22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, July 23, 2012

Ve Ve အချိုရည်စက်ရုံ ၀န်ထမ်းများ ခံစားခွင့် တောင်းဆို ဆန္ဒပြ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းမှာရှိတဲ့ နာမည်ကျော် Ve Ve အချိုရည်စက်ရုံက ၀န်ထမ်း ၂၀၀ ကျော်ဟာ သူတို့ရဲ့ လစာနဲ့ ခံစားခွင့်တွေ အပြည့်အ၀ ရရှိရေးအတွက် ဒီနေ့မနက် (၇) နာရီခွဲ လောက်က စတင် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
Photo Courtesy of Mg Ba Oo via Facebook
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းရှိ Ve Ve အချိုရည်စက်ရုံက ၀န်ထမ်းများ လစာနှင့် ခံစားခွင့်များ ရရှိရေး အတွက် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က ဆန္ဒပြနေကြစဉ်။

လစာနည်းပါးလွန်းတဲ့ အပြင် တခြား အခွင့်အရေးတွေပါ မရရှိတာကြောင့် အခုလို ဆန္ဒပြရတာလို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် ကိုဇေယျာဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ရဲ့ လခက တသောင်းခွဲ တသောင်း ၈ ထောင် ဖြစ်နေတဲ့အတွက်ကြောင့်မို့ ကျနော်တို့မှာ မဖူလုံပါဘူး။ မလောက်ငတဲ့ အတွက် ကျနော်တို့ လစာကို ၅ သောင်း ၆ ထောင် ၇ ရာ တောင်းဆိုထားပါတယ်။ လုပ်ငန်းကလည်း ပင်ပင်ပန်းပန်း လုပ်ရတဲ့ အချိန်က ၁၂ နာရီ ရှိပါတယ်။ ဒါကို ၈ နာရီကို တောင်းဆိုထားပါတယ်။ ထိုက်ထိုက်တန်တန် လုပ်အားခ ကျနော်တို့ လိုချင်ပါတယ်။"

နံနက် ၉ နာရီလောက်မှာတော့ ပြည်ကြီးတံခွန်မြို့နယ် အလုပ်သမား ဦးစီးဌာနက တာဝန်ရှိသူတွေ ရောက်ရှိ လာပြီး အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံ အကြီးအကဲဖြစ်သူ ဒေါ်ကြင်ကြင်ဝေက တောင်းဆို တင်ပြချက်တွေကို ပြေလည်အောင် ဖြေရှင်း ပေးမယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက် (၁၄) ချက်ထဲက အချက် တစ်ချို့ကို စက်ရုံ တာဝန်ရှိသူတွေက လိုက်လျောဖို့ သဘောတူညီခဲ့ပေမယ့် အဓိက တောင်းဆိုချက်တွေ ဖြစ်တဲ့ လစာ၊ ရက်မှန်ကြေး၊ရှားပါးစရိတ်၊ လူမှုဖူလုံကြေး စတဲ့ အချက်တွေနဲ့ ပတ်သက်လို့တော့ သဘောတူညီမှု မရရှိသေးဘူးလို့ သိရပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )