22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 23, 2012

ကလေးငယ်များရဲ့ ရေတိမ်ရောဂါ

 


လူအများ စုက ရေတိမ် ရောဂါ ဆိုတာ လူကြီး တွေမှ ဖြစ်တယ်လို့ ထင်ထား စရာပါ။ ဒါပေမယ့် ကလေး တွေမှာလည်း ရေတိမ် ရောဂါ ခံစားရ တာပါပဲ။ ရေတိမ်ရောဂါ ဆိုတာ အ ကြောင်းတစ်ခုခုကြောင့် မျက်စိအတွင်း ဖိအားများလာတဲ့အခါ မျက်စိ အာရုံ ကြော (Optic Nerve) ကို ထိခိုက် ပျက်စီးစေတဲ့အတွက် အမြင်အာရုံ ချွတ်ယွင်းလာရတဲ့ ရောဂါဖြစ်ပါတယ်။ နှစ်မျိုးခွဲခြားထားပြီး ကလေး အသက် သုံးနှစ်အတွင်း ရေတိမ်ဖြစ်လာခဲ့ရင် မွေးရာပါ ရေတိမ်လို့ ခေါ်တယ်။
သုံးနှစ်ကျော်ကနေ အသက် ၃၀ အတွင်း ရေတိမ်ဖြစ်လာရင်တော့ ဂျူဗီနိုင်း(Juvenile) ရေတိမ်လို့ ခေါ်ပါတယ်။ မျက်လုံးအတွင်းမှာ အာဟာရ ဖြည့်တင်းပေးဖို့နဲ့ မျက်လုံးအတွင်း အင်္ဂါအစိတ်အပိုင်းတွေ ချောမွေ့စွာ လည်ပတ်ဖို့၊ မခြောက်သွေ့စေဖို့ အရည်တစ်မျိုးရှိပါတယ်။ အဲဒီ အရည် ထုတ်လုပ်လည်ပတ်မှု တစ်နေရာရာ မှာ ပုံမမှန်ဖြစ်သွားတာနဲ့ တစ်ပြိုင်နက် ပရိုင်မာရီ အခြေခံ (Primary Glaucoma) ရေတိမ်ဖြစ်လာပါတော့တယ်။
ကလေးတွေမှာ ၅၀ ရာခိုင်နှုန်းလောက် ကတော့ မျက်လုံးအတွင်းက ပုံမမှန် အကြောင်းတွေကြောင့် ရေတိမ်ဖြစ်ရ တာပါ။ တခြားရောဂါတွေကြောင့် (Systemic Abnormalities) ဖြစ်ရ တဲ့ ရေတိမ်တွေ (Secondary Glaucoma) တွေလည်း ရှိပါတယ်။ သေချာမကုရင် တစ်သက်တာလုံး အမြင်အာရုံ ဆုံးရှုံးစေပါတယ်။
ကလေးရေတိမ်ရောဂါရဲ့ လက်ဏ္ခာတွ
အဓိကလက္ခဏာသုံးမျိုးအဖြစ် မျက်ရည်တွေအကြောင်းမဲ့ ကျဆင်း နေခြင်း၊ အလင်းရောင်ကို မကြည့်နိုင်ဘဲ မျက်စိစူးလို့ မျက်စိမှိတ်တုတ် မှိတ် တုတ်သာလုပ်နေခြင်းနဲ့ မျက်လုံးကို ခဏခဏမျက်တောင်ခတ်ပြီး ညှစ်နေ သလိုပြုလုပ်ခြင်း (Eyelid Squeezing) စတာတွေပဲဖြစ်ကြတယ်။ တချို့ ကလေးတွေကြတော့ မျက်လုံးကို ခဏခဏလက်နဲ့ပွတ်တတ်ကြသေး တယ်။ ဒီအချက်တွေအားလုံးက မျက်ကြည်လွှာ(Cornea) ကို ထိခိုက် ပျက်စီးစေလို့မပြုလုပ်မိဖို့ သတိထား သင့်ပါတယ်။
ဒါပေမယ့် တချို့ ကလေးတွေမှာ ဒီလိုသိသာတဲ့ လက္ခဏာသုံးမျိုးလုံးပြတာက ၃၀ ရာခိုင်နှုန်းလောက်ပဲရှိတာပါ။ စမ်းသပ် တွေ့ရှိရချက်တွေကတော့ မျက်နက် ဝန်း (Cornea) ဟာ မဖြစ်တဲ့ဘက် (ကောင်းတဲ့ဘက်) ထက် ပိုကြီးမားနေ ခြင်း (Corneal Oedema and Enlargement) မျက်စိနီရဲရောင်ရမ်း နေခြင်း စတာတွေ တွေ့ရှိရတယ်။ အလွယ်ပြောရရင် မျက်လုံး ၂ ဖက် ယှဉ်ကြည့်ရင် ဖြစ်တဲ့ဘက်က မျက် နက်အိမ် အရွယ်အစား ပိုကြီးနေ တယ်။ မျက်ဝတ်မထွက်ဘဲ မျက်သား တွေနီရဲယားယံနေတယ်။ ဒါဆိုရင် မိဘတွေအနေနဲ့ မပေါ့ဆသင့်ဘူး။ ရေတိမ်ဖြစ်တာကြာလေ လူကြီးရော ကလေးပါ အမြင်အာရုံဆုံးရှုံးရလေ ဖြစ်တာမို့ အချိန်မဆွဲသင့်၊ အချိန် မဖြုန်းသင့်တာပါ။
အသက်အငယ်လေးမှာတော့ မျက်သားဖြူဧရိယာမှာရော မျက်နက် ဝန်းနေရာမှာပါ ပျော့ပျောင်း(Elastic) လှတဲ့အတွက် ရေတိမ်ဖြစ်အောင် မြင့်တက်လာတဲ့ မျက်စိတွင်းဖိအား ကြောင့် မျက်လုံးအိမ်ကြီးဟာ ဖောင်း ကားကြီးမားလာပြီး အပြင်ကို စူထွက် လာပါတယ်။ ဒါကြောင့်မို့ ကောင်းနေ တဲ့ဘက်နဲ့ ယှဉ်ကြည့်ရင် မျက်စိ တစ်ဖက်ဟာ ပိုမိုကြီးမားစူထွက် (Ox Eye) နေတာမြင်ရပါတယ်။ မျက်စိ တွင်း ဖိအားများတာ ကြာမြင့် လေလေ မျက်နက်ဝန်းက ပိုစူထွက် လေလေ တောက်ပမှုလည်း လျော့ လေလေဖြစ်လာကာ ထိခိုက်ပျက်စီး မှုတွေ ဖြစ်ပေါ်လာပါတော့တယ်။
အဲဒီလို မျက်နက်ဝန်းနဲ့ မျက်သား ဖြူ ရောင်ရမ်းလာတဲ့အတွက် မျက် ရည်တွေ ကျဆင်းတာ၊ အလင်းရောင် မကြည့်နိုင်တာတွေ ဖြစ်လာတာပါ။ နှာစေးချောင်းဆိုး အကြာကြီး ဖြစ်နေတဲ့ ကလေးတွေမှာ တစ်ကိုယ် ရေသန့်ရှင်းမှုကလည်း မကောင်းရင် နှာခေါင်းနဲ့ မျက်စိအကြား ဆက် သွယ်ထားတဲ့ လမ်းကြောင်း (Nasolacrimal Duct) ပိတ်ဆို့သွားရင် လည်း ကလေးတွေမှာ ရေတိမ်ဖြစ် လာနိုင်ခြေရှိတာမို့ မပေါ့ဆသင့်ပါဘူး။
ရေတိမ်က တစ်ဖက်တည်း မဟုတ် ဘဲ နှစ်ဖက်လုံးဖြစ်နေတဲ့ ကလေးတွေ မှာလည်း တစ်ဖက်နဲ့တစ်ဖက် နှိုင်းယှဉ် ကြည့်လို့ မလွယ်အောင် ၂ဖက်လုံး မျက်နက်အိမ်ကြီးမားနေတာ ဆိုတော့ မိဘတွေအနေနဲ့ သတိထားမိတာ နောက်ကျတတ်ပါတယ်။ တချို့မိဘ တွေကျပြန်တော့ မျက်နက် တစ်ဖက် တည်းကြီးနေတဲ့ ကလေးကို ရောဂါ အဖြစ် မသိတဲ့အတွက်၊ မယူဆမိ တဲ့အတွက် အစောကြီးကတည်းက ပြသကုသရမယ့်အစား အမြင်အာရုံ အတော်လေးထိခိုက်ပြီးမှ၊ အတော် လေးနောက်ကျမှ လာပြကြတာလည်း ရှိတတ်ပါတယ်။ ဒါကြောင့်မို့ အင်မ တန် နုနယ်တဲ့ကလေးရဲ့ မျက်လုံး လေးတွေမှာအမြင်အာရုံ တစ်သက်လုံး မဆုံးရှုံးရအောင် ထူးခြားမှု တစ်ခုခု တွေ့တာနဲ့ တစ်ပြိုင်နက် ဆေးရုံ ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသသင့်ပါတယ်။
တချို့ မိဘတွေက ကလေး မျက်စိနာရင် ကြားဖူးနားဝနဲ့ ကွမ်း ရွက်မျက်စဉ်းနဲ့ ဆေးလိပ်ဖင်စီခံ အရည်တွေ မျက်စိထဲ ထည့်ခြင်း၊ ဘာဆေးမှန်းမသိဘဲ ဆေးဆိုင်က အလွယ်ရတဲ့ မျက်စဉ်းဝယ်ခတ်ခြင်း၊ နို့ရည်ခတ်ခြင်း စတာတွေ ပြုလုပ် ကြပါတယ်။ မျက်စိဆိုတာ အင်မတန် ထိခိုက်လွယ်တာမို့ မသန့်တဲ့ပစ္စည်း တွေပါသွားရင် သို့မဟုတ် အနာနဲ့ ဆေး တည့်အောင်ပေးတာ မဟုတ်ဘဲ မဆီလျော်တာတွေ ဆေးအဖြစ် မျက်စိထဲ ခတ်မိရင် မူလရောဂါ မပျောက်တဲ့အပြင် နောက်ဆက်တွဲ ပြဿနာတွေပါ ခံစားရစေတာမို့ ရမ်းမသုံးသင့်ပါဘူး။ ကလေးရေတိမ်ရောဂါ အကြောင်း ဆက်ပြောရရင် မျက်စိအတွင်းကြည့် မှန်ဘီလူးနဲ့ ကြည့်လိုက်ရင် မျက်စိ အာရုံကြောဟာ ရေတိမ်ဖိအားကြောင့် ခွက်ဝင်နေတာ မြင်နိုင်ပါတယ်။ တစ်ခုကောင်းတာက ငယ်တုန်းဆို တော့ မြင့်တက်နေတဲ့ ဖိအားကို မြန်မြန်လျော့ကျအောင် ကုသပေးနိုင် ရင် ထိခိုက်ပျက်စီးမှု သက်သာစေ နိုင်ပါတယ်။
ကလေးအရွယ် ရေတိမ်ဖြစ်စေတဲ့ အကြောင်းများ
မျက်စိရဲ့ ရှေ့ပိုင်း အင်္ဂါအစိတ် အပိုင်းများ မွေးရာပါ ချွတ်ယွင်းချက် ပါရှိခြင်း၊ မျက်စိ ၂ ဖက်လုံးရှိ မျက်နက်ဝန်း (Iris) ၊ မှန်ဘီလူး (Lens) ၊ ကော်နီယာ (Cornea) စတာတွေမှာ မွေးရာပါ ချွတ်ယွင်းမှု ရှိခြင်း၊ မွေးရာပါ တိမ်စွဲရောဂါ (Cataract)ပါခြင်း၊ မှန်ဘီလူးအနေ အထား မှားယွင်းခြင်း (Ectopia Lens) စတာတွေကြောင့်လည်း ငယ် ငယ်ရွယ်ရွယ်လေးနဲ့ ရေတိမ်ရောဂါ စွဲကပ်လာရပါတယ်။ ဒါအပြင် လမစေ့ ဘဲ မွေးတဲ့ကလေးတွေမှာ မျက်စိ အာရုံကြောမဖွံ့ဖြိုးတဲ့ Retinopathy ရောဂါကြောင့်လည်း ရေတိမ်ဖြစ်လွယ် လာပါတယ်။
မျက်စိထိခိုက်မိခြင်း၊ မျက်လုံး အတွင်း သွေးယိုစီးခြင်း၊ မျက်စိ ရောင်ရမ်းခြင်း၊ မျက်စိအတွင်း ကျူမာအကျိတ်ရောဂါဖြစ်ခြင်း စတာ တွေရဲ့ နောက်ဆက်တွဲအဖြစ် ကလေး တွေမှာ ရေတိမ်ရောဂါ ခံစားလာနိုင် သေးတယ်။ တခြားရောဂါတွေကြောင့် ရေတိမ်ဖြစ်လာနိုင်တာတွေကတော့ စတာ့ဝီဘားရောဂါစု (Sturge Weber Syndrome) ၊ မာဖင်ရောဂါစု (Marfan Syndrome) ၊ မွေးရာပါရူဗဲ လားရောဂါ (Congenital Rubella) နဲ့ နျူရိုဖိုင်ဘရိုမက်တိုးဆစ် (Neurofibromatosis) ရောဂါတွေကြောင့် လည်း ရေတိမ်ဖြစ်ပေါ်လာနိုင်ပါတယ်။ မွေးရာပါတိမ်စွဲရောဂါရှိတဲ့ ကလေး တွေရဲ့ ၂၅ ရာခိုင်နှုန်းမှာ ငယ်ရွယ်စဉ် တိမ်ခွဲထုတ်အပြီးမှာ ရေတိမ်ရောဂါ ဖြစ်လာနိုင်တာတွေ့ရတယ်။ အဲဒါ ကြောင့်မို့ တိမ်ရောဂါကို ငယ်ရွယ်စဉ် ကတည်းက ခွဲစိတ်ကုသဖူးရင် ရေတိမ် ဖြစ်လာနိုင်ခြေ ရှိ၊ မရှိ အစောကြီးက တည်းက စောင့်ကြည့်ပြီး Follow up မှန်မှန်ပြသင့်ပါတယ်။
ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်း
ကလေးရေတိမ်ရောဂါမှာ ဖော်ပြ ပါလက္ခဏာတွေ တွေ့ရရင် ချက်ချင်း သွားရောက်ပြသပြီး မျက်စိတွင်း ဖိအားတိုင်းတာသင့်ပါတယ်။ အချိန် ဆွဲလေ အမြင်အာရုံထိခိုက်လေ မျက်စိအမြင်အာရုံ ဆုံးရှုံးလေဖြစ်ပါ တယ်။ လူကြီးရေတိမ်ရာဂါက ရေတိမ် ဖိအားလျော့ချတဲ့ဆေးတွေ၊ မျက်စဉ်း တွေပေးကာ အရင်ဆုံးကုသပြီး စောင့် ကြည့်နိုင်ပေမယ့် ကလေးရေတိမ် ရောဂါမှာတော့ ချက်ချင်းပြ ချက်ချင်း ခွဲစိတ်ကုသတာက မျက်စိမကွယ် အောင် အမြန်ဆုံး လုပ်ဆောင်ရမယ့် နည်းလမ်းဖြစ်ပါတယ်။
တချို့ကလေး တွေနဲ့ သိပ်ဆိုးတဲ့ ရေတိမ်ရောဂါ ရှင်ကလေးတွေကိုတော့မျက်လုံးတွင်း ဖိအားလျော့ကျဖို့ ခွဲစိတ်မှု အကြိမ် ကြိမ်ပြုလုပ်ရတတ်ပါတယ်။ ခွဲစိတ် အပြီးမှာလည်း ဖိအားလျော့ချတဲ့ ဆေးဝါးတွေကို ညွှန်ကြားချက်နဲ့အညီ မှီဝဲဖို့ အချိန်မှန် ပြန်လည် ပြသဖို့ လိုအပ်ပါတယ်။ မွေးရာပါ ချွတ်ယွင်း ချက်တွေပါခဲ့တဲ့ ကလေးတွေဆိုရင် လည်း ပုံမှန်နီးပါးဖြစ်အောင် ခွဲစိတ် ကုသဖို့ အရေးကြီးပါတယ်။ ရေတိမ်ရောဂါ ကြာသွားရင် ခွဲစိတ်ကုသအပြီးတောင်မှ အမြင် အာရုံကြည်လင်ပြတ်သားမှု နည်းခြင်း ကတော့ အနည်းနဲ့အများ ဖြစ်လာ နိုင်ပါသေးတယ်။
ဘာကြောင့်လဲဆို တော့ မြင့်မားနေတဲ့ ရေတိမ် ဖိအား ကြောင့် မျက်စိအာရုံကြောထိခိုက် ပျက်စီးခြင်း (Optic Nerve Damage) နဲ့ မျက်ကြည်လွှာမှာ အမာရွတ် ထင်ခြင်း (Corneal Scarring) တို့ ကြောင့် အမြင်အာရုံ နည်းပါးသွား ရတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ကလေးတွေမှာ မျက်စိတစ်ဖက်တည်း ဖြစ်ဖြစ်၊ နှစ် ဖက်လုံးဖြစ်ဖြစ် မျက်ရည်တွေကျဆင်း နေရင်သော်လည်းကောင်း၊ နီရဲကာ အလင်းရောင်မကြည့်နိုင်ရင်သော်လည်း ကောင်း၊ မျက်စိ ခဏခဏ မှိတ်ပြီး ညှစ်ထုတ်နေသလို ဖြစ်နေရင်သော် လည်းကောင်း ကြုံရာကျဘန်းအလွယ် လမ်းလိုက်မနေဘဲ မျက်စိနဲ့နား၊ နှာခေါင်းဆေးရုံသို့ဖြစ်စေ၊ နီးစပ်ရာ ဆေးရုံဆေးခန်း သို့ဖြစ်စေ အချိန် မဆိုင်းဘဲ အမြန်ဆုံး ပြသကုသ သင့်ပါကြောင်း နှိုးဆော်လိုက်ပါတယ်။ ကလေးငယ်များ ရေတိမ်ရောဂါမှ ကင်းဝေးကာအမြင် အာရုံကြည်လင် နိုင်ကြပါစေ။
                                                                  ဒေါက်တာမြမြချယ်(ကလေးအထူးကုဆရာဝန်ကြီး)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )