြနေခဲ့ကြတယ်။ လက်ဆွဲ နှုတ်ဆက်ခါနီး အီဗရာက လက်ကို အောက်နှိမ့်လိုက်တာ သူတို့ မမြင်ကြဘူး။ စပိန်နဲ့ ဥရုဂွေးက မီဒီယာတွေပဲ ကျွန်တော် လက်ဆွဲနှုတ်ဆက်ဖို့ ရည်ရွယ်ခဲ့တဲ့ ရှုထောင့်ကို ထောက်ပြပါတယ်။ အဲဒီကိစ္စအတွက် အစစ်ဆေး ခံရတုန်းက ကိစ္စတွေကလည်း သိပ်ရှုပ်ထွေးလွန်းတယ်။ ကျွန်တော် မန်ချက်စတာကို Taxi နဲ့ သွားရတယ်။ မနက်(၇)နာရီ ထပြီး ည(၉)နာရီမှ အိမ်ပြန်ရောက်တယ်။ ကျွန်တော် အရမ်း နုန်းသွားတယ်။ အရမ်း ပင်ပန်းတယ်။ တစ်ခါတစ်လေ အော်အော်ပြီး ငိုပစ်လိုက်ချင်တယ်။ ဘေးမှာ ရှိသမျှ ပစ္စည်းတွေကိုလည်း လျှောက်ကန်ပစ်ချင်တယ်" ဟုလည်း ဖွင့်ဟခဲ့သည်။

အင်္ဂလိပ် မီဒီယာတွေက ကျွန်တော် အီဗရာရှေ့က ဖြတ်သွားတဲ့ အခိုက်အတန့်လေးကို တောက်လျှောက် ပြန်ပြနေခဲ့ကြတယ်။ လက်ဆွဲနှုတ်ဆက်ခါနီး အီဗရာက လက်ကို အောက်နှိမ့်လိုက်တာ သူတို့ မမြင်ကြဘူး..
၎င်းက ဆက်လက်၍ "ကျွန်တော် ဒါမျိုး မလုပ်နိုင်ခဲ့ပါဘူး။ အိမ်မှာ သမီးလေး ရှိနေပါတယ်။ ကျွန်တော့်အတွက် ပြန်ပြောပြဖို့တောင် ခက်ခဲလွန်းတဲ့ နေ့တွေပါ။ ပြစ်ဒဏ် ကျခံရပြီးတော့ အခြေအနေတွေက ပိုဆိုးလာတယ်။ ကျွန်တော်တို့ အသင်းက လူတိုင်းက မန်ယူဟာ ကျွန်တော့်ကို ကျဉ်းထဲကျပ်ထဲ ပို့ပြီးတော့ လီဗာပူးလ်ကို ထိခိုက်အောင် ထိုးနှက်လိုက်မှန်း သိကြပါတယ်။ ဒါပေမဲ့ အင်္ဂလန်မှာက မန်ယူဆိုတာ နိုင်ငံရေး ပါတီကြီး တစ်ခုလို ဩဇာ ကြီးပါတယ်။ ဒါကြောင့် သူတို့ကို လေးစားပြပြီး ပါးစပ် ပိတ်ထားလိုက်တာပဲ ကောင်းပါတယ်" ဟုလည်း ဝေဖန် သွားခဲ့သည်။
Ref: Daily Mail
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )