ဟွဏ်းဘီးလ် ။ ။ ကနေဒါနိုင်ငံ အနောက်ပိုင်း
ဗြိတိသျှ ကိုလံဘီယာပြည်နယ်ရှိ ကျေးရွာတစ်ရွာမှာ မြေပြိုမှုနှစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မြေပြိုမှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၃ဦး အပါအ၀င် လူ ၄ဦး ပျောက်ဆုံးလျက် ရှိနေပါတယ်။
ကယ်ဆယ်ရေး လုပ်သားတွေဟာ ၁၀ပေ၊ ၁၅ပေခန့် ဖုံးလွှမ်းနေတဲ့ မြေကြီးတွေကို တူးဖော်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပြီးခဲ့တဲ့ စနေနေ့က လုပ်ဆောင်ခဲ့ကြပါတယ်။ မြေပြိုမှုဖြစ်ပွားခဲ့တဲ့ Johnsons ဒေသဟာ Kodenay ရေကန်နဲ့ Purcell တောင်တန်းများ အကြားမှာ တည်ရှိပြီး အိမ်ခြေ ၂၀ခန့်ရှိ ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပထမအကြိမ် မြေပြိုမှုကြောင့် နေအိမ်တွေ ပျက်စီးသွားခဲ့ရပြီး ဒုတိယအကြိမ် မြေပြိုမှုကတော့ သောကြာနေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မိုးဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက စတင်ရွာ သွန်း နေခဲ့တာဖြစ်ပြီး၊ မိုးသည်းထန်ကာ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို စနေနေ့ မနက်ပိုင်းကျမှသာ စတင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com