22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, July 19, 2012

အီဗရာဟီမိုဗစ် နေရာတွင် ဘာဘာတော့ဗ်ဖြင့် မီလန် အစားထိုးဖွယ် ရှိနေ

အေစီမီလန် အသင်းသည် ဇလာတန် အီဘရာဟီမိုဗစ်ကို ရောင်းထုတ်လိုက်ပြီးနောက် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဒီမီတာ ဘာဘာတော့ဗ်ကို ခေါ်ယူဖွယ် ရှိနေကြောင်း သိရသည်။


ပြင်သစ်ကလပ် PSGက မိမိတို့သည် မီလန်အသင်းမှ ဆွီဒင် လက်ရွေးစင် အီဘရာဟီမိုဗစ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြု ပြောကြားထားသည်။ ယခုအခါ မီလန်သည် အသက်(၃၁)နှစ်ရှိ ဘူလ်ဂေးရီးယား ကစားသမား ဘာဘာတော့ဗ်ကို စိတ်ဝင်စားနေပြီး ၎င်း၏ အေးဂျင့်နှင့် ဆွေးနွေး စကားပြောရန် စိတ်ဝင်စားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဘာဘာတော့ဗ်သည် မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်၏ ဦးစားပေး ပွဲထွက် ကစားသမားအဖြစ် ရွေးချယ်ခြင်း မခံရဘဲ အရန်ခုံတွင် အထိုင်များနေသူ ဖြစ်သည်။
မီလန်မှ စိတ်ဝင်စားနေသည့် ဘာဘာတော့ဗ်

သို့သော်လည်း နည်းစနစ်ပိုင်း ပြည့်စုံကောင်းမွန်ပြီး ဂိုးသွင်းခြေစွမ်း ထက်မြက်သည့် ကစားသမားအတွက် ကမ်းလှမ်းမှု ပြုလုပ်ရန် မီလန်က ရည်ရွယ်ထားသည်။ မီလန်သည် မန်ယူအသင်း ပေါင်စတာလင် သန်း(၃၀)ဖြင့် တော့တင်ဟမ် ဟော့စပါးထံမှ ခေါ်ယူထားသည့် ဘာဘာတော့ဗ်အား ပေါင်စတာလင် (၅)သန်းနှင့် (၁၀)သန်းကြား ဈေးပေး ကမ်းလှမ်းလာဖွယ် ရှိနေသည်။ အစောပိုင်းက တိုက်စစ်မှူးကောင်း တစ်ဦးကို ရှာဖွေနေသည့် တန်းတက် ဝက်စ်ဟမ်း ယူနိုက်တက်သည်လည်း ဘာဘာတော့ဗ် အတွက် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။
ပြင်သစ်ကလပ် PSGက မိမိတို့သည် မီလန်အသင်းမှ ဆွီဒင် လက်ရွေးစင် အီဘရာဟီမိုဗစ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြု ပြောကြားထား...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )