22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

ယူ-၁၂ ပြိုင်ပွဲအား ကျောင်းသားနှင့် မိဘများ စိတ်ဝင်စား လာစေရန် ကြိုးပမ်းမည်

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ပညာရေး ၀န်ကြီးဌာန လက်အောက်ရှိ အခြေခံပညာ ဦးစီးဌာနများက ကြီးမှူး၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပရန် ပြင်ဆင်လျက်ရှိသည့် အသက် ၁၂နှစ်အောက် ဘောလုံး ပြိုင်ပွဲကြီးအား ကျောင်းသား လူငယ်များနှင့် မိဘများက စိတ်ဝင်တစား ရှိလာစေရန် အတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြီးခဲ့သည့် ရက်ပိုင်းက ဖွင့်ဟ ပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် ကြခြင်းဖြင့် ကျောင်းသား ကလေးငယ်များ အတွက် အနာဂတ် ပိုမိုလှပအောင် ဖန်တီးပေးမည် ဖြစ်ကြောင်းနှင့် ခြေစွမ်းပြသည့် ကစားသမား ငယ်လေးများအား မန္တလေး၊ ပုသိမ်တို့ရှိ လူငယ် ဘောလုံး အကယ်ဒမီ များတွင် တက်ရောက် သင်ကြားခွင့် ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

"ဒီ ယူ-၁၂ ဘောလုံးပြိုင်ပွဲကို သာမန် ပွဲတစ်ပွဲ အနေနဲ့ ကျင်းပသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘက်က ဒီပြိုင်ပွဲအပေါ် ကျောင်းသား လူငယ်လေးတွေ၊ မိဘတွေက စိတ်ဝင်တစား ရှိလာအောင် ပြင်ဆင်သွားဖို့ ရှိပါတယ်။ ဒီပြိုင်ပွဲဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် အနာဂတ် ကစားသမားတွေကို မွေးထုတ်ပေးနိုင်ဖို့အတွက် အဓိက ရည်မှန်ပြီးလုပ်တာပါ။ ဒီပွဲတွေမှာ ခြေစွမ်းပြ ကစားတဲ့ ကစားသမားတွေကိုလည်း မန္တလေး၊ ပုသိမ်တို့မှာရှိတဲ့ ဘောလုံး အကယ်ဒမီတွေမှာ တက်ရောက် သင်ကြားခွင့် ရဖို့အတွက် အခွင့်အရေး ပေးသွားမှာပါ။ ကောင်းရင် ကောင်းသလို နိုင်ငံခြားတွေ အထိ စေလွှတ်ပေးဖို့အထိ ကျွန်တော်တို့ စဉ်းစားထားပါတယ်။ ဘ၀အတွက် အာမခံချက် ရှိတယ်ဆိုတာကို မိဘတွေ သိစေချင်ပါတယ်။ ဘောလုံးပညာကိုလည်း သင်ပေးမယ်။ အတန်းပညာလည်း ကောင်းရပါမယ်" ဟု ဦးဇော်ဇော်က ဖွင့်ဟပြောကြားခဲ့သည်။

အဆိုပါ ဘောလုံး ပြိုင်ပွဲအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ပညာရေး ၀န်ကြီးဌာန လက်အောက်ရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာ ဦးစီးဌာနများ ပူးပေါင်း ကျင်းပမည် ဖြစ်ကာ ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဟူ၍ အဆင့်(၄)ဆင့်ဖြင့် ကျင်းပသွားမည် ဖြစ်သည်။ လက်ရှိ အချိန်တွင် ကျောင်းအဆင့် ပြိုင်ပွဲများအား စတင် ကျင်းပနေပြီ ဖြစ်ကာ ကလေးငယ်များ အသက် မှန်ကန်စွာ စာရင်းပေးသွင်း ယှဉ်ပြိုင်ကြရန် အတွက် သက်ဆိုင်ရာ ကျောင်းများမှ ဆရာ၊ ဆရာမများမှ တာဝန်ယူ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )