22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 22, 2012

ထိုင်းနိုင်ငံတွင် ကျောင်းနေကလေးများအတွက် သင်ပုန်းကွန်ပျူတာ အခမဲ့ဖြန့်ဝေမှု ပြည်နယ်ရှစ်ခုတွင် စတင်



ထိုင်းနိုင်ငံတွင် ကျောင်းနေ ကလေးများအတွက် သင်ပုန်းကွန်ပျူတာအခမဲ့ ဖြန့်ဝေမှုအစီအစဉ် One Tablet Per Child(OTPC) အရ ပြည်နယ်ရှစ်ခုမှ Grade-1 ကလေးများအတွက် ဖြန့်ဝေပေးမှုကို ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံတွင်းရှိ ပြည်နယ်အများအနက် ထိုင်းအက္ခရာစဉ်အရ ရှေ့ပိုင်းတွင်ရှိသည့် ဘန်ကောက်၊ ကရာဘီ၊ ကန်ချနာဘူရီ၊ ကာလာဆင်၊ ကမ်ဖန်ဖက်၊ ခွန်ကန်၊ ချန်တာဘူရီ နှင့် ချာချောင်ဆောင်တို့ကို ဦးစွာဖြန့်ဝေပေး ခဲ့ခြင်းဖြစ်သည်။ တရုတ်ကုမ္ပဏီ Shenzhen Scope Scientific Development က ယင်းသင်ပုန်း ကွန်ပျူတာများကို ထုတ်လုပ်ပေးခြင်းဖြစ်သည်။
အာဏာရ ဖြူထိုင်းပါတီ၏ ရွေးကောက်ပွဲ ကတိက၀တ်အတိုင်း ဖြန့်ဖြူးပေးမှု အစီအစဉ်မှာ ယခုပညာသင်နှစ် စတင်ကတည်းက အကောင်အထည်ဖော်ရမည်ဖြစ်သော်လည်း အတန်ငယ် နှောင့်နှေးနေခဲ့ခြင်းဖြစ်သည်။

ပထမဆုံးအသုတ် ဖြန့်ဖြူးမှုတွင် သင်ပုန်းကွန်ပျူတာလုံးရေ ၅၅၇၁၂ လုံးသာ ဖြန့်ဖြူးနိုင်သေးသည်။ ယခုနှစ်အတွင်း Grade-1  ကလေးငယ်များအတွက် အလုံးရေ ရှစ်သိန်းအထိ ဖြန့်ဖြူးသွားမည်ဖြစ်သည်။ 
ငါးနှစ်အတွင်း ကျောင်းသား၊ ကျောင်းသူအားလုံးကို ပေးအပ်နိုင်ရန် မျှော်မှန်းထားသည်။
သင်ပုန်းကွန်ပျူတာများ လက်ခံရန်အတွက် ကျောင်းသားများနှင့် ၎င်းတို့၏မိဘများသည် စာချုပ်လက်မှတ်ထိုးရန် လိုအပ်သည်။ တစ်နှစ်ချင်းငှားသည့်သဘော ပေးအပ်ခြင်းဖြစ်သော်လည်း သုံးနှစ်ဆက်တိုက်သုံးအပြီးတွင်မူ အပြီးပိုင်သွားမည်ဖြစ်သည်။
''သူတို့မိဘတွေနဲ့ ဆရာတွေ သဘောတူရင် ကလေးတွေက ဒီသင်ပုန်းကွန်ပျူတာတွေကို အိမ်ပါ ယူသွားနိုင်ပါတယ်။ သုံးနှစ်အပြည့်မှာ ဒီကလေးတွေ အပိုင်ဖြစ်သွားပါပြီ''ဟု ပညာရေးဝန်ကြီး ဆူရာချက်သာဒါသမ်ရောင်ဗက်ခ်ျက ပြောကြားခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )