22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, July 21, 2012

ဒဲလ်ဂလစ်ရှ် ထုတ်ပယ် ခံရခြင်းတွင် ဆွာရက်ဇ် ကိစ္စက ဆက်နွယ်နေကြောင်း ဖာဂူဆန် မှတ်ချက်ပြု

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြီးခဲ့သည့် ဘောလုံး ရာသီတွင် ဖြစ်ပွားခဲ့သည့် လူးဝစ်ဆွာရက်ဇ် လူမျိုးရေး ခွဲခြားမှု ပြဿနာကြောင့် ကင်နီ ဒဲလ်ဂလစ်ရှ် လီဗာပူးလ် မန်နေဂျာ အဖြစ်မှ ထုတ်ပယ် ခံရခြင်းဟု ဝေဖန် ပြောကြားလိုက်သည်။

လီဗာပူးလ် အသင်း၏ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဆွာရက်ဇ်သည် မန်ယူခံစစ်မှူး ပက်ထရစ် အီဗရာကို လူမျိုးရေး ခွဲခြား စော်ကားမှုဖြင့် (၈)ပွဲပယ် ပြစ်ဒဏ်ကို ချမှတ် ခံခဲ့ရသည်။ ထိုစဉ်က လီဗာပူးလ် မန်နေဂျာ ဒဲလ်ဂလစ်ရှ်သည် ၎င်း၏ ကစားသမားဘက်မှ အပြည့်အဝ ထောက်ခံ ရပ်တည်ပေးခဲ့သည်။ သို့သော်လည်း ရာသီကုန်တွင် လီဗာပူးလ် အသင်းပိုင်ရှင် ဂျွန်ဟင်နရီက စကော့သား ဒဲလ်ဂလစ်ရှ်အား ရာထူးမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့သည်။ မကြာသေးမီက ဆွာရက်ဇ်က ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်လည် အစဖော်ကာ မန်ယူကို တိုက်ခိုက် ပြောဆို ခဲ့သည့်နောက် ဒဲလ်ဂလစ်ရှ် နုတ်ထွက် ရခြင်းသည် ဆွာရက်ဇ်၏ စနက်မကင်းဟု ဖာဂူဆန်က တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
မန်နေဂျာဟောင်း ဒဲလ်ဂလစ်ရှ်နှင့် ဆွာရက်ဇ်

ဖာဂူဆန်က "လီဗာပူးလ်ကနေ ဒဲလ်ဂလစ်ရှ် ထွက်သွားရတာ ကျွန်တော်တော့ မအံ့ဩဘူး။ ဟင်နရီက ဆွာရက်ဇ် ဖြစ်ပျက် ခဲ့တာတွေကို ပြန်ကြည့်မှာပဲ။ ပြီးတော့ ဆွာရက်ဇ် လုပ်ခဲ့တာတွေကို ဒဲလ်ဂလစ်ရှ်ရဲ့ စီမံကိုင်တွယ်ပုံ မမှန်ကန်ဘူးလို့ သူသိနေမှာပဲလေ" ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ "အဲဒီတုန်းက ဖြစ်ခဲ့တာတွေဟာ ကောင်းမွန်တဲ့ လုပ်ရပ် မဟုတ်တာ သိမြင်ဖို့ လိုပါတယ်။ ဒဲလ်ဂလစ်ရှ် အထုတ်ပယ် ခံရတဲ့ ကိစ္စမှာ ဆွာရက်ဇ် ပြဿနာက အစိတ်အပိုင်း တစ်ခု ဖြစ်လိမ့်မယ်" ဟုလည်း မှတ်ချက်ပြု ပြောကြားသွားသည်။

လီဗာပူးလ်ကနေ ဒဲလ်ဂလစ်ရှ် ထွက်သွားရတာ ကျွန်တော်တော့ မအံ့ဩဘူး။ ဟင်နရီက ဆွာရက်ဇ် ဖြစ်ပျက် ခဲ့တာတွေကို ပြန်ကြည့်မှာပဲ။ ပြီးတော့ ဆွာရက်ဇ် လုပ်ခဲ့တာတွေကို ဒဲလ်ဂလစ်ရှ်ရဲ့ စီမံကိုင်တွယ်ပုံ မမှန်ကန်ဘူးလို့ သူသိနေမှာပဲလေ...
ဖာဂူဆန်က ဆွာရက်ဇ်သည် ပြဿနာများ အပြီး အီဗရာနှင့် ပထမဆုံး ပြန်လည် ရင်ဆိုင်တွေ့ဆုံရချိန်၌ လက်ဆွဲ နှုတ်ဆက်မှုကို ရှောင်လွှဲခဲ့ပြီး ထိုလုပ်ရပ်သည် အီဗရာက ဥာဏ်ဆင်ခြင်းဟု စွပ်စွဲခဲ့ခြင်းအပေါ်လည်း တုံ့ပြန်သွားသည်။ "ဆွာရက်ဇ်က ပြောတယ်။ သူက လက်ဆွဲ နှုတ်ဆက်ပေမယ့် အီဗရာက လက်ကို နှိမ့်လိုက်တယ် ဆိုပြီးတော့ပါ။ အီဗရာက သူ့လက်ကို ဆွာရက်ဇ်ဆီ ကမ်းလိုက်တယ် ဆိုတာ ဘာသံသယ ဖြစ်စရာမှ မရှိပါဘူး။ အီဗရာက စပြီးတောင် လက်ကမ်းခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဒီလို စလုပ်သင့်တာက ဆွာရက်ဇ်ပဲ ဖြစ်သင့်တယ် မဟုတ်လား" ဟု ဖာဂူဆန်က ပြောဆိုသွားခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )