22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, July 22, 2012

အရှေ့တောင်အာရှ နိုင်ငံအချို့နှင့် တရုတ်တွင် ကလေးများ၌အဖြစ်များသော လ ကမ္ဘောဒီးယားတွင် ဖြစ်ပွားသော HFMD မျိုးကွဲမှာ သေစေလောက်သည်အထိ ပြင်းထန်ပြီး သေဆုံးသူ ကလေးငယ် ၅၀ ကျော်ထိရှိလာ

ဇူလိုင်လ ၂၀ ရက်နေ့က လက်၊ ခြေ၊ ပါးစပ် ကူးစက်ရောဂါကာကွယ်ရေး လှုံ့ဆော်မှုအတွင်း ထိုင်းကျောင်းသားများ လက်ဆေးကြောခြင်း ပြုလုပ်နေကြစဉ်(၀ဲပုံ)၊ ဇူလိုင်လ ၁၈ ရက်နေ့က ဖနွမ်းပင်ရှိ ကျောင်းတစ်ကျောင်းမှ ကလေးငယ်ကို လာရောက်ခေါ်ယူနေသည့် မိဘတစ်ဦး(ယာပုံ)



တရုတ်နိုင်ငံတွင် ကလေးများ၌ အဖြစ်များသော လက်ခြေပါးစပ် ကူးစက်ရောဂါ (Hand,Foot and Mouth Disease-HFMD) ဖြစ်ပွားနေပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် မူကြိုနှင့် မူလတန်းကျောင်းအချို့ကို ပိတ်ထားခဲ့ရသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ဖြစ်ပွားနေသော HFMD မျိုးကွဲမှာ သေစေနိုင်လောက်သည်အထိ ပြင်းထန်ပြီး အနည်းဆုံး ကလေး ၅၄ ဦးမျှ ယင်းရောဂါဖြင့် သေဆုံးခဲ့ပြီဖြစ်ကာ အများစုမှာ သုံးနှစ်အောက်များဖြစ်သည်ဟု သိရသည်။ ကမ္ဘောဒီးယား တွင်တွေ့ရှိသည့် HFMD မျိုးကွဲ Enterovirus 71(EV-71) ကူးစက်ခံခဲ့ရသော ကလေးငယ် ၆၁ ဦးတွင် ၅၄ ဦးသေဆုံးခဲ့ပြီး နောက်နိုင်ငံတွင်းရှိ မူလတန်းနှင့် မူကြိုကျောင်းအားလုံးကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားတွင် စတင်ဖြစ်စဉ်က ရောဂါ ဆန်းတစ်မျိုးဟု မှတ်ယူခဲ့ကြသော်လည်း နောက်ပိုင်းတွင် HFMD ၏ သေစေနိုင်လောက်သော မျိုးကွဲကူးစက်ခံထားရခြင်းဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင်မူ မူလတန်းနှင့် အလယ်တန်းကျောင်းအချို့ကို ပိတ်ထားခဲ့ပြီး အများစုမှာ ဘန်ကောက်မှဖြစ်သည်ဟု သိရသည်။ ထိုင်းတွင်ဖြစ်ပွားသည့် လက်ခြေ ပါးစပ်ကူးစက်ရောဂါမှာမူ သေစေနိုင်လောက်သည်အထိ ပြင်းထန်ခြင်း မရှိဟုသိရသည်။ သို့ရာတွင် ဖြစ်ပွားသူမှာ တွေ့ရှိသမျှ ၁၄၀၀၀ မျှရှိပြီး ကူးစက်နှုန်း မြန်ဆန်သောကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် ကျောင်းအချို့ကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ယခုအခါတွင်မူ ဘန်ကောက်ရှိ ပိတ်ထားသောကျောင်း ၂၂ ကျောင်းအနက် သုံးကျောင်းမှလွဲပြီး ကျန်ကျောင်းများကို ပြန်ဖွင့်ပြီဟု သိရသည်။
တရုတ်နိုင်ငံတွင်လည်း HFMD ကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်း သေဆုံးသူ ၁၁၂ ဦးအထိ ရှိခဲ့ပြီး ယခုအခါ ကူးစက်ခံရသူ ၃၈၁၀၀၀ ကျော်ရှိကြောင်း တရုတ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဗီယက်နမ်တွင်လည်း ပြီးခဲ့သည့်လက လက်ခြေပါးစပ် ကူးစက်ရောဂါ ဖြစ်ပွားမှုအချို့နှင့် သေဆုံးမှုအချို့ရှိခဲ့သည်ဟု သိရသည်။
ဖိလစ်ပိုင်တွင်လည်း သေစေနိုင်လောက်အောင် ပြင်းထန်သည့် HFMD မျိုးကွဲတစ်မျိုး ၁၉ လအရွယ် ကလေးငယ်တစ်ဦးတွင် ဖြစ်ပွားသည်ကို တွေ့ခဲ့ရသော်လည်း ကျန်းမာလာစေရန် ကုသနိုင်ခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဌာနက ထုတ်ပြန်သည်။ သို့ရာတွင် ယင်းကလေးသည် ကမ္ဘောဒီးယားမှ ကူးစက်ခံရသူများနှင့် အဆက်အစပ်မရှိပေ။ HFMD သေစေနိုင်လောက်အောင် ပြင်းထန်သည့် မျိုးကွဲ EV-71 ကူးစက်ခံရခြင်းဖြစ်သော်လည်း ကမ္ဘောဒီးယားတွင်ဖြစ်သည့် မျိုးကွဲ နှင့် ပုံစံမတူကြောင်း၊ မျိုးကွဲများစွာ ရှိကြောင်း ကျန်းမာရေးဝန်ကြီး အင်းနရစ်အိုနာက ပြောကြားခဲ့သည်။
အဓိကအာရုံစိုက်နေကြသည်မှာ ကမ္ဘောဒီးယားတွင် ဖြစ်ပွားနေသော အခြေအနေဖြစ်ပြီး ယင်းမျိုးကွဲအတွက် တိကျသော ကုသမည့်ဆေးဝါးမရှိသေးသောကြောင့် လက်ကို စင်အောင်ဆေးခြင်းကဲ့သို့သော တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုတစိုက် လုပ်ကိုင်ရန်သာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတိပေးထားသည်။ လက်၊ ခြေ၊ပါးစပ်၊ကူးစက်ရောဂါ HFMD မှာ အာရှတွင် ပုံမှန်ဖြစ်တတ်သော ရောဂါဖြစ်သော်လည်း ကမ္ဘောဒီးယားမှ မျိုးကွဲပျံ့နှံ့လာမည်ကိုမူ စိုးရိမ်မှုများရှိနေသည်။ ယင်း EV-71  မျိုးကွဲ ကူးစက်ခံထားရသူများတွင် စတီရွိုက်သုံး ကုသခြင်းမှာလည်း ရောဂါကိုပိုဆိုးစေကြောင်း တွေ့ရှိထားသည်။
Ref;AFP,Independent
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )